ပထမပိုင်းအပြီးမှာပဲ လမ်းပတ်ကို ချက်ချင်းထုတ်ဆိုပြီး ချဲလ်ဆီးပရိသတ်တွေ ပြင်းပြင်းထန်ထန်ဝေဖန်

ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ လီဗာပူးလ် နဲ့ မန်စီးတီးအသင်းတို့ နဲ့ ကွာဟမှု နည်းပါအောင် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုပြီး ကစားသမားအသစ်တွေ ခေါ်ယူခဲ့ပေမယ့် ပရိသတ်တွေကတော့ မနေ့ညက ဝက်စ်ဘရွန်းအသင်းနဲ့ ပထမပိုင်းအပြီးမှာပဲ လမ်းပတ်ကို ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။

စနေနေ့ည ဝက်စ်ဘရွန်းအသင်းနဲ့ ပထမပိုင်းမှာ နောက်တန်းအမှားတွေနဲ့အတူ ဝက်စ်ဘရွန်းတိုက်စစ်ကစားသမား ရော်ဘင်ဆင် က (၄) မိနစ် နဲ့ (၂၅) မိနစ်တွေမှာ (၂) ဂိုးသွင်းခဲ့ပြီး နောက်ထပ် (၂) မိနစ်အကြာမှာ ဘာ့တ်လေက နောက်ထပ် (၁) ဂိုးသွင်းခဲ့လို့ ချဲလ်ဆီးအသင်းဟာ (၃-ဝ) နဲ့ ဂိုးပြတ်ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ အသစ်ခေါ်ယူထားတဲ့ သီယာဂိုဆေးလ်ဗားဟာ ရော်ဘင်ဆင်ရဲ့ ဒုတိယမြောက်ဂိုးမှာ အမှားလုပ်ခဲ့သူဖြစ်ပြီး လမ်းပတ်ရဲ့ ကစားသမားအများစုရဲ့ဲ နှေးကွေးမှုကြောင့်လည်း ပါဝင်ပါတယ်။

မနေ့ညက ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ မတိုးတက်လာတဲ့ စပိန်ဂိုးသမား ကီပါ နေရာမှာ ကာဘယ်လာရိုကို တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ လမ်းပတ်ဟာ ဒီနွေရာသီမှာ ပေါင်သန်း ၂၂၀ ကျော်အသုံးပြုထားပြီး ကိုင်ဟာဗက်ဇ် နဲ့ တီမိုဗာနာ တို့အပြင် ကစားသမား သစ် (၇) ယောက်အထိ ခေါ်ယူထားပါတယ်။ ဘင်ချီဝဲလ်၊ ဇီယက်၊ မန်ဒီ နဲ့ မာလန်းဆားတို့ကတော့ အသင်းအတွက် မကစားရေသေးပါဘူး။

ပရိသတ်အများစုကတော့ သည်းခံစိတ်ကုန်သွားပြီ တွစ်တာမှာ “သူ့ကို အဝတ်လဲခန်းသွားတဲ့ ဥမင်ခေါင်းမှာပဲ ထုတ်လိုက်ပါ။ ၁၅ နှစ်အတွင်း ချဲလ်ဆီးအသင်းကိုကြည့်ရတာ ဒီလောက်ရှက်စရာကောင်းတယ်လို့ မခံစားခဲ့ဘူး” ဆိုပြီး ရေသားခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း “ကမ္ဘာပေါ်က ကစားသမားတွေအကုန်ခေါ်ယူရင်လည်း လမ်းပတ်ရဲ့ နည်းစနစ်နဲ့ ဘယ်လိုမှ အသုံးဝင်မှာ မဟုတ်ဘူး။ သူလည်း အခြားအင်္ဂလိပ်နည်းပြတွေလည်း ဘာနည်းစနစ်မှ မရှိဘူး” လို့ ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ မနှစ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နေရာမှာ ရပ်တည်ခဲ့ပြီး ဒီရာသီမှာတော့ အမှတ်ပေးဖလားကို စိန်ခေါ်ရန်အတွက် ပြင်ဆင်မှု အများအပြားလုပ်ခဲ့သော်လည်း သူ့ရဲ့ ခံစစ်ပိုင်းကိုတော့ ထပ်မံ ပြုပြင်ရန်လိုအပ်နေသေးတယ်လို့ ဝေဖန်နေကြပါတယ်။

ပထမပိုင္းအျပီးမွာပဲ လမ္းပတ္ကို ခ်က္ခ်င္းထုတ္ဆိုျပီး ခ်ဲလ္ဆီးပရိသတ္ေတြ ျပင္းျပင္းထန္ထန္ေ၀ဖန္

ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာ လီဗာပူးလ္ နဲ႔ မန္စီးတီးအသင္းတို႔ နဲ႔ ကြာဟမႈ နည္းပါေအာင္ ၾကီးမားတဲ့ ေျပာင္းေရႊ႕ေၾကးကို အသံုးျပဳျပီး ကစားသမားအသစ္ေတြ ေခၚယူခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ မေန႔ညက ၀က္စ္ဘရြန္းအသင္းနဲ႔ ပထမပိုင္းအျပီးမွာပဲ လမ္းပတ္ကို ျပင္းျပင္းထန္ထန္ေ၀ဖန္သြားခဲ့ပါတယ္။

စေနေန႔ည ၀က္စ္ဘရြန္းအသင္းနဲ႔ ပထမပိုင္းမွာ ေနာက္တန္းအမွားေတြနဲ႔အတူ ၀က္စ္ဘရြန္းတုိက္စစ္ကစားသမား ေရာ္ဘင္ဆင္ က (၄) မိနစ္ နဲ႔ (၂၅) မိနစ္ေတြမွာ (၂) ဂိုးသြင္းခဲ့ျပီး ေနာက္ထပ္ (၂) မိနစ္အၾကာမွာ ဘာ့တ္ေလက ေနာက္ထပ္ (၁) ဂိုးသြင္းခဲ့လို႔ ခ်ဲလ္ဆီးအသင္းဟာ (၃-၀) နဲ႔ ဂိုးျပတ္ရႈံးနိမ့္ေနခဲ့တာျဖစ္ပါတယ္။ အသစ္ေခၚယူထားတဲ့ သီယာဂိုေဆးလ္ဗားဟာ ေရာ္ဘင္ဆင္ရဲ႕ ဒုတိယေျမာက္ဂိုးမွာ အမွားလုပ္ခဲ့သူျဖစ္ျပီး လမး္ပတ္ရ႕ဲ ကစားသမားအမ်ားစုရဲ႕ဲ ေႏွးေကြးမႈေၾကာင့္လည္း ပါ၀င္ပါတယ္။

မေန႔ညက ပြဲမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ မတိုးတက္လာတဲ့ စပိန္ဂိုးသမား ကီပါ ေနရာမွာ ကာဘယ္လာရိုကို တာ၀န္ေပးခဲ့တာျဖစ္ပါတယ္။ လမ္းပတ္ဟာ ဒီေႏြရာသီမွာ ေပါင္သန္း ၂၂၀ ေက်ာ္အသံုးျပဳထားျပီး ကိုင္ဟာဗက္ဇ္ နဲ႔ တီမိုဗာနာ တို႔အျပင္ ကစားသမား သစ္ (၇) ေယာက္အထိ ေခၚယူထားပါတယ္။ ဘင္ခ်ီ၀ဲလ္၊ ဇီယက္၊ မန္ဒီ နဲ႔ မာလန္းဆားတို႔ကေတာ့ အသင္းအတြက္ မကစားေရေသးပါဘူး။

ပရိသတ္အမ်ားစုကေတာ့ သည္းခံစိတ္ကုန္သြားျပီ တြစ္တာမွာ “သူ႔ကို အ၀တ္လဲခန္းသြားတဲ့ ဥမင္ေခါင္းမွာပဲ ထုတ္လိုက္ပါ။ ၁၅ ႏွစ္အတြင္း ခ်ဲလ္ဆီးအသင္းကိုၾကည့္ရတာ ဒီေလာက္ရွက္စရာေကာင္းတယ္လို႔ မခံစားခဲ့ဘူး” ဆိုျပီး ေရသားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကလည္း “ကမာၻေပၚက ကစားသမားေတြအကုန္ေခၚယူရင္လည္း လမး္ပတ္ရဲ႕ နည္းစနစ္နဲ႔ ဘယ္လိုမွ အသံုး၀င္မွာ မဟုတ္ဘူး။ သူလည္း အျခားအဂၤလိပ္နည္းျပေတြလည္း ဘာနည္းစနစ္မွ မရွိဘူး” လို႔ ေ၀ဖန္သြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ မႏွစ္က ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ (၄) ေနရာမွာ ရပ္တည္ခဲ့ျပီး ဒီရာသီမွာေတာ့ အမွတ္ေပးဖလားကို စိန္ေခၚရန္အတြက္ ျပင္ဆင္မႈ အမ်ားအျပားလုပ္ခဲ့ေသာ္လည္း သူ႔ရဲ႕ ခံစစ္ပိုင္းကိုေတာ့ ထပ္မံ ျပဳျပင္ရန္လိုအပ္ေနေသးတယ္လို႔ ေ၀ဖန္ေနၾကပါတယ္။