လီဗာပူးလ်ကွင်းလယ်လူသစ် သီယာဂိုက အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်သော်လည်း အာဆင်နယ်အသင်းကို ခေါ်ယူရန် မကြိုးစားခဲ့ဘူးလို့ ဆိုလိုက်တဲ့ နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးလ်အသင်းက ခေါ်ယူလိုက်တဲ့ သီယာဂိုဟာ အရမ်းကို ထူးခြားတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ သီယာဂိုကို ဘိုင်ယန်မြူးနစ်အသင်းဆီက ပေါင် ၂၅ သန်းနဲ့ ဒီလအစောပိုင်းတုန်းက ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က စတန်းဖိုဒ့်ဘရစ်ချ်မှာ ချဲလ်ဆီးအသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာပွဲထွက်ကစားခဲ့သူဖြစ်ပါတယ်။

တနလာၤနေ့ည လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းကစားမယ့် ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာဟာ သီယာဂို အကြောင်းပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းက သီယာဂိုကို ခေါ်ယူရန် ကြိုးစားခဲ့သလားလို့ မေးမြန်းခဲ့ရာ အာတီတာက “ကျွန်တော်တို့ ဈေးကွက်ထဲမှာ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြောပြလေ့မရှိပေမယ့် ကျွန်တော်သူ့ကို ဘာစီလိုနာမှာ ပိုကြိုက်ခဲ့ပါတယ်။

သူဟာ အရမ်းကို ကောင်းတဲ့ တစ်ကိုယ်ရည် အရည်အသွေးရှိပြီးအရမ်းကို ကြီးကျယ်တဲ့ အရည်အချင်းတွေ ရှိတဲ့ ထူးခြားတဲ့ ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လီဗာပူးလ်အသင်း သူ့ကို ခေါ်လိုက်တာ တော်တော်ကောင်းသွားပါတယ်” လို့ ပြန်လည်ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ္ကြင္းလယ္လူသစ္ သီယာဂိုက အရမ္းကို ေကာင္းတဲ့ ကစားသမား ျဖစ္ေသာ္လည္း အာဆင္နယ္အသင္းကို ေခၚယူရန္ မၾကိဳးစားခဲ့ဘူးလို႔ ဆိုလိုက္တဲ့ နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာက လီဗာပူးလ္အသင္းက ေခၚယူလိုက္တဲ့ သီယာဂိုဟာ အရမး္ကို ထူးျခားတဲ့ ကစားသမား ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ သီယာဂိုကို ဘိုင္ယန္ျမဴးနစ္အသင္းဆီက ေပါင္ ၂၅ သန္းနဲ႔ ဒီလအေစာပိုင္းတုန္းက ေခၚယူခဲ့တာျဖစ္ျပီး ျပီးခဲ့တဲ့အပတ္က စတန္းဖိုဒ့္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးအသင္းကို (၂-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာပြဲထြက္ကစားခဲ့သူျဖစ္ပါတယ္။

တနလာၤေန႔ည လီဗာပူးလ္နဲ႔ အာဆင္နယ္အသင္းကစားမယ့္ ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ အာတီတာဟာ သီယာဂို အေၾကာင္းေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းက သီယာဂိုကုိ ေခၚယူရန္ ၾကိဳးစားခဲ့သလားလို႔ ေမးျမန္းခဲ့ရာ အာတီတာက “ကၽြန္ေတာ္တို႔ ေစ်းကြက္ထဲမွာ လုပ္ခဲ့တာနဲ႔ ပတ္သက္ျပီးေတာ့ ေျပာျပေလ့မရွိေပမယ့္ ကၽြန္ေတာ္သူ႔ကို ဘာစီလိုနာမွာ ပိုၾကိဳက္ခဲ့ပါတယ္။

သူဟာ အရမ္းကို ေကာင္းတဲ့ တစ္ကိုယ္ရည္ အရည္အေသြးရွိျပီးအရမး္ကို ၾကီးက်ယ္တဲ့ အရည္အခ်င္းေတြ ရွိတဲ့ ထူးျခားတဲ့ ကြင္းလယ္ကစားသမားျဖစ္ပါတယ္။ ဟုတ္ပါတယ္။ လီဗာပူးလ္အသင္း သူ႔ကို ေခၚလိုက္တာ ေတာ္ေတာ္ေကာင္းသြားပါတယ္” လို႔ ျပန္လည္ေျဖၾကားသြားခဲ့တာ ျဖစ္ပါတယ္။