ယူနိုက်တက်နဲ့ နာမည်ကျော်ကစားသမားဖြစ်လာခဲ့ပေမယ့် လိဒ်ယူနိုက်တက်မှာ ကစားတာက အပျော်ရွှင်ရဆုံးလို့ ဝန်ခံခဲ့ တဲ့ ရီယိုဖာဒီနန်


ယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က သူအနေနဲ့ ပရီးမီးယားလိဂ်မှာ လိဒ်ယူနိုက်တက် အသင်းမှာ ကစားခဲ့ရတဲ့ အချိန်တွေက အပျော်ရွှင်ဆုံးအချိန်တွေဖြစ်တယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ဝက်စ်ဟမ်း လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ဖာဒီနန်ဟာ ဝက်စ်ဟမ်းကနေ လိဒ်ယူနိုက်တက်ကို ပြောင်းရွှေ့ပြီးမှ ယူနိုက် တက်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။


ယူနိုက်တက်မှာ ၁၂ ရာသီကြာအောင် ကစားခဲ့တဲ့ ရီယိုဖာဒီနန်က အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ သလို အသင်းနဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံဆု ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၄၁ နှစ်ရှိနေပြီဖြစ်တဲ့ ရီယိုဖာဒီနန်က မနက်ဖြန်မှာကစားမယ့် ရှက်ဖီးယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ် ကို BT Sport ကနေပြီး သုံးသပ်ရမှာလည်း ဖြစ်ပါတယ်။


ရီယိုဖာဒီနန်က “ ကျွန်တော်နဲ့ ယူနိုက်တက်ရဲ့အကြောင်းကို အများကြီးပြောနေကြတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ယူနိုက်တက် ပရိသတ်တွေအနေနဲ့ ကျွန်တော်အခုလိုပြောတာကို လက်ခံနိုင်ဖို့ ခက်ပါလိမ့်မယ်။ ယူနိုက်တက်မှာ နှစ်ပေါင်း များစွားကစားခဲ့တယ်ဆိုပေမယ့် လိဒ်ယူနိုက်တက်မှာ ကစားခဲ့တဲ့အချိန်တွေက ကျွန်တော်ရဲ့ကစားသမားဘဝမှာ ပျော်စရာ အကောင်းဆုံးအချိန်တွေပါပဲ” လို့ ပြောခဲ့ပါတယ်။


ရီယိုဖာဒီနန်ဟာ လိဒ်ယူနိုက်တက်မှာ နှစ်ရာသီသာ ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပြနိုင်မှုကြောင့် ယူနိုက်တက်အသင်းနည်းပြ ကြီး ဆာအဲလက်ဖာဂူဆန်က အသင်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဖာဒီနန်ဟာ ဗြိတိန်ဘောလုံးကစား သမားတွေထဲက ဈေးအကြီးဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။ ရီယိုဖာဒီနန်ရဲ့ လိဒ်ယူနိုက်တက်ကတော့ ၁၆ နှစ်ကြာမှ ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာတဲ့အသင်းလည်း ဖြစ်ပါတယ်။

zawgyi version

ယူႏိုက္တက္နဲ႔ နာမည္ေက်ာ္ကစားသမားျဖစ္လာခဲ့ေပမယ့္ လိဒ္ယူႏိုက္တက္မွာ ကစားတာက အေပ်ာ္ရႊင္ရဆံုးလို႔ ဝန္ခံခဲ့ တဲ့ ရီယိုဖာဒီနန္
ယူႏိုက္တက္အသင္းရဲ႕ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ရီယိုဖာဒီနန္က သူအေနနဲ႔ ပရီးမီးယားလိဂ္မွာ လိဒ္ယူႏိုက္တက္ အသင္းမွာ ကစားခဲ့ရတဲ့ အခ်ိန္ေတြက အေပ်ာ္ရႊင္ဆံုးအခ်ိန္ေတြျဖစ္တယ္လို႔ ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။ ဝက္စ္ဟမ္း လူငယ္အကယ္ဒမီကေန ေပၚထြက္လာတဲ့ ဖာဒီနန္ဟာ ဝက္စ္ဟမ္းကေန လိဒ္ယူႏုိက္တက္ကို ေျပာင္းေရႊ႕ၿပီးမွ ယူႏိုက္ တက္ရဲ႕ ေခၚယူျခင္းကို ခံခဲ့ရသူလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္မွာ ၁၂ ရာသီၾကာေအာင္ ကစားခဲ့တဲ့ ရီယိုဖာဒီနန္က အသင္းအတြက္ အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ခဲ့ သလို အသင္းနဲ႔လည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၆ ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၁ ၾကိမ္ရရွိခဲ့သူလည္းျဖစ္ပါတယ္။ လက္ရွိမွာ အသက္ ၄၁ ႏွစ္ရွိေနၿပီျဖစ္တဲ့ ရီယိုဖာဒီနန္က မနက္ျဖန္မွာကစားမယ့္ ရွက္ဖီးယူႏုိက္တက္နဲ႔ လိဒ္ယူႏုိက္တက္တို႔ရဲ႕ ပြဲစဥ္ ကို BT Sport ကေနၿပီး သံုးသပ္ရမွာလည္း ျဖစ္ပါတယ္။
ရီယိုဖာဒီနန္က “ ကြ်န္ေတာ္နဲ႔ ယူႏိုက္တက္ရဲ႕အေၾကာင္းကို အမ်ားၾကီးေျပာေနၾကတာ စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ ယူႏိုက္တက္ ပရိသတ္ေတြအေနနဲ႔ ကြ်န္ေတာ္အခုလိုေျပာတာကို လက္ခံႏိုင္ဖို႔ ခက္ပါလိမ့္မယ္။ ယူႏိုက္တက္မွာ ႏွစ္ေပါင္း မ်ားစြားကစားခဲ့တယ္ဆိုေပမယ့္ လိဒ္ယူႏုိက္တက္မွာ ကစားခဲ့တဲ့အခ်ိန္ေတြက ကြ်န္ေတာ္ရဲ႕ကစားသမားဘဝမွာ ေပ်ာ္စရာ အေကာင္းဆံုးအခ်ိန္ေတြပါပဲ” လို႔ ေျပာခဲ့ပါတယ္။
ရီယိုဖာဒီနန္ဟာ လိဒ္ယူႏိုက္တက္မွာ ႏွစ္ရာသီသာ ကစားခဲ့တာျဖစ္ၿပီး ေျခစြမ္းျပႏိုင္မႈေၾကာင့္ ယူႏိုက္တက္အသင္းနည္းျပ ၾကီး ဆာအဲလက္ဖာဂူဆန္က အသင္းကို ေခၚယူခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ဖာဒီနန္ဟာ ၿဗိတိန္ေဘာလံုးကစား သမားေတြထဲက ေစ်းအၾကီးဆံုးကစားသမားလည္းျဖစ္ခဲ့ပါတယ္။ ရီယိုဖာဒီနန္ရဲ႕ လိဒ္ယူႏုိက္တက္ကေတာ့ ၁၆ ႏွစ္ၾကာမွ ပရီးမီးယားလိဂ္ကုိ တေက်ာ့ျပန္ေရာက္ရွိလာတဲ့အသင္းလည္း ျဖစ္ပါတယ္။