ယူနိုက်တက်က အလိုရှိနေတဲ့ အူပါမီကာနိုအတွက် အပြောင်းအရွှေ့တံခါးဖွင့်ထားတယ်လို့ လစ်ပ်ဇစ်ဘက်က ပြောဆို

နွေရာသီအပြောင်းအရွှေ့မှာ အသင်းကြီးတွေကခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ နောက်ခံလူ အူပါမီကာနိုအနေနဲ့ လစ်ပ် ဇစ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားပေမယ့် သူရဲ့ အပြောင်းအရွှေ့အတွက် တံခါးဖွင့်ထားတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုထားတာကြောင့် အူပါမီကာနိုဟာ ၂၀၂၃ ခုနှစ်ဇန်နဝါရီအထိ လစ်ပ်ဇစ်မှာ ရှိနေ မှာဖြစ်ပါတယ်။


အစောပိုင်းတုန်းက အူပါမီကာနိုကို ခေါ်ယူဖို့အတွက် အာဆင်နယ်က ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် ကစားသမားက သက်ဆိုင် ရာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တာကြောင့် မခေါ်ယူဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ စာချုပ်သစ်အရ အူပါမီကာနိုရဲ့ စာချုပ်ပါလျော်ကြေးက ပေါင် ၅၃ သန်းမို့ သူကိုခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ စာချုပ်ပါလျော်ကြေးအတိုင်းပေးမယ်ဆို ရင် သူကိုခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။


Telefoot နဲ့ အင်တာဗျူးခဲ့ရာမှာတော့ အူပါမီကာနိုက “ အခုချိန်မှာ လစ်ပ်ဇစ်အသင်းနဲ့အတူ ရှိနေပါတယ်။ ကျွန်တော်အနေ နဲ့ သေချာတဲ့အသင်းမှာပဲ ဘောလုံးကစားချင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ လက်ရှိမှာလစ်ပ်ဇစ်အတွက်ပဲ အာရုံစိုက် ထားပါတယ်။ အပြောင်းအရွှေ့ဈေးကွက် မပိတ်သေးတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဘယ်သူမှ ကြိုတင် မပြောနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။


ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အဓိကဦးစားပေးဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ပြီးနောက်မှာတော့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ လုပ်ဆောင်နေသလို အားနည်း မှုတွေရှိနေတဲ့ ခံစစ်အတွက်လည်း နောက်ခံလူတစ်ဦး ရှာဖွေနေတယ်လို့ သိရပါတယ်။ အူပါမီကာနိုကလည်း သူရဲ့သူငယ် ချင်းဖြစ်တဲ့ ဒမ်ဘီလီနဲ့ တစ်သင်းတည်းမှာ အတူကစားချင်တယ်လို့လည်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ယူႏိုက္တက္က အလိုရွိေနတဲ့ အူပါမီကာႏိုအတြက္ အေျပာင္းအေရႊ႕တံခါးဖြင့္ထားတယ္လို႔ လစ္ပ္ဇစ္ဘက္က ေျပာဆို
ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းၾကီးေတြကေခၚယူဖို႔ စိတ္ဝင္စားျခင္းခံေနရတဲ့ ေနာက္ခံလူ အူပါမီကာႏိုအေနနဲ႔ လစ္ပ္ ဇစ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားေပမယ့္ သူရဲ႕ အေျပာင္းအေရႊ႕အတြက္ တံခါးဖြင့္ထားတယ္လို႔ အသင္းတာဝန္ရွိသူေတြက ေျပာခဲ့ပါတယ္။ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတာေၾကာင့္ အူပါမီကာႏိုဟာ ၂၀၂၃ ခုႏွစ္ဇန္နဝါရီအထိ လစ္ပ္ဇစ္မွာ ရွိေန မွာျဖစ္ပါတယ္။
အေစာပိုင္းတုန္းက အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ အာဆင္နယ္က ၾကိဳးပမ္းမႈေတြရွိခဲ့ေပမယ့္ ကစားသမားက သက္ဆိုင္ ရာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တာေၾကာင့္ မေခၚယူျဖစ္ခဲ့တာလည္း ျဖစ္ပါတယ္။ စာခ်ဳပ္သစ္အရ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးက ေပါင္ ၅၃ သန္းမို႔ သူကိုေခၚယူလိုတဲ့ အသင္းေတြအေနနဲ႔ စာခ်ဳပ္ပါေလ်ာ္ေၾကးအတိုင္းေပးမယ္ဆို ရင္ သူကိုေခၚယူႏိုင္မွာပဲ ျဖစ္ပါတယ္။
Telefoot နဲ႔ အင္တာဗ်ဴးခဲ့ရာမွာေတာ့ အူပါမီကာႏိုက “ အခုခ်ိန္မွာ လစ္ပ္ဇစ္အသင္းနဲ႔အတူ ရွိေနပါတယ္။ ကြ်န္ေတာ္အေန နဲ႔ ေသခ်ာတဲ့အသင္းမွာပဲ ေဘာလံုးကစားခ်င္ပါတယ္။ ကြ်န္ေတာ္ေျပာခဲ့သလိုပါပဲ။ လက္ရွိမွာလစ္ပ္ဇစ္အတြက္ပဲ အာရံုစိုက္ ထားပါတယ္။ အေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္ေသးတာေၾကာင့္ ဘာေတြျဖစ္လာမလဲဆိုတာကိုေတာ့ ဘယ္သူမွ ၾကိဳတင္ မေျပာႏိုင္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ အဓိကဦးစားေပးျဖစ္တဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔ အဆင္မေျပျဖစ္ၿပီးေနာက္မွာေတာ့ ဘာစီလိုနာေတာင္ပံကစားသမား ဒမ္ဘီလီကို ေခၚယူဖို႔ လုပ္ေဆာင္ေနသလို အားနည္း မႈေတြရွိေနတဲ့ ခံစစ္အတြက္လည္း ေနာက္ခံလူတစ္ဦး ရွာေဖြေနတယ္လို႔ သိရပါတယ္။ အူပါမီကာႏိုကလည္း သူရဲ႕သူငယ္ ခ်င္းျဖစ္တဲ့ ဒမ္ဘီလီနဲ႔ တစ္သင္းတည္းမွာ အတူကစားခ်င္တယ္လို႔လည္း ဝန္ခံခဲ့တယ္လို႔ သိရပါတယ္။