ဘင်ဖီကာနောက်ခံလူ ရူဘင်ဒိုင်ယာစ်ကို ခေါ်ဖို့အတွက် အော်တာမန်ဒီကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အသုံးပြုရှိ နေတဲ့ မန်စီးတီး


မန်စီးတီးဟာ ဘင်ဖီကာနောက်ခံလူုဖြစ်တဲ့ ရူဘင်ဒိုင်ယာစ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပြီး ဒိုင်ယာစ်ရဲ့ ပြောင်း ရွှေ့ကြေးအဖြစ် ငွေကြေးအပြင် အသင်းရဲ့နောက်ခံလူဖြစ်တဲ့ အော်တာမန်ဒီကိုလည်း အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အသုံးပြုဖို့ ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ လွန်ခဲ့တဲ့ ၁၈ လက အသင်းကထွက်သွားတဲ့ အသင်းခေါင်းဆောင် ကွန်ပနီရဲ့နေရာကို အစားထိုးဖို့အတွက် နောက်ခံကစားသမားတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးဟာ ဘုန်းမောက်နောက်ခံလူ နသန်အကီကို ပေါင်သန်း ၄၀ ကျော်ပေးပြီး ခေါ်ယူ ထားပေမယ့် နောက်ထပ် နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ အစောပိုင်းကတည်းက စိတ်ဝင် စားမှုရှိခဲ့တဲ့ နာပိုလီနောက်ခံလူ ကူလီဘာလီကို ခေါ်ယူဖို့အတွက် သတင်းတွေထွက်ခဲ့ပေမယ့် ကစားသမားရဲ့ပြောင်းရွှေ့ ကြေး ညှိနှိုင်းမှုအဆင်မပြေတာကြောင့် မခေါ်ယူဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။


မန်စီးတီးဟာ နောက်ခံလူတွေဖြစ်တဲ့ ဆီဗီလာက ကွန်ဒီနဲ့ အက်သလက်တီကိုက ဂျီမီနက်ဇ်တို့ကိုလည်း ခေါ်ယူဖို့ကမ်းလှမ်း မှုတွေ ရှိခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဘင်ဖီကာအသင်းခေါင်းဆောင် ရုဘင်ဒိုင်ယာစ်ကို ခေါ်ယူဖို့အတွက် စီစဉ်လာ တာပဲ ဖြစ်ပါတယ်။ အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အော်တာမန်ဒီကိုလည်း မန်စီးတီးအသင်းဘက်က အပြောင်း အရွှေ့ အစိတ်အပိုင်းအဖြစ် အသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။


မန်စီးတီးအသင်းမှာ အခြားနောက်ခံလူတွေဖြစ်တဲ့ အဲရစ်ဂါစီယာကလည်း လာမာစီယာအကယ်ဒမီက ထွက်ပေါ်လာတဲ့သူ ဖြစ်တာကြောင့် အသင်းဟောင်းဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေသလို အင်္ဂလန်နောက်ခံလူဖြစ် တဲ့ ဂျွန်စတုန်းကလည်း အသင်းပြောင်းဖို့အတွက် သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ မန်စီးတီးဟာ ကွန်ပနီရဲ့နေရာ မှာ အစားထိုးနိုင်ခဲ့ခြင်းမရှိတာကြောင့် ကွင်းလယ်လူဖြစ်တဲ့ ဖာနန်ဒင်ဟိုကို ပြီးခဲ့တဲ့ရာသီက နောက်ခံလူအဖြစ် အသုံးပြုခဲ့ရ ပါတယ်။

zawgyi version

ဘင္ဖီကာေနာက္ခံလူ ရူဘင္ဒိုင္ယာစ္ကို ေခၚဖို႔အတြက္ ေအာ္တာမန္ဒီကို အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အသံုးျပဳရွိ ေနတဲ့ မန္စီးတီး
မန္စီးတီးဟာ ဘင္ဖီကာေနာက္ခံလူုျဖစ္တဲ့ ရူဘင္ဒိုင္ယာစ္ကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရၿပီး ဒိုင္ယာစ္ရဲ႕ ေျပာင္း ေရႊ႕ေၾကးအျဖစ္ ေငြေၾကးအျပင္ အသင္းရဲ႕ေနာက္ခံလူျဖစ္တဲ့ ေအာ္တာမန္ဒီကိုလည္း အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အသံုးျပဳဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ မန္စီးတီးဟာ လြန္ခဲ့တဲ့ ၁၈ လက အသင္းကထြက္သြားတဲ့ အသင္းေခါင္းေဆာင္ ကြန္ပနီရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ေနာက္ခံကစားသမားေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ မန္စီးတီးဟာ ဘုန္းေမာက္ေနာက္ခံလူ နသန္အကီကို ေပါင္သန္း ၄၀ ေက်ာ္ေပးၿပီး ေခၚယူ ထားေပမယ့္ ေနာက္ထပ္ ေနာက္ခံလူတစ္ဦးကို ေခၚယူဖို႔ ျပင္ဆင္ေနတာပဲ ျဖစ္ပါတယ္။ အေစာပိုင္းကတည္းက စိတ္ဝင္ စားမႈရွိခဲ့တဲ့ နာပိုလီေနာက္ခံလူ ကူလီဘာလီကို ေခၚယူဖို႔အတြက္ သတင္းေတြထြက္ခဲ့ေပမယ့္ ကစားသမားရဲ႕ေျပာင္းေရႊ႕ ေၾကး ညိွႏႈိင္းမႈအဆင္မေျပတာေၾကာင့္ မေခၚယူျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။
မန္စီးတီးဟာ ေနာက္ခံလူေတြျဖစ္တဲ့ ဆီဗီလာက ကြန္ဒီနဲ႔ အက္သလက္တီကိုက ဂ်ီမီနက္ဇ္တို႔ကိုလည္း ေခၚယူဖို႔ကမ္းလွမ္း မႈေတြ ရွိခဲ့ေပမယ့္ အဆင္မေျပခဲ့တာေၾကာင့္ ဘင္ဖီကာအသင္းေခါင္းေဆာင္ ရုဘင္ဒိုင္ယာစ္ကို ေခၚယူဖို႔အတြက္ စီစဥ္လာ တာပဲ ျဖစ္ပါတယ္။ အသင္းမွာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတဲ့ ေအာ္တာမန္ဒီကိုလည္း မန္စီးတီးအသင္းဘက္က အေျပာင္း အေရႊ႕ အစိတ္အပိုင္းအျဖစ္ အသံုးျပဳဖို႔ ရွိေနတာျဖစ္ပါတယ္။
မန္စီးတီးအသင္းမွာ အျခားေနာက္ခံလူေတြျဖစ္တဲ့ အဲရစ္ဂါစီယာကလည္း လာမာစီယာအကယ္ဒမီက ထြက္ေပၚလာတဲ့သူ ျဖစ္တာေၾကာင့္ အသင္းေဟာင္းဘာစီလိုနာက ျပန္လည္ေခၚယူဖို႔ သတင္းေတြထြက္ေပၚေနသလို အဂၤလန္ေနာက္ခံလူျဖစ္ တဲ့ ဂြ်န္စတုန္းကလည္း အသင္းေျပာင္းဖို႔အတြက္ သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။ မန္စီးတီးဟာ ကြန္ပနီရဲ႕ေနရာ မွာ အစားထိုးႏိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ကြင္းလယ္လူျဖစ္တဲ့ ဖာနန္ဒင္ဟိုကို ၿပီးခဲ့တဲ့ရာသီက ေနာက္ခံလူအျဖစ္ အသံုးျပဳခဲ့ရ ပါတယ္။