ယူနိုက်တက်ရဲ့ နောက်တန်းအင်အားက လူခေါ်စရာ မလိုလောက်အောင်ကို ပြည့်စုံတယ်လို့ ဆိုလိုက်တဲ့ နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ နောက်တန်းအင်အားက လူခေါ်စရာ မလိုလောက်အောင်ကို အင်အားတောင့်တင်းတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ပထမဆုံးပွဲမှာပဲ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရလို့ ဆိုးလ်ရှားလည်း ဖိအားတွေအောက်ကို ရောက်နေတာ ဖြစ်ပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်အင်အားအတွက် အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက်တည်းကို ခေါ်ယူထားပြီး နောက်တန်းက မက်ဂွဲရား နဲ့ လင်ဒီလော့ဖ်တို့အတွဲရဲ့ စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

စနေနေ့ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပွဲမတိုင်မီ ဆိုးလ်ရှားက “ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ရဲ့ နောက်တန်းကစားပုံ ဘယ်လောက်တောင် ကောင်းသလဲဆိုတာ ကျွန်တော် တို့ သက်သေပြခဲ့ပြီးပါပြီ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က စွမ်းဆောင်ရည်က မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ အလွယ်တကူ ဂိုးတွေ ပေးခဲ့ရပါတယ်။ ဒါပေမယ့် မနှစ်က ကျွန်တော်တို့ ရဲ့ ခံစစ်အတွဲဖြစ်တဲ့ ဘာယီ နဲ့ မက်ဂွဲရားတို့ ဘယ်လောက်တောင် ကောင်းသလဲ ပြသခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းခဲ့ပါတယ်။

ဘာယေ ကြံ့ခိုင်မှု ပြန်ပြည့်ဝလာတာ အရမ်းကို ကောင်းပါတယ်။ သူတိုးတက်လာတာကို ကျွန်တော်တို့ မျှော်နေတာပါ။ ကျွန်တော့်ကစားသမားတွေအပေါ်ကို ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ ပိုကောင်းလာနေပါတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ယူႏိုက္တက္ရဲ႕ ေနာက္တန္းအင္အားက အရမ္းကို လူေခၚစရာ မလိုေလာက္ေအာင္ကို ျပည့္စံုတယ္လို႔ ဆိုလိုက္တဲ့ နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ေနာက္တန္းအင္အားက လူေခၚစရာ မလိုေလာက္ေအာင္ကို အင္အားေတာင့္တင္းတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ ပထမဆံုးပြဲမွာပဲ အိမ္ကြင္းမွာ ခရစၥတယ္ပဲေလ့စ္ကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ရလို႔ ဆိုးလ္ရွားလည္း ဖိအားေတြေအာက္ကို ေရာက္ေနတာ ျဖစ္ပါတယ္။ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းရဲ႕ ကြင္းလယ္အင္အားအတြက္ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ေယာက္တည္းကို ေခၚယူထားျပီး ေနာက္တန္းက မက္ဂြဲရား နဲ႔ လင္ဒီေလာ့ဖ္တို႔အတြဲရဲ႕ စြမ္းေဆာင္ရည္က ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

စေနေန႔ ဘရိုက္တန္အသင္းနဲ႔ ကစားမယ့္ ပြဲမတိုင္မီ ဆိုးလ္ရွားက “ျပီးခဲ့တဲ့ ရာသီက ကၽြန္ေတာ္တို႔ရဲ႕ ေနာက္တန္းကစားပံု ဘယ္ေလာက္ေတာင္ ေကာင္းသလဲဆိုတာ ကၽြန္ေတာ္ တို႔ သက္ေသျပခဲ့ျပီးပါျပီ။ ဟုတ္ပါတယ္။ ျပီးခဲ့တဲ့ အပတ္က စြမ္းေဆာင္ရည္က မေကာင္းခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ အလြယ္တကူ ဂိုးေတြ ေပးခဲ့ရပါတယ္။ ဒါေပမယ့္ မနွစ္က ကၽြန္ေတာ္တို႔ ရဲ႕ ခံစစ္အတြဲျဖစ္တဲ့ ဘာယီ နဲ႔ မက္ဂြဲရားတို႔ ဘယ္ေလာက္ေတာင္ ေကာင္းသလဲ ျပသခဲ့ဖူးပါတယ္။ ကၽြန္ေတာ္တို႔ အရမ္းေကာင္းခဲ့ပါတယ္။

ဘာေယ ၾကံ့ခိုင္မႈ ျပန္ျပည့္၀လာတာ အရမ္းကို ေကာင္းပါတယ္။ သူတိုးတက္လာတာကို ကၽြန္ေတာ္တို႔ ေမွ်ာ္ေနတာပါ။ ကၽြန္ေတာ့္ကစားသမားေတြအေပၚကို ကၽြန္ေတာ္ ယံုၾကည္မႈ ရွိပါတယ္။ ကၽြန္ေတာ္တို႔ ပိုေကာင္းလာေနပါတယ္” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။