အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို ခေါ်ယူနိုင်ရန် နီးစပ်နေတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို တစ်နှစ်အငှားနဲ့ ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်ပါတယ်။ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ အာဆင်နယ်နည်းပြ အာတီတာ လက်အောက်မှာ ပွဲကစားချိန် အရမ်းကို နည်းပါးနေပြီး ဒီရာသီမှာလည်း ကစားခွင့် မရသေးပါဘူး။

သို့သော်လည်း အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီကတော့ အသက် ၂၄ နှစ်အရွယ်ကစားသမားကို နှစ်သက်ပြီး ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ တော်ရဲရားကလည်း အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းချင်နေပေမယ့် အာဆင်နယ်အသင်းကတော့ အပြီးသတ်ပါရောင်းချချင်နေလို့ သဘောတူညီမှု ရရန် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တော်ရဲရား ကို တိုရီနိုအသင်းကလည်း ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းကပဲ ခေါ်ယူရန် ရေပန်းစားနေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ တော်ရဲရားကို ၂၀၁၈ ခုနှစ်တုန်းက ဆမ့်ဒိုးရီးယားအသင်းဆီကနေ ပေါင် ၂၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

သူဟာ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီလက်အောက်မှာ ပုံမှန်ကစားခွင့်ရခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက ဂါနာ လက်ရွေးစင်ကွင်းလယ်လူ သောမတ်စ်ပါတေးကိုလည်း ခေါ်ယူလိုနေပြီး တော်ရဲရားရဲ့ အပြောင်းအရွှေ့မှာ တစ်စိတ်တစ်ဒေသအဖြစ် ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို ေခၚယူႏိုင္ရန္ နီးစပ္ေနတဲ့ အက္သလက္တီကိုမက္ဒရစ္အသင္း

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို တစ္ႏွစ္အငွားနဲ႔ ေခၚယူရန္ နီးစပ္ေနျပီ ျဖစ္ပါတယ္။ ဥရုေဂြးလက္ေရြးစင္ကစားသမားဟာ အာဆင္နယ္နည္းျပ အာတီတာ လက္ေအာက္မွာ ပြဲကစားခ်ိန္ အရမ္းကို နည္းပါးေနျပီး ဒီရာသီမွာလည္း ကစားခြင့္ မရေသးပါဘူး။

သို႔ေသာ္လည္း အက္သလက္တီကိုမက္ဒရစ္နည္းျပ ဆီျမြန္နီကေတာ့ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားကို ႏွစ္သက္ျပီး ေခၚယူလိုေနတာ ျဖစ္ပါတယ္။ ေတာ္ရဲရားကလည္း အက္သလက္တီကိုမက္ဒရစ္အသင္းဆီကို ေျပာင္းခ်င္ေနေပမယ့္ အာဆင္နယ္အသင္းကေတာ့ အျပီးသတ္ပါေရာင္းခ်ခ်င္ေနလို႔ သေဘာတူညီမႈ ရရန္ ေဆြးေႏြးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ေတာ္ရဲရား ကို တိုရီႏိုအသင္းကလည္း ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ေနေပမယ့္ အက္သလက္တီကိုမက္ဒရစ္အသင္းကပဲ ေခၚယူရန္ ေရပန္းစားေနတာျဖစ္ပါတယ္။အာဆင္နယ္အသင္းဟာ ေတာ္ရဲရားကို ၂၀၁၈ ခုႏွစ္တုန္းက ဆမ့္ဒိုးရီးယားအသင္းဆီကေန ေပါင္ ၂၈ သန္းနဲ႔ ေခၚယူခဲ့တာပါ။

သူဟာ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္းအမ္မရီလက္ေအာက္မွာ ပံုမွန္ကစားခြင့္ရခဲ့ေပမယ့္ ဒုတိယရာသီမွာေတာ့ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ရုန္းကန္ခဲ့ရပါတယ္။ အာဆင္နယ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းက ဂါနာ လက္ေရြးစင္ကြင္းလယ္လူ ေသာမတ္စ္ပါေတးကိုလည္း ေခၚယူလိုေနျပီး ေတာ္ရဲရားရဲ႕ အေျပာင္းအေရႊ႕မွာ တစ္စိတ္တစ္ေဒသအျဖစ္ ညိွႏိႈင္းေနတယ္လို႔လည္း သိရပါတယ္။