အလီအနေနဲ့ အသင်းပြောင်းဖို့ထက် အန်ဒွမ်ဘီလီ လိုမျိုး အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသင့်တယ်လို့ မော်ရင်ဟို တိုက်တွန်းခဲ့


စပါးနည်းပြ မော်ရင်ဟိုက အသင်းပြောင်းဖို့အတွက် သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူဒယ်လီအလီအနေနဲ့ အသင်းဖော် အန်ဒွမ်ဘီလီလိုမျိုး အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ အလီဟာ ပုံမှန်ပွဲ ထွက်ခွင့်ပျောက်ဆုံးပြီးနောက် ပီအက်စ်ဂျီနဲ့ ရီးရဲလ်အသင်းတွေက ခေါ်ယူဖို့အတွက် စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါ တယ်။


စပါးကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အန်ဒွမ်ဘီလီဟာ ၂၀၁၉ ဇူလိုင်လမှာ လိုင်ယွန်ကနေ ပြောင်းရွှေ့လာပြီးနောက် မော်ရင်ဟို ရဲ့ လက်အောက်မှာ ကစားခွင့်မရခဲ့တာကြောင့် အသင်းပြောင်းမယ့်သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အသင်းအတွက်ကစား ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးကစားနိုင်ခဲ့တာကို တွေ့ရပြီးနောက်မှာ မော်ရင်ဟိုအနေနဲ့ အလီကို အန်ဒွမ်ဘီလီလိုမျိုး လုပ်ဆောင်သင့်တယ်လို့ အကြုံပြုခဲ့တာပဲ ဖြစ်ပါတယ်။


စပါးနည်းပြ မော်ရင်ဟိုက “ လက်ရှိမှာ အန်ဒွန်ဘီလီရဲ့ခြေစွမ်းကြောင့် ပျော်ရွှင်မိပါတယ်။ ကျွန်တော်အမြဲပြောနေသလိုပါ ပဲ။ ကစားသမားတစ်ယောက်ဟာ ပုံမှန်နေရာရဖို့ဆိုရင် သူရဲ့ခြေစွမ်းကောင်းနေမှုအတွက် တာဝန်ယူနိုင်ရပါမယ်။ အန်ဒွမ် ဘီလီကတော့ သူရဲ့ခြေစွမ်းကောင်းကို တစ်ဆင့်ချင်းပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် နယူးကာဆယ်နဲ့ကစားမယ့်ပွဲမှာလည်း သူအနေနဲ့ ကစားခွင့်ရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။


စပါးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျီးဆပ်စ်ကတော့ ကွင်းလယ်လူ ဒယ်လီအလီအနေနဲ့ အသင်းပြောင်းရွှေ့ဖို့က ပိုများ နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဂျီးဆပ်စ်က နည်းပြမော်ရင်ဟိုနဲ့ အလီကြားမှာ ဆက်ဆံရေးအဆင်မပြေမှုတွေဟာ ပြန်လည် ကောင်းလာနိုင်ဖို့ မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ အလီကို စပါးရဲ့မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကလည်း ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version

အလီအေနနဲ႔ အသင္းေျပာင္းဖုိ႔ထက္ အန္ဒြမ္ဘီလီ လိုမ်ိဳး အသင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ၾကိဳးစားသင့္တယ္လို႕ ေမာ္ရင္ဟို တိုက္တြန္းခဲ့
စပါးနည္းျပ ေမာ္ရင္ဟိုက အသင္းေျပာင္းဖို႔အတြက္ သတင္းေတြထြက္ေနတဲ့ ကြင္းလယ္လူဒယ္လီအလီအေနနဲ႔ အသင္းေဖာ္ အန္ဒြမ္ဘီလီလိုမ်ိဳး အသင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ၾကိဳးစားသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။ အလီဟာ ပံုမွန္ပြဲ ထြက္ခြင့္ေပ်ာက္ဆံုးၿပီးေနာက္ ပီအက္စ္ဂ်ီနဲ႔ ရီးရဲလ္အသင္းေတြက ေခၚယူဖို႔အတြက္ စိတ္ဝင္စားျခင္းခံေနရသူလည္း ျဖစ္ပါ တယ္။
စပါးကြင္းလယ္လူတစ္ဦးျဖစ္တဲ့ အန္ဒြမ္ဘီလီဟာ ၂၀၁၉ ဇူလိုင္လမွာ လိုင္ယြန္ကေန ေျပာင္းေရႊ႕လာၿပီးေနာက္ ေမာ္ရင္ဟို ရဲ႕ လက္ေအာက္မွာ ကစားခြင့္မရခဲ့တာေၾကာင့္ အသင္းေျပာင္းမယ့္သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အသင္းအတြက္ကစား ခြင့္ရတဲ့အခ်ိန္မွာ အေကာင္းဆံုးကစားႏိုင္ခဲ့တာကို ေတြ႕ရၿပီးေနာက္မွာ ေမာ္ရင္ဟိုအေနနဲ႔ အလီကို အန္ဒြမ္ဘီလီလိုမ်ိဳး လုပ္ေဆာင္သင့္တယ္လို႔ အၾကံဳျပဳခဲ့တာပဲ ျဖစ္ပါတယ္။
စပါးနည္းျပ ေမာ္ရင္ဟိုက “ လက္ရွိမွာ အန္ဒြန္ဘီလီရဲ႕ေျခစြမ္းေၾကာင့္ ေပ်ာ္ရႊင္မိပါတယ္။ ကြ်န္ေတာ္အျမဲေျပာေနသလိုပါ ပဲ။ ကစားသမားတစ္ေယာက္ဟာ ပံုမွန္ေနရာရဖို႔ဆိုရင္ သူရဲ႕ေျခစြမ္းေကာင္းေနမႈအတြက္ တာဝန္ယူႏိုင္ရပါမယ္။ အန္ဒြမ္ ဘီလီကေတာ့ သူရဲ႕ေျခစြမ္းေကာင္းကို တစ္ဆင့္ခ်င္းျပသႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ နယူးကာဆယ္နဲ႔ကစားမယ့္ပြဲမွာလည္း သူအေနနဲ႔ ကစားခြင့္ရဦးမွာပါ” လို႔ ေျပာခဲ့ပါတယ္။
စပါးကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဂ်ီးဆပ္စ္ကေတာ့ ကြင္းလယ္လူ ဒယ္လီအလီအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔က ပိုမ်ား ေနတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ ဂ်ီးဆပ္စ္က နည္းျပေမာ္ရင္ဟိုနဲ႔ အလီၾကားမွာ ဆက္ဆံေရးအဆင္မေျပမႈေတြဟာ ျပန္လည္ ေကာင္းလာႏိုင္ဖို႔ မရွိဘူးလို႔လည္း ေျပာခဲ့ပါတယ္။ ေနာက္ဆံုးသတင္းေတြအရေတာ့ အလီကို စပါးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ အာဆင္နယ္ကလည္း ေပါင္သန္း ၅၀ နဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။