လက်ရှိ လီဗာပူးရဲ့ အနေအထားက တောင်တက်နေရသလိုဖြစ်နေပေမယ့် ပြုတ်ကျစရာမရှိဘူးလို့ ပြောခဲ့တဲ့ ကာရေဂါ


လီဗာပူးအသင်းရဲ့ ခေါင်းဆောင်းဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဘောလုံးပွဲတင်ဆက်သူအဖြစ်လုပ်ကိုင်နေတဲ့ ကာရေဂါ က လီဗာပူးအသင်းရဲ့ လက်ရှိအနေအထားက တောင်တက်သလို အခက်အခဲတွေရှိနေပေမယ့် ပြုတ်ကျစရာအကြောင်း မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။ ကာရေဂါက လီဗာပူးအနေနဲ့ လက်ရှိပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်မယ်လို့ ရည်ရွယ်ပြီး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။


လီဗာပူးဟာ နည်းပြကလော့ပ်ရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ရာသီက နှစ် ၃၀ ကြာဝေးကွာနေခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လက်အောက်မှာ လီဗာပူးဟာ အသင်းကောင်းတစ်သင်းဖြစ်လာခဲ့ပြီး ကလော့ပ်ကိုလည်း လီဗာပူးအသင်းရဲ့ ဂန္တဝင်နည်းပြတစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။


ရာသီသစ်အတွက် အကြိုပွဲစဉ်ဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့တယ်ဆိုပေ မယ့် လီဗာပူးဟာ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲနဲ့ ကာရာဘောင်းဖလားပွဲစဉ်တွေမှာ အနိုင်ရအောင်ကစားနိုင် ခဲ့ပါတယ်။ ကာရေဂါက လီဗာပူးအနေနဲ့ အမှားအယွင်းမရှိဘဲ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်မယ် လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။


Sky Sports ကနေတဆင့် ကာရေဂါက “ ဒီနှစ်မှာ လီဗာပူးအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ တောင်တက်နေရသလို ဖြစ်နေတယ်လို့ ဖော်ပြနေကြပေမယ့် စိတ်ပိုင်းဆိုင်ရာအရရော၊ စွမ်းဆောင်ရည်အရပါ အသင်းအနေနဲ့ ခြေချော်စရာ မရှိ ပါဘူး။ ချဲလ်ဆီးကို အနိုင်ရတဲ့ပွဲမှာ ကလော့ပ်ရဲ့စွမ်းဆောင်ရည်ကို ကြည့်ရင်သိနိုင်ပါတယ်။ သူက အသင်းအတွက် ရေရှည် စီမံမှုတွေ ပြုလုပ်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

လက္ရွိ လီဗာပူးရဲ႕ အေနအထားက ေတာင္တက္ေနရသလိုျဖစ္ေနေပမယ့္ ျပဳတ္က်စရာမရွိဘူးလို႔ ေျပာခဲ့တဲ့ ကာေရဂါ
လီဗာပူးအသင္းရဲ႕ ေခါင္းေဆာင္းေဟာင္းတစ္ဦးျဖစ္ၿပီး လက္ရွိမွာ ေဘာလံုးပြဲတင္ဆက္သူအျဖစ္လုပ္ကိုင္ေနတဲ့ ကာေရဂါ က လီဗာပူးအသင္းရဲ႕ လက္ရွိအေနအထားက ေတာင္တက္သလို အခက္အခဲေတြရွိေနေပမယ့္ ျပဳတ္က်စရာအေၾကာင္း မရွိဘူးလို႔လည္း ေျပာခဲ့ပါတယ္။ ကာေရဂါက လီဗာပူးအေနနဲ႔ လက္ရွိပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္မယ္လို႔ ရည္ရြယ္ၿပီး ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။
လီဗာပူးဟာ နည္းျပကေလာ့ပ္ရဲ႕ လက္ေအာက္မွာ ၿပီးခဲ့တဲ့ရာသီက ႏွစ္ ၃၀ ၾကာေဝးကြာေနခဲ့တဲ့ အမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားနဲ႔ ဖီဖာကမၻာ့ကလပ္ဖလားေတြကိုလည္း ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ နည္းျပ ကေလာ့ပ္ရဲ႕ လက္ေအာက္မွာ လီဗာပူးဟာ အသင္းေကာင္းတစ္သင္းျဖစ္လာခဲ့ၿပီး ကေလာ့ပ္ကိုလည္း လီဗာပူးအသင္းရဲ႕ ဂႏၱဝင္နည္းျပတစ္ဦးအျဖစ္ အသိအမွတ္ျပဳခဲ့ၾကတာ ျဖစ္ပါတယ္။။
ရာသီသစ္အတြက္ အၾကိဳပြဲစဥ္ျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ အာဆင္နယ္ကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရႈံးခဲ့တယ္ဆိုေပ မယ့္ လီဗာပူးဟာ ကစားၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ႏွစ္ပြဲနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္ေတြမွာ အႏိုင္ရေအာင္ကစားႏိုင္ ခဲ့ပါတယ္။ ကာေရဂါက လီဗာပူးအေနနဲ႔ အမွားအယြင္းမရွိဘဲ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏုိင္မယ္ လို႔ ယံုၾကည္ေနတာပဲ ျဖစ္ပါတယ္။
Sky Sports ကေနတဆင့္ ကာေရဂါက “ ဒီႏွစ္မွာ လီဗာပူးအေနနဲ႔ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ေတာင္တက္ေနရသလို ျဖစ္ေနတယ္လို႔ ေဖာ္ျပေနၾကေပမယ့္ စိတ္ပိုင္းဆိုင္ရာအရေရာ၊ စြမ္းေဆာင္ရည္အရပါ အသင္းအေနနဲ႔ ေျခေခ်ာ္စရာ မရွိ ပါဘူး။ ခ်ဲလ္ဆီးကို အႏိုင္ရတဲ့ပြဲမွာ ကေလာ့ပ္ရဲ႕စြမ္းေဆာင္ရည္ကို ၾကည့္ရင္သိႏိုင္ပါတယ္။ သူက အသင္းအတြက္ ေရရွည္ စီမံမႈေတြ ျပဳလုပ္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။