ကာတစ်ဂျုံးစ်က ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်မယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ လီဗာပူးနည်းပြ ကလော့ပ် ချီးကျူး


ပြီးခဲ့တဲ့နေ့က လီဗာပူးဟာ ကာရာဘောင်းဖလားတတိယအဆင့်အဖြစ် လိဂ်-၁ ကလပ် လင်ကွန်းစီးတီးနဲ့ ကစားခဲ့ရာမှာ တော့ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ လူငယ်ကစားသမားတစ်ဦးဖြစ် တဲ့ ကာတစ်ဂျုံးစ်လည်း ပါဝင်ကစားခွင့်ရခဲ့ပြီး ကိုယ်တိုင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာတော့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ကာတစ်ဂျုံးစ်ဟာ လီဗာပူးအသင်းကြီးမှာ ကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပေမယ့် ဖလားပြိုင် ပွဲမှာတော့ အသင်းရဲ့အဓိက,ကစားသမားတစ်ဦးအဖြစ်ပါဝင်ခွင့်ရနေသူလည်းဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ ကာတစ်ဂျုံးစ်ဟာ ကစားခွင့်ရတဲ့ ၁၆ ပွဲမှာ အသင်းအတွက် ၅ ဂိုးအထိသွင်းယူပေးထားတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။


လင်ကွန်စီးတီးကို အနိုင်ရတဲ့ပွဲအပြီးမှာတော့ လီဗာပူးလက်ထောက်နည်းပြဖြစ်တဲ့ လိုင်ဒါးစ်က ကာတစ်ဂျုံးစ်အနေနဲ့ အသက် ၁၆ နှစ်ကတည်းက အသင်းကိုရောက်ရှိနေခဲ့တာဖြစ်ပြီး သုံးနှစ်အတွင်းမှာ ခြေစွမ်းတိုးတက်မှုတွေရှိလာတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ လီဗာပူးနည်းပြဖြစ်တဲ့ ကလော့ပ်ကလည်း ကာတစ်ဂျုံးစ်အနေနဲ့ တစ်ချိန်မှာ လီဗာပူးရဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်လာမယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။


ပွဲအပြီးမှာတော့ ကာတစ်ဂျုံးစ်က “ ကျွန်တော်ကို ၁၀၀ ရာခိုင်နှုန်းယုံကြည်ပြီး အခွင့်အရေးပေးကစားတဲ့အချိန်တွေမှာ အကောင်းဆုံးကစားနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ကျွန်တော်အနေနဲ့စောင့်ဆိုင်း သွားမှာပါ။တစ်ချိန်မှာ လီဗာပူးအသင်းရဲ့ အဓိက,ကစားသမားအဖြစ် ကစားခွင့်ရမယ်လို့လည်း ယုံကြည်မှု အပြည့်အဝရှိပါ တယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ကာတစ္ဂ်ဳံးစ္က ၾကယ္ပြင့္ကစားသမားတစ္ေယာက္္ျဖစ္မယ္ဆိုတာ သက္ေသျပႏိုင္ခဲ့တယ္လို႔ လီဗာပူးနည္းျပ ကေလာ့ပ္ ခ်ီးက်ဴး
ၿပီးခဲ့တဲ့ေန႔က လီဗာပူးဟာ ကာရာေဘာင္းဖလားတတိယအဆင့္အျဖစ္ လိဂ္-၁ ကလပ္ လင္ကြန္းစီးတီးနဲ႔ ကစားခဲ့ရာမွာ ေတာ့ အရန္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ ဒီပြဲမွာ လူငယ္ကစားသမားတစ္ဦးျဖစ္ တဲ့ ကာတစ္ဂ်ံဳးစ္လည္း ပါဝင္ကစားခြင့္ရခဲ့ၿပီး ကိုယ္တိုင္ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ လီဗာပူးဟာ ကာရာေဘာင္းဖလား စတုတၳအဆင့္မွာေတာ့ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
အသက္ ၁၉ ႏွစ္ပဲရွိေသးတဲ့ ကာတစ္ဂ်ံဳးစ္ဟာ လီဗာပူးအသင္းၾကီးမွာ ကစားခြင့္ရဖို႔ ရုန္းကန္ေနရသူျဖစ္ေပမယ့္ ဖလားၿပိဳင္ ပြဲမွာေတာ့ အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးအျဖစ္ပါဝင္ခြင့္ရေနသူလည္းျဖစ္ပါတယ္။ ကြင္းလယ္တိုက္စစ္ကစားသမား တစ္ဦးျဖစ္တဲ့ ကာတစ္ဂ်ံဳးစ္ဟာ ကစားခြင့္ရတဲ့ ၁၆ ပြဲမွာ အသင္းအတြက္ ၅ ဂိုးအထိသြင္းယူေပးထားတဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။
လင္ကြန္စီးတီးကို အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ လီဗာပူးလက္ေထာက္နည္းျပျဖစ္တဲ့ လိုင္ဒါးစ္က ကာတစ္ဂ်ံဳးစ္အေနနဲ႔ အသက္ ၁၆ ႏွစ္ကတည္းက အသင္းကိုေရာက္ရွိေနခဲ့တာျဖစ္ၿပီး သံုးႏွစ္အတြင္းမွာ ေျခစြမ္းတိုးတက္မႈေတြရွိလာတယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ လီဗာပူးနည္းျပျဖစ္တဲ့ ကေလာ့ပ္ကလည္း ကာတစ္ဂ်ံဳးစ္အေနနဲ႔ တစ္ခ်ိန္မွာ လီဗာပူးရဲ႕ ၾကယ္ပြင့္ ကစားသမားတစ္ဦးျဖစ္လာမယ္ဆိုတာကို သက္ေသျပႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ကာတစ္ဂ်ံဳးစ္က “ ကြ်န္ေတာ္ကို ၁၀၀ ရာခိုင္ႏႈန္းယံုၾကည္ၿပီး အခြင့္အေရးေပးကစားတဲ့အခ်ိန္ေတြမွာ အေကာင္းဆံုးကစားႏိုင္ဖို႔ လုပ္ေဆာင္သြားမွာပါ။ အသင္းၾကီးမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ ကြ်န္ေတာ္အေနနဲ႔ေစာင့္ဆိုင္း သြားမွာပါ။တစ္ခ်ိန္မွာ လီဗာပူးအသင္းရဲ႕ အဓိက,ကစားသမားအျဖစ္ ကစားခြင့္ရမယ္လို႔လည္း ယံုၾကည္မႈ အျပည့္အဝရွိပါ တယ္” လို႔ ေျပာခဲ့ပါတယ္။