အသင်းက စခရီနီယာ ထွက်ခွာသွားပါက ယူနိုက်တက် နောက်ခံလူ စမောလင်းကို ခေါ်ယူရန် ကြိုးစားမယ့် အင်တာမီလန်အသင်း

အင်တာမီလန်အသင်းဟာ အသင်းက နောက်ခံလူ စခရီနီယာသာ စပါးအသင်းကို ပြောင်းရွှေ့သွားပါက ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ စမောလင်းကို ခေါ်ယူရန် ကြိုးစားသွားမယ်လို့ သိရပါတယ်။ မော်ရင်ဟိုရဲ့ အသင်းဟာ စလိုဗက်ကီးယား လက်ရွေးစင်နောက်ခံလူကို အောက်တိုဘာလ ၅ ရက်နေ့မတိုင်မီ ခေါ်ယူရန် ကြိုးစားနေပေမယ့် အင်တာမီလန်အသင်းက တောင်းဆိုထားတဲ့ ပေါင် ၄၆ သန်းကို လျော့ချချင်နေတာ ဖြစ်ပါတယ်။

စခရီနီယာသာ လန်ဒန်ကို ပြောင်းရွှေ့သွားပါက အင်တာမီလန်အသင်းဟာ အစားထိုးရန် စမောလင်းကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။ စမောလင်းဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းထံ အငှားသွားရောက်ကစားခဲ့ပြီး အိုးထရက်ဖိုဒ့်မှာ သူ့အနာဂတ်မရှိတော့ဘူးလို့ ခံယူထားသူ ဖြစ်ပါတယ်။ ရိုးမားအသင်းဘက်ကလည်း အသင်းမှာ ခြေစွမ်းပြသွားတဲ့ နောက်ခံလူကို အပြီးသတ်ပြန်လည်ခေါ်ယူလိုပေမယ့် အခုအချိန်အထိ သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။

အသက်၃၀ အရွယ် စမောလင်းအတွက် ယူနိုက်တက်အသင်းက ပေါင် ၁၈ သန်း လိုချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းက လူကာကူ၊ အလက်ဆစ်ဆန်းချက်ဇ်၊ နဲ့ အက်ရှ်လေယန်းတို့ကို မနှစ်ကတုန်းက အင်တာမီလန်အသင်းဆီ ရောင်းချထားပါသေးတယ်။

စမောလင်းဟာ ယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ (၂) ကြိမ်သာ လေ့ကျင့်ရေးဆင်းခဲ့တယ်လို့လည်း သိရပါတယ်။ ရိုးမားအသင်းထံ ပြန်သွားချင်နေပြီး သဘောတူညီမှု မရသေးလို့ မပျော်မရွှင် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ အင်္ဂလန်နောက်ခံလူဟောင်းဟာ ၂၀၁၀ ခုနှစ်တုန်းက ဖူလ်ဟမ်အသင်းကနေ ယူနိုက်တက်ဆီ ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အသင္းက စခရီနီယာ ထြက္ခြာသြားပါက ယူႏိုက္တက္ ေနာက္ခံလူ စေမာလင္းကုိ ေခၚယူရန္ ၾကိဳးစားမယ့္ အင္တာမီလန္အသင္း

အင္တာမီလန္အသင္းဟာ အသင္းက ေနာက္ခံလူ စခရီနီယာသာ စပါးအသင္းကို ေျပာင္းေရႊ႕သြားပါက ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူ စေမာလင္းကို ေခၚယူရန္ ၾကိဳးစားသြားမယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုရဲ႕ အသင္းဟာ စလိုဗက္ကီးယား လက္ေရြးစင္ေနာက္ခံလူကို ေအာက္တိုဘာလ ၅ ရက္ေန႔မတိုင္မီ ေခၚယူရန္ ၾကိဳးစားေနေပမယ့္ အင္တာမီလန္အသင္းက ေတာင္းဆိုထားတဲ့ ေပါင္ ၄၆ သန္းကို ေလ်ာ့ခ်ခ်င္ေနတာ ျဖစ္ပါတယ္။

စခရီနီယာသာ လန္ဒန္ကို ေျပာင္းေရႊ႕သြားပါက အင္တာမီလန္အသင္းဟာ အစားထိုးရန္ စေမာလင္းကို သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ စေမာလင္းဟာ ျပီးခဲ့တဲ့ရာသီက ရိုးမားအသင္းထံ အငွားသြားေရာက္ကစားခဲ့ျပီး အုိးထရက္ဖိုဒ့္မွာ သူ႔အနာဂတ္မရွိေတာ့ဘူးလို႔ ခံယူထားသူ ျဖစ္ပါတယ္။ ရိုးမားအသင္းဘက္ကလည္း အသင္းမွာ ေျခစြမ္းျပသြားတဲ့ ေနာက္ခံလူကုိ အျပီးသတ္ျပန္လည္ေခၚယူလိုေပမယ့္ အခုအခ်ိန္အထိ သေဘာတူညီမႈ မရေသးဘူးလို႔ သိရပါတယ္။

အသက္၃၀ အရြယ္ စေမာလင္းအတြက္ ယူႏိုက္တက္အသင္းက ေပါင္ ၁၈ သန္း လိုခ်င္ေနတာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အသင္းက လူကာကူ၊ အလက္ဆစ္ဆန္းခ်က္ဇ္၊ နဲ႔ အက္ရွ္ေလယန္းတို႔ကို မႏွစ္ကတုန္းက အင္တာမီလန္အသင္းဆီ ေရာင္းခ်ထားပါေသးတယ္။

စေမာလင္းဟာ ယူႏိုက္တက္အသင္းရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ (၂) ၾကိမ္သာ ေလ့က်င့္ေရးဆင္းခဲ့တယ္လို႔လည္း သိရပါတယ္။ ရိုးမားအသင္းထံ ျပန္သြားခ်င္ေနျပီး သေဘာတူညီမႈ မရေသးလို႔ မေပ်ာ္မရႊင္ ျဖစ္ေနတယ္လို႔လည္း သိရပါတယ္။ အဂၤလန္ေနာက္ခံလူေဟာင္းဟာ ၂၀၁၀ ခုႏွစ္တုနး္က ဖူလ္ဟမ္အသင္းကေန ယူႏိုက္တက္ဆီ ေပါင္ ၁၀ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ပါတယ္။