အသင်းရဲ့ လက်ရှိ လူစာရင်းအနေအထားအရ အကယ်ဒမီ ကစားသမားတွေ လိုအပ်နေတယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပုံမှန်ပွဲထွက်ကစားသမား (၁၃) ယောက်ပဲ ကြံ့ခိုင်မှု ပြည့်ဝနေလို့ အကယ်ဒမီက ကစားသမားတွေကို အခွင့်အရေး ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ လူငယ်ကစားသမားတွေ အများစု နဲ့ မန်စီးတီးအသင်းဟာ ကြာသပတေးနေ့ညက ကာရာဘောင်ဖလားပွဲမှာ ဘုန်းမောက်အသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့ပြီး အသင်း ၁၇ နှစ်အရွယ် တိုက်စစ်မှူး ဒီလပ် က ဖိုဒန်ရဲ့ အနိုင်ဂိုးမသွင်းပေးခင် သူ့ရဲ့ပွဲဦးထွက်ဂိုးကို သွင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ဒွိုင်လီ နဲ့ အသက် ၁၈ နှစ် ဗဟိုနောက်ခံလူ တေလာဟားဝုဒ်ဘယ်လစ် တို့လည်း ဂွါဒီယိုလာရဲ့ အသင်းမှာ ခြေစွမ်းပြခဲ့ကြလို့ နည်းပြကြီးက လာမယ့်အပတ်တွေမှာလည်း သူတို့ကို ထည့်သွင်းကစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

“ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ပေမယ့် ကျွန်တော်တို့အသင်းက လူငယ်ကစားသမားတွေ အားလုံး ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးမှာ ရှိခဲ့ပါတယ်။ တေလာ၊ တွမ်မီ၊ လီယမ် တို့ အားလုံးကောင်းခဲ့ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ လီယမ်က ကျွန်တေ်ာတို့ အသင်းမှာ မရှိတဲ့ ကြံ့ခိုင်မှု ပိုင်းဆိုင်ရာ မတူတဲ့ တိုက်စစ်မှူး တစ်ယောက်ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာ သူ့ရဲ့ အဆုံးသတ်ချက်တွေကို ကျွန်တော်တို့ မြင်ခဲ့ပါတယ်။

အခုကတော့ စိတ်အေးအေးနဲ့ ဆက်ပြီး တိုးတက်အောင် လုပ်ဖို့ အချိန်ပါ။ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝမ်းသာမိပါတယ်။ ဒီလိုအခြေအနေမှာတော့ ကျွန်တော်တို့မှာ အကယ်ဒမီက ကစားသမားတွေ လိုအပ်ပါတယ်။ ကျွန်တော့်တို့မှာ ကြံ့ခိုင်မှု ပြည့်ဝတာ (၁၃) ယောက်ပဲ ရှိပါတယ်။ အရှေ့မှာလည်း ပြဿနာတွေ အများကြီးရှိနေပါတယ်” လို့ ဂွါဒီယိုလာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အသင္းရဲ႕ လက္ရွိ လူစာရင္းအေနအထားအရ အကယ္ဒမီက ကစားသမားေတြ လိုအပ္ေနတယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီး နည္းျပ ဂြါဒီယိုလာက ပံုမွန္ပြဲထြက္ကစားသမား (၁၃) ေယာက္ပဲ ၾက့ံခိုင္မႈ ျပည့္၀ေနလို႔ အကယ္ဒမီက ကစားသမားေတြကို အခြင့္အေရး ေပးသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ လူငယ္ကစားသမားေတြ အမ်ားစု နဲ႔ မန္စီးတီးအသင္းဟာ ၾကာသပေတးေန႔ညက ကာရာေဘာင္ဖလားပြဲမွာ ဘုန္းေမာက္အသင္းကို (၂-၁) နဲ႔ အႏိုင္ရခဲ့ျပီး အသင္း ၁၇ ႏွစ္အရြယ္ တိုက္စစ္မွဴး ဒီလပ္ က ဖိုဒန္ရဲ႕ အႏိုင္ဂိုးမသြင္းေပးခင္ သူ႔ရဲ႕ပြဲဦးထြက္ဂိုးကို သြင္းေပးခဲ့တာလည္း ျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္ကစားသမား ဒြိဳင္လီ နဲ႔ အသက္ ၁၈ ႏွစ္ ဗဟိုေနာက္ခံလူ ေတလာဟား၀ုဒ္ဘယ္လစ္ တို႔လည္း ဂြါဒီယိုလာရဲ႕ အသင္းမွာ ေျခစြမ္းျပခဲ့ၾကလို႔ နည္းျပၾကီးက လာမယ့္အပတ္ေတြမွာလည္း သူတို႔ကို ထည့္သြင္းကစားသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ ဒီပြဲက ပဲြေကာင္းတစ္ပြဲျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔အသင္းက လူငယ္ကစားသမားေတြ အားလံုး ရဲ႕ စြမ္းေဆာင္ရည္ အျမင့္ဆံုးမွာ ရွိခဲ့ပါတယ္။ ေတလာ၊ တြမ္မီ၊ လီယမ္ တို႔ အားလံုးေကာင္းခဲ့ပါတယ္။  အသက္ ၁၇ ႏွစ္ပဲ ရိွေသးတဲ့ လီယမ္က ကၽြန္ေတ္ာတို႔ အသင္းမွာ မရွိတဲ့ ၾကံ့ခိုင္မႈ ပိုင္းဆိုင္ရာ မတူတဲ့ တိုက္စစ္မွဴး တစ္ေယာက္ျဖစ္ပါတယ္။ ေလ့က်င့္ေရးမွာ သူ႔ရဲ႕ အဆံုးသတ္ခ်က္ေတြကို ကၽြန္ေတာ္တို႔ ျမင္ခဲ့ပါတယ္။

အခုကေတာ့ စိတ္ေအးေအးနဲ႔ ဆက္ျပီး တိုးတက္ေအာင္ လုပ္ဖို႔ အခ်ိန္ပါ။ သူ႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ ၀မ္းသာမိပါတယ္။ ဒီလိုအေျခအေနမွာေတာ့ ကၽြန္ေတာ္တို႔မွာ အကယ္ဒမီက ကစားသမားေတြ လုိအပ္ပါတယ္။ ကၽြန္ေတာ့္တို႔မွာ ၾက့ံခိုင္မႈ ျပည့္၀တာ (၁၃) ေယာက္ပဲ ရွိပါတယ္။ အေရွ႕မွာလည္း ျပႆနာေတြ အမ်ားၾကီးရိိွေနပါတယ္” လို႔ ဂြါဒီယိုလာက ပြဲအျပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။