ပေါ့ဘာထက် ဗန်ဒီဘိတ်ခ်ကို ကွင်းလယ်မှာ ပိုသုံးသင့်ကြောင်း ပြောဆိုခဲ့တဲ့ ယူနိုက်တက်ဂန္တဝင်ဟောင်း ဘရွိုင်ယန် ရော်ဆင်


ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ ဘရွိုင်ယန်ရော်ဆင်က အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသစ်ခေါ်ယူလိုက်တဲ့ ဗန်ဒီဘိတ်ခ်ကို အသင်းရဲ့ကွင်း လယ်မှာ ပေါ့ဘာထက် ပိုပြီး အသုံးပြုသင့်ကြောင်း ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်မှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာ တို့ ရှိနေပေမယ့် ကစားဟန်တူတဲ့ ဗန်ဒီဘိတ်ခ်ကို ထပ်ပြီး ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဘရွိုင်ယန်ရော်ဆင်က အသင်းရဲ့ကွင်းလယ်ကို နည်းပြဆိုးလ်ရှားအနေနဲ့ ဖာနန် ဒက်စ်၊ မာတစ်တို့နဲ့အတူ ဗန်ဒီဘိတ်ခ် ကို ကစားစေဖို့ လုပ်ဆောင်သင့်ကြောင်း အကြံပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အသင်းရဲ့ကွင်းလယ်မှာ တွမ်မီနေး၊ဖရက်ဒ် တို့လိုကစားသမားမျိုးတွေလည်း ရှိတာကြောင့် ပေါ့ဘာအနေနဲ့ ပွဲထွက်ခွင့်ရဖို့ အတွက် ရုန်းကန်ရနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။


talkSPORT ကနေတဆင့် ဘရွိုင်ယန်ရော်ဆင်က “ ကျွန်တော်သာ ဆိုရင် အသင်းရဲ့ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ မာတစ်နဲ့ ဗန်ဒီဘိတ်ခ်တို့ကို အသုံးပြုမှာပါ။ အသင်းရဲ့တိုက်စစ်လမ်းကြောင်းအတွက် ဖာနန်ဒက်စ်၊ ပေါ့ဘာနဲ့ ဗန်ဒီဘိတ်ခ်တို့ သုံးယောက်မှာ နှစ်ယောက်ကိုပဲ သုံးရမှာပါ။ ဖာနန်ဒက်စ်က အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်တာကြောင့် ပေါ့ဘာနဲ့ ဗန်ဒီဘိတ်ခ်တို့နှစ်ယောက်မှာ ဗန်ဒီဘိတ်ခ်ကို ပိုပြီး အသုံးပြုသင့်ပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။


ဆက်လက်ပြီး ဘရွိုင်ယန်ရော်ဆင်က “ ဗန်ဒီဘိတ်ခ်ကို ဘာကြောင့်ပိုပြီး အသုံးပြုသင့်လဲဆိုရင် သူက ခံစစ်ကိုလည်း ဆင်း ကူနိုင်တဲ့ ကစားသမားမျိုးဖြစ်သလို တိုက်စစ်ကိုလည်း အကောင်းဆုံးချိတ်ဆက်နိုင်တဲ့သူဖြစ်တာကြောင့်ပါ။ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံးဖြစ်အောင် နည်းပြဆိုးလ်ရှားအနေနဲ့ တည်ဆောက်နိုင်မှသာ ချန်ပီယံဆုအတွက် လီဗာပူးနဲ့ မန်စီးတီးတို့ကို စိန်ခေါ်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေပါ့ဘာထက္ ဗန္ဒီဘိတ္ခ္ကို ကြင္းလယ္မွာ ပိုသံုးသင့္ေၾကာင္း ေျပာဆိုခဲ့တဲ့ ယူႏိုက္တက္ဂႏၱဝင္ေဟာင္း ဘရြိဳင္ယန္ ေရာ္ဆင္
ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းေခါင္းေဆာင္ေဟာင္းလည္းျဖစ္တဲ ဘရြိဳင္ယန္ေရာ္ဆင္က အသင္းနည္းျပ ဆိုးလ္ရွားအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသစ္ေခၚယူလိုက္တဲ့ ဗန္ဒီဘိတ္ခ္ကို အသင္းရဲ႕ကြင္း လယ္မွာ ေပါ့ဘာထက္ ပိုၿပီး အသံုးျပဳသင့္ေၾကာင္း ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ကြင္းလယ္မွာ ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာ တို႔ ရွိေနေပမယ့္ ကစားဟန္တူတဲ့ ဗန္ဒီဘိတ္ခ္ကို ထပ္ၿပီး ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဘရြိဳင္ယန္ေရာ္ဆင္က အသင္းရဲ႕ကြင္းလယ္ကို နည္းျပဆိုးလ္ရွားအေနနဲ႔ ဖာနန္ ဒက္စ္၊ မာတစ္တို႔နဲ႔အတူ ဗန္ဒီဘိတ္ခ္ ကို ကစားေစဖို႔ လုပ္ေဆာင္သင့္ေၾကာင္း အၾကံေပးခဲ့တာျဖစ္ပါတယ္။ ဆက္လက္ၿပီး အသင္းရဲ႕ကြင္းလယ္မွာ တြမ္မီေနး၊ဖရက္ဒ္ တို႔လိုကစားသမားမ်ိဳးေတြလည္း ရွိတာေၾကာင့္ ေပါ့ဘာအေနနဲ႔ ပြဲထြက္ခြင့္ရဖို႔ အတြက္ ရုန္းကန္ရႏိုင္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။
talkSPORT ကေနတဆင့္ ဘရြိဳင္ယန္ေရာ္ဆင္က “ ကြ်န္ေတာ္သာ ဆိုရင္ အသင္းရဲ႕ကြင္းလယ္မွာ ဖာနန္ဒက္စ္၊ မာတစ္နဲ႔ ဗန္ဒီဘိတ္ခ္တို႔ကို အသံုးျပဳမွာပါ။ အသင္းရဲ႕တိုက္စစ္လမ္းေၾကာင္းအတြက္ ဖာနန္ဒက္စ္၊ ေပါ့ဘာနဲ႔ ဗန္ဒီဘိတ္ခ္တို႔ သံုးေယာက္မွာ ႏွစ္ေယာက္ကိုပဲ သံုးရမွာပါ။ ဖာနန္ဒက္စ္က အသင္းအတြက္ ေျခစြမ္းျပေနသူျဖစ္တာေၾကာင့္ ေပါ့ဘာနဲ႔ ဗန္ဒီဘိတ္ခ္တို႔ႏွစ္ေယာက္မွာ ဗန္ဒီဘိတ္ခ္ကို ပိုၿပီး အသံုးျပဳသင့္ပါတယ္” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။
ဆက္လက္ၿပီး ဘရြိဳင္ယန္ေရာ္ဆင္က “ ဗန္ဒီဘိတ္ခ္ကို ဘာေၾကာင့္ပိုၿပီး အသံုးျပဳသင့္လဲဆိုရင္ သူက ခံစစ္ကိုလည္း ဆင္း ကူႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္သလို တိုက္စစ္ကိုလည္း အေကာင္းဆံုးခ်ိတ္ဆက္ႏိုင္တဲ့သူျဖစ္တာေၾကာင့္ပါ။ အသင္းရဲ႕ ကြင္းလယ္ကို အေကာင္းဆံုးျဖစ္ေအာင္ နည္းျပဆိုးလ္ရွားအေနနဲ႔ တည္ေဆာက္ႏိုင္မွသာ ခ်န္ပီယံဆုအတြက္ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို စိန္ေခၚႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။