အာဆင်နယ်ပွဲမှာ လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန် ပါဝင်မကစားနိုင်လို့ သီယာဂို ပွဲထွက်ကစားဖွယ်ရှိ

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ တနလာၤနေ့ လီဗာပူးလ် နဲ့ အာဆင်နယ် ပွဲကို ပါဝင်ကစားနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ကြိုးကြာနီအသင်းခေါင်းဆောင်ဟာ ချဲလ်ဆီးအသင်းကို စတန်းဖိုဒ့်ဘရစ်ချ်မှာ အနိုင်ရခဲ့တဲ့ ပထမပိုင်းမှာ ဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်းပြီးကတည်းက လူစားလဲခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမား ပါဝင်မကစားနိုင်တာက အသစ်ခေါ်ယူထားတဲ့ သီယာဂိုအတွက် ပွဲထွက်ကစားခွင့်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။

သီယာဂိုဟာ ချဲလ်ဆီးနဲ့ ပွဲတုန်းကလည်း ဟန်ဒါဆန်အစား ဝင်ရောက်ကစားပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဂျိုးဂိုးမက်ဇ်လည်း လေ့ကျင့်ရေးပြန်ဆင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက လီဗာပူးလ်ကွင်းလယ်လူ ဖေဘင်ဟိုဟာ ဗဟိုနောက်ခံလူအဖြစ် ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

“ဂျိုး ဒီနေ့ လေ့ကျင့်ရေးမှာ ပြန်ဆင်းနိုင်နေပါပြီ။ မာတစ် ကတော့ မဆင်းနိုင်သေးပါဘူး။ ဟန်ဒိုလည်း မဆင်းနိုင်သေးပါဘူး။ ဒီပွဲတော့ မပါနိုင်ဘူးဆိုတာ သေချာပါတယ်” လို့ လီဗာပူးလ်နည်းပြ ကလော့ပ် ပြောသွားခဲ့ပါတယ်။

အသစ်ခေါ်ယူထားတဲ့ သီယာဂိုဟာ စတန်းဖိုဒ့်ဘရစ်ချ်တုန်းကလည်း ဟန်ဒါဆန် နေရာ အစားဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းနိုင်လို့ ကလော့ပ်က အာဆင်နယ်အသင်းနဲ့ ပွဲမှာ သူ့ကို ပွဲထွက်ကစားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

“စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်တို့မှာ လေ့ကျင့်ရေးဆင်းဖို့ ရက်အနည်းငယ်တော့ ကျန်ပါသေးတယ်။ တစ်ချို့ ကစားသမားတွေကတော့ ပြန်ကောင်းလာပါပြီ။ ကျွန်တော့်မှာ အကြံတော့ရှိပါတယ်။ ဒါပေမယ့် တနလာၤနေ့မေရောက်ခင် မပြောပါဘူး။ သီယာဂိုကတော့ လူစာရင်းမှာ ပါမှာ သေချာပါတယ်။ ဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့” လို့ ကလော့ပ်က ထပ်မံ ပြောသွားခဲ့ပါတယ်။

အာဆင္နယ္ပြဲမွာ လီဗာပူးလ္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ပါ၀င္မကစားႏိုင္လို႔ သီယာဂို ပြဲထြက္ကစားဖြယ္ရွိ

လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ တနလာၤေန႔ လီဗာပူးလ္ နဲ႔ အာဆင္နယ္ ပြဲကို ပါ၀င္ကစားႏိုင္ဖြယ္မရွိဘူးလို႔ သိရပါတယ္။ ၾကိဳးၾကာနီအသင္းေခါင္းေဆာင္ဟာ ခ်ဲလ္ဆီးအသင္းကို စတန္းဖုိဒ့္ဘရစ္ခ်္မွာ အႏိုင္ရခဲ့တဲ့ ပထမပိုင္းမွာ ဒဏ္ရာ ရရွိခဲ့ျပီး ပထမပိုင္းျပီးကတည္းက လူစားလဲျခင္းခံခဲ့ရပါတယ္။ အဂၤလန္ကြင္းလယ္ကစားသမား ပါ၀င္မကစားႏိုင္တာက အသစ္ေခၚယူထားတဲ့ သီယာဂိုအတြက္ ပြဲထြက္ကစားခြင့္ရမယ့္ အခြင့္အေရးျဖစ္ပါတယ္။

သီယာဂိုဟာ ခ်ဲလ္ဆီးနဲ႔ ပြဲတုန္းကလည္း ဟန္ဒါဆန္အစား ၀င္ေရာက္ကစားျပီး ေျခစြမ္းျပခဲ့ပါတယ္။ ဒါ့အျပင္ လီဗာပူးလ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ ဂိ်ဳးဂိုးမက္ဇ္လည္း ေလ့က်င့္ေရးျပန္ဆင္းႏိုင္ျပီျဖစ္တယ္လို႔ သိရပါတယ္။ ျပီးခဲ့တဲ့အပတ္တုန္းက လီဗာပူးလ္ကြင္းလယ္လူ ေဖဘင္ဟိုဟာ ဗဟိုေနာက္ခံလူအျဖစ္ ၀င္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။

“ဂ်ိဳး ဒီေန႔ ေလ့က်င့္ေရးမွာ ျပန္ဆင္းႏိုင္ေနပါျပီ။ မာတစ္ ကေတာ့ မဆင္းႏိုင္ေသးပါဘူး။ ဟန္ဒိုလည္း မဆင္းႏိုင္ေသးပါဘူး။ ဒီပြဲေတာ့ မပါႏိုင္ဘူးဆိုတာ ေသခ်ာပါတယ္” လို႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္ ေျပာသြားခဲ့ပါတယ္။

အသစ္ေခၚယူထားတဲ့ သီယာဂိုဟာ စတန္းဖိုဒ့္ဘရစ္ခ်္တုန္းကလည္း ဟန္ဒါဆန္ ေနရာ အစား၀င္ေရာက္ကစားခဲ့ျပီး ေျခစြမ္းႏိုင္လို႔ ကေလာ့ပ္က အာဆင္နယ္အသင္းနဲ႔ ပြဲမွာ သူ႔ကို ပြဲထြက္ကစားမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

“ေစာင့္ၾကည့္ၾကတာေပါ့။ ကၽြန္ေတာ္တို႔မွာ ေလ့က်င့္ေရးဆင္းဖို႔ ရက္အနည္းငယ္ေတာ့ က်န္ပါေသးတယ္။ တစ္ခ်ိဳ႕ ကစားသမားေတြကေတာ့ ျပန္ေကာင္းလာပါျပီ။ ကၽြန္ေတာ့္မွာ အၾကံေတာ့ရွိပါတယ္။ ဒါေပမယ့္ တနလာၤေန႔မေေရာက္ခင္ မေျပာပါဘူး။ သီယာဂိုကေတာ့ လူစာရင္းမွာ ပါမွာ ေသခ်ာပါတယ္။ ဘာျဖစ္မလဲေစာင့္ၾကည့္ၾကတာေပါ့” လို႔ ကေလာ့ပ္က ထပ္မံ ေျပာသြားခဲ့ပါတယ္။