ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်အသင်းတွေဆီက ကမ်းလှမ်းမှု မရသေးတဲ့ လိုင်ယွန်ကွင်းလယ်လူ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းရန် သဘောတူညီမှု ရ

လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အဝါးဟာ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။ တယ်လီဖုက အဆိုအရ အရည်အသွေးမြင့် ပြင်သစ်ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းချင်နေပေမယ့်လည်း ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်အသင်းတို့ (၂) သင်းစလုံးဆီက ကမ်းလှမ်းမှုကို လိုင်ယွန်အသင်းက စောင့်နေတာဖြစ်ပါတယ်။

ယခုအခါ အဆိုပါ အသင်းကြီးတွေဆီက ကမ်းလှမ်းမှုကို မရတော့လို့ လိုင်ယွန်အသင်းက ကွင်းလယ်ကစားသမားကို အပြောင်းအရွှေ့ ရာသီမပိတ်သိမ်းခင် ရောင်းချရန် စီစဉ်နေပြီလို့ သိရပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ ဟောက်ဆန်အဝါးအတွက် လိုင်ယွန်အသင်းနဲ့ အစောပိုင်းကတည်း ပြောဆိုထားတာတွေ ရှိပြီးသားဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းဘက်က တောင်းထားတဲ့ ပေါင် ၅၄ သန်းကိုပဲ ညှိနှိုင်းရဖို့ ကျန်တော့ပါတယ်။ အာတီတာရဲ့ အသင်းသာ အသက် ၂၂ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ပါက ဖန်တီးမှုအချို့ လိုအပ်နေပြီ ဖြစ်ပါတယ်။လိုင်ယွန်အသင်းဥက္ကဌ မိုက်ကယ်အူလက်စ်ကတော့ အာဆင်နယ်အသင်းဘက်က တောင်းထားတဲ့ ပြောင်းရွှေ့ကို မပေးနိုင်ဘူးဆိုရင် ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြင်သစ်ယူ ၂၁ လက်ရွေးစင်ကစားသမားဖြစ်တဲ့ ဟောက်ဆန်အဝါးဟာ ကစားသမားဘဝတစ်လျှောက်လုံး လိုင်ယွန်အသင်းအတွက် ပွဲပေါင်း ၁၃၀ ကစားထားသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဝီလီယံ ၊ ဂါဘရီရယ်လ် နဲ့ ရန်နာဆန်တို့ကို ခေါ်ယူနိုင်ထားပါတယ်။

ဘာစီလိုနာ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြဆီက ကမ္းလွမ္းမႈ မရေသးတဲ့ လိုင္ယြန္ကြင္းလယ္လူ အာဆင္နယ္အသင္းနဲ႔ ပူးေပါင္းရန္ သေဘာတူညီမႈ ရ

လိုင္ယြန္ကြင္းလယ္လူ ေဟာက္ဆန္အ၀ါးဟာ အာဆင္နယ္အသင္းနဲ႔ ပူးေပါင္းရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့တယ္လုိ႔ သိရပါတယ္။ တယ္လီဖုက အဆိုအရ အရည္အေသြးျမင့္ ျပင္သစ္ကစားသမားဟာ အာဆင္နယ္အသင္းနဲ႔ ပူးေပါင္းခ်င္ေနေပမယ့္လည္း ဘာစီလိုနာ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ (၂) သင္းစလံုးဆီက ကမ္းလွမ္းမႈကို လိုင္ယြန္အသင္းက ေစာင့္ေနတာျဖစ္ပါတယ္။

ယခုအခါ အဆိုပါ အသင္းၾကီးေတြဆီက ကမ္းလွမ္းမႈကို မရေတာ့လို႔ လိုင္ယြန္အသင္းက ကြင္းလယ္ကစားသမားကို အေျပာင္းအေရႊ႕ ရာသီမပိတ္သိမ္းခင္ ေရာင္းခ်ရန္ စီစဥ္ေနျပီလုိ႔ သိရပါတယ္။ အာဆင္နယ္အသင္းဘက္ကေတာ့ ေဟာက္ဆန္အ၀ါးအတြက္ လိုင္ယြန္အသင္းနဲ႔ အေစာပိုင္းကတည္း ေျပာဆိုထားတာေတြ ရွိျပီးသားျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လိုင္ယြန္အသင္းဘက္က ေတာင္းထားတဲ့ ေပါင္ ၅၄ သန္းကိုပဲ ညိွႏိႈင္းရဖို႔ က်န္ေတာ့ပါတယ္။ အာတီတာရဲ႕ အသင္းသာ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို ေခၚယူႏိုင္ပါက ဖန္တီးမႈအခ်ိဳ႕ လိုအပ္ေနျပီ ျဖစ္ပါတယ္။

လိုင္ယြန္အသင္းဥကၠဌ မိုက္ကယ္အူလက္စ္ကေတာ့ အာဆင္နယ္အသင္းဘက္က ေတာင္းထားတဲ့ ေျပာင္းေရႊ႕ကို မေပးႏိုင္ဘူးဆိုရင္ ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ျပင္သစ္ယူ ၂၁ လက္ေရြးစင္ကစားသမားျဖစ္တ့ဲ ေဟာက္ဆန္အ၀ါးဟာ ကစားသမားဘ၀တစ္ေလွ်ာက္လံုး လိုင္ယြန္အသင္းအတြက္ ပြဲေပါင္း ၁၃၀ ကစားထားသူျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ၀ီလီယံ ၊ ဂါဘရီရယ္လ္ နဲ႔ ရန္နာဆန္တို႔ကို ေခၚယူႏိုင္ထားပါတယ္။