အိုရီးယန့် အသင်းနဲ့ ကာရာဘောင်ဖလား ပွဲကို စပါးအသင်းမကန်ရပဲ နောက်တစ်ဆင့်တက်ရောက်ခွင့်ရ
စပါးအသင်းဟာ လိုရီးယန့်နဲ့ ကာရာဘောင်ဖလားတတိယအဆင့် ပွဲစဉ်ကို မကန်လိုက်ရပဲ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အိုရီးယန့်အသင်းဟာ ကိုဗစ်-၁၉ စည်းမျဉ်းချိုးဖောက်မှုကြောင့်ယခုလိုပဲ ဆုံးဖြတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂါနေ့က ကစားမယ့် ပွဲမှာ အိုရီးယန့် ကစားသမားအများစုဟာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
EFL က စည်းကမ်းများအရ ကစားသမား အင်အားလုံလောက်မှု မရှိပဲ ပြိုင်ပွဲကို ကစားစေတဲ့အတွက် ယခုလိုပဲ သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ယခုအခါ စပါးနည်းပြမော်ရင်ဟိုဟာ စတုတ္ထအဆင့်မှာ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ နောက်တစ်ပတ် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားရတေ့ာမှာပါ။
မော်ရင်ဟိုရဲ့ အသင်းဟာ အင်္ဂါနေ့ညက ကာရာဘောင်ဖလားပွဲမကစားလိုက်ရလိုက်တဲ့အတွက် ကြာသပတေးနေ့က ယူရိုပါလိဂ်ခြေစစ်ပွဲမှာ ပွဲပမ်းဒဏ်မခံရပဲ မက်စီဒိုးနီးယားကလပ် Shkendija ကို (၃-၁) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။