အသင်းကို ဟန်ဒါဆန် ရောက်ရှိလာသော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ဂိုးသမား ဒီဂီယာ

ဒီဂီယာက အသင်းကို ပွဲထွက်ခွင့် နေရာခြိမ်းခြောက်မယ့် လူငယ်ဂိုးသမား ဟန်ဒါဆန် ရောက်ရှိလာသော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဂိုးသမားဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အမှားအယွင်းအချို့ လုပ်ခဲ့လို့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးမေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအဖွင့်ပွဲ ခရစ္စတယ်ပဲလေ့စ်ကို (၃-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အသက် ၂၃ နှစ်အရွယ်ဂိုးသမား ဟန်ဒါဆန်ဆီကို ပွဲထွက်ကစားခွင့် သိပ်မကြာခင်မှာ လွှဲပြောင်းပေးရဖွယ်ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

“ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းကို ယုံကြည်ချက်ရှိပါတယ်။ အမြဲလည်း အကောင်းဘက်ကနေ ကြည့်တတ်ပါတယ်။ ဒါက ကျွန်တော့်အတွက် အရမ်းကို အရေးကြီးပါတယ်။ အခုကတော့ နိုင်ပွဲတွေ ပြန်ယူဖို့ နဲ့ ဆုဖလားတွေ ပြန်ယူဖို့ အချိန်ကျပါပြီ။ ဒါက ကျွန်တော်တို့အတွက် အခုလက်ရှိ အရေးအကြီးဆုံးပါ။ ကျွန်တော်ပြောသလို ကျွန်တော် အရမ်းအရမ်းကို နေရတာ အဆင်ပြေနေပါတယ်။

နေ့တိုင်း ဂိုးသမားတွေနဲ့ နည်းပြတွေနဲ့ လေ့ကျင့်ရေးဆင်းရတာ အရမ်းကို ကောင်းပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်ဆီက တစ်ယောက် လေ့လာသင်ယူနေပါတယ်။ လေ့ကျင့်နေရေးမှာ နောက်ထပ် ကောင်းတဲ့ ဂိုးသမား တစ်ယောက်ကို အမြဲမြင်တွေ့နေရတာ တစ်ကယ်ကို ကောင်းပါတယ်” လို့ ဒီဂီယာက ပြောသွားခဲ့တာဖြစ်ပါတယ်။

အသင္းကို ဟန္ဒါဆန္ ေရာက္ရွိလာေသာ္လည္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ခ်က္ အျပည့္ရွိတယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ဂိုးသမား ဒီဂီယာ

ဒီဂီယာက အသင္းကို ပြဲထြက္ခြင့္ ေနရာျခိမ္းေျခာက္မယ့္ လူငယ္ဂိုးသမား ဟန္ဒါဆန္ ေရာက္ရွိလာေသာ္လည္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ခ်က္အျပည့္ရွိတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ ယူနိုက္တက္ဂိုးသမားဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ အမွားအယြင္းအခ်ိဳ႕ လုပ္ခဲ့လို႔ သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ျပီးေမးခြန္းထုတ္ေနၾကတာ ျဖစ္ပါတယ္။

စပိန္လက္ေရြးစင္ဂိုးသမားဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအဖြင့္ပြဲ ခရစၥတယ္ပဲေလ့စ္ကို (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပဲြမွာ ပါ၀င္ကစားခြင့္ရခဲ့ေပမယ့္ အသက္ ၂၃ ႏွစ္အရြယ္ဂိုးသမား ဟန္ဒါဆန္ဆီကို ပြဲထြက္ကစားခြင့္ သိပ္မၾကာခင္မွာ လႊဲေျပာင္းေပးရဖြယ္ရွိတယ္လို႔ ေျပာဆိုေနၾကပါတယ္။

“ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ အရမ္းကို ယံုၾကည္ခ်က္ရွိပါတယ္။ အျမဲလည္း အေကာင္းဘက္ကေန ၾကည့္တတ္ပါတယ္။ ဒါက ကၽြန္ေတာ့္အတြက္ အရမ္းကို အေရးၾကီးပါတယ္။ အခုကေတာ့ ႏိုင္ပြဲေတြ ျပန္ယူဖို႔ နဲ႔ ဆုဖလားေတြ ျပန္ယူဖို႔ အခ်ိန္က်ပါျပီ။ ဒါက ကၽြန္ေတာ္တို႔အတြက္ အခုလက္ရွိ အေရးအၾကီးဆံုးပါ။ ကၽြန္ေတာ္ေျပာသလို ကၽြန္ေတာ္ အရမး္အရမ္းကို ေနရတာ အဆင္ေျပေနပါတယ္။

ေန႔တိုင္း ဂိုးသမားေတြနဲ႔ နည္းျပေတြနဲ႔ ေလ့က်င့္ေရးဆင္းရတာ အရမ္းကို ေကာင္းပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ တစ္ေယာက္ဆီက တစ္ေယာက္ ေလ့လာသင္ယူေနပါတယ္။ ေလ့က်င့္ေနေရးမွာ ေနာက္ထပ္ ေကာင္းတဲ့ ဂိုးသမား တစ္ေယာက္ကို အျမဲျမင္ေတြ႔ေနရတာ တစ္ကယ္ကို ေကာင္းပါတယ္” လို႔ ဒီဂီယာက ေျပာသြားခဲ့တာျဖစ္ပါတယ္။