ဒီကလန်ရိုက်ကို နောက်ဆုံးအနေနဲ့ ကမ်းလှမ်းပြီး အသင်းက ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အာဆင်နယ်ဆီ ရောင်းချမယ့် စီစဉ်နေတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်ကို နောက်ဆုံးအနေနဲ့ ခေါ်ယူရန် ကြိုးစားပြီး အသင်းက ကွင်းလယ်လူ ဂျော်ဂျင်ဟို ကို အာဆင်နယ်အသင်းဆီ ရောင်းချရန် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက မရောင်းဘူးလို့ ပြောထားပေမယ့်လည်း နည်းပြ လမ်းပတ်ရဲ့ အသင်းဟာ အင်္ဂလန်ကွင်းလယ်လူကို မနှစ်က ဘောလုံးရာသီမကုန်ခင်ကတည်းက ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပြီး ယခုအချိန်အထိ လက်မလျော့သေးတာဖြစ်ပါတယ်။

The Mirror သတင်းဌာနက အဆိုအရ ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ဒီကလန်ရိုက်ကို နောက်ဆုံးအနေနဲ့ ကြိုးစားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အာဆင်နယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေလို့ ဒီကလန်ရိုက်ကို ခေါ်ပြီး ဂျော်ဂျင်ဟိုကို ထွက်ခွာခွင့်ပေးသွားဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ သောမတ်စ်ပါတေး နဲ့ လိုင်ယွန်ကြယ်ပွင့် ဟောက်ဆန်အဝါးတို့ကို အဓိက ပစ်မှတ်ထားခဲ့သော်လည်း ဂျော်ဂျင်ဟိုက ပိုပြီး ဈေးသက်သာပြီး ခေါ်ယူလို့ ရနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အဝါးကို ပုဂ္ဂိုလ်ရေးအရ ခေါ်ယူရန် သဘောတူညီမှု ရခဲ့သော်လည်း အသင်းနဲ့ သဘောတူညီမှု မရသေးပါဘူး။ လိုင်ယွန်အသင်းဥက္ကဌ မိုက်ကယ်အူလက်စ်က အာဆင်နယ်အသင်းဟာ ပြင်သစ်ကစားသမားအတွက် ပေါင် ၅၄ သန်းကို ပေးနိုင်စွမ်းရှိတဲ့ အင်အားမရှိဘူးလို့ အစောကြီးကတည်းက သတ်မှတ်ထားတာဖြစ်ပါတယ်။

အာတီတာအနေနဲ့ အဆိုပါပြောင်းရွှေ့ကြေးကို မပေးနိုင်ဘူးဆိုရင် ချဲလ်ဆီးအသင်းကသာ ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်ကိုသာ ခေါ်ယူနိုင်ခဲ့ပြီဆိုပါက ဂျော်ဂျင်ဟိုကို ဈေးသက်သက်သာသာနဲ့ ခေါ်နိုင်မယ်လို့ သိရပါတယ်။ဝက်စ်ဟမ်းအသင်းဘက်ကတော့ အသင်းရဲ့ အသက် ၂၁ နှစ်အရွယ်ကစားသမားကို မရောင်းချချင်ပေမယ့်လည်း မက်လောက်စရာ ကြီးမားတဲ့ ကမ်းလှမ်းမှု ရပါက လက်ခံသွားဖွယ်ရှိနေပါတယ်။ လမ်းပတ်ဟာ ဒီတစ်ပတ်မှာပဲ ရိုက်ကို ခေါ်ယူရန်အတွက် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ဒီကလန္႐ိုက္ကို ေနာက္ဆုံးအေနနဲ႔ ကမ္းလွမ္းျပီး အသင္းက ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို အာဆင္နယ္ဆီ ေရာင္းခ်မယ့္ စီစဥ္ေနတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ၀က္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္ကို ေနာက္ဆံုးအေနနဲ႔ ေခၚယူရန္ ၾကိဳးစားျပီး အသင္းက ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ကို အာဆင္နယ္အသင္းဆီ ေရာင္းခ်ရန္ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ၀က္စ္ဟမ္းအသင္းက မေရာင္းဘူးလို႔ ေျပာထားေပမယ့္လည္း နည္းျပ လမ္းပတ္ရဲ႕ အသင္းဟာ အဂၤလန္ကြင္းလယ္လူကို မႏွစ္က ေဘာလံုးရာသီမကုန္ခင္ကတည္းက ေခၚယူရန္ စိတ္၀င္စားေနတာ ျဖစ္ျပီး ယခုအခ်ိန္အထိ လက္မေလ်ာ့ေသးတာျဖစ္ပါတယ္။

The Mirror သတင္းဌာနက အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ ကြင္းလယ္လူ ဒီကလန္ရိုက္ကို ေနာက္ဆံုးအေနနဲ႔ ၾကိဳးစားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အသင္းရဲ႕ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို အာဆင္နယ္အသင္းက ေခၚယူရန္ စိတ္၀င္စားေနလို႔ ဒီကလန္ရိုက္ကို ေခၚျပီး ေဂ်ာ္ဂ်င္ဟိုကို ထြက္ခြာခြင့္ေပးသြားဖြယ္ရွိေနပါတယ္။ အာဆင္နယ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္ ကြင္းလယ္လူ ေသာမတ္စ္ပါေတး နဲ႔ လိုင္ယြန္ၾကယ္ပြင့္ ေဟာက္ဆန္အ၀ါးတို႔ကို အဓိက ပစ္မွတ္ထားခဲ့ေသာ္လည္း ေဂ်ာ္ဂ်င္ဟိုက ပိုျပီး ေစ်းသက္သာျပီး ေခၚယူလို႔ ရႏိုင္ဖြယ္ရွိေနတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လိုင္ယြန္ကြင္းလယ္လူ ေဟာက္ဆန္အ၀ါးကို ပုဂၢိဳလ္ေရးအရ ေခၚယူရန္ သေဘာတူညီမႈ ရခဲ့ေသာ္လည္း အသင္းနဲ႔ သေဘာတူညီမႈ မရေသးပါဘူး။ လိုင္ယြန္အသင္းဥကၠဌ မိုက္ကယ္အူလက္စ္က အာဆင္နယ္အသင္းဟာ ျပင္သစ္ကစားသမားအတြက္ ေပါင္ ၅၄ သန္းကို ေပးႏိုင္စြမ္းရွိတဲ့ အင္အားမရွိဘူးလို႔ အေစာၾကီးကတည္းက သတ္မွတ္ထားတာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ အဆုိပါေျပာင္းေရႊ႕ေၾကးကို မေပးႏိုင္ဘူးဆိုရင္ ခ်ဲလ္ဆီးအသင္းကသာ ၀က္စ္ဟမ္းကြင္းလယ္လူ ရိုက္ကိုသာ ေခၚယူႏိုင္ခဲ့ျပီဆိုပါက ေဂ်ာ္ဂ်င္ဟိုကို ေစ်းသက္သက္သာသာနဲ႔ ေခၚႏိုင္မယ္လို႔ သိရပါတယ္။၀က္စ္ဟမ္းအသင္းဘက္ကေတာ့ အသင္းရဲ႕ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို မေရာင္းခ်ခ်င္ေပမယ့္လည္း မက္ေလာက္စရာ  ၾကီးမားတဲ့ ကမ္းလွမ္းမႈ ရပါက လက္ခံသြားဖြယ္ရွိေနပါတယ္။ လမ္းပတ္ဟာ ဒီတစ္ပတ္မွာပဲ ရိုက္ကို ေခၚယူရန္အတြက္ လုပ္ေဆာင္ေတာ့မွာျဖစ္ပါတယ္။