ဆိုစီဒက်နောက်ခံလူ လော်ရန်တီ ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူလိုက်နိုင်တဲ့ လိဒ်ယူနိုက်တက်

လိဒ်ယူနိုက်တက်အသင်းဟာ ဆိုစီဒက်နောက်ခံလူ လော်ရန်တီကို ခေါ်ယူလိုက်နိုင်ပြီလို့ ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်နောက်ခံလူကို ပေါင်သန်း ၂၀ နဲ့ (၄) နှစ်စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။ ကျောနံပါတ် (၁၄) ဝတ်ဆင်မယ့် လော်ရန်တီဟာ လိဒ်ယူနိုက်တက်အသင်းကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ရောက်ရှိလာတဲ့ ဒုတိယမြောက် စပိန်လက်ရွေးစင်ကစားသမားဖြစ်ပြီး သူ့ထက်အရင် ဗလင်စီယာက ရိုဒရီဂို ရောက်ရှိနေတာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာရတာနဲ့ ပတ်သက်ပြီး လော်ရန်တီက “ဒီမှာ ရှိနေရတာ ဂုဏ်ယူပြီး ကျွန်တော့်အတွက် ကောင်းတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချရတာလည်း အရမ်းကို လွယ်ကူပြီး အသင်းဖော်အသစ်တွေကို ကူညီသွားမှာလည်းဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

နောက်ခံလူဟာ ကစားသမားဘ၀ အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့ပေမယ့် ပထမအသင်းကြီးမှာ (၃) ပွဲသာ ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။နောက်ပိုင်းမှာ သူဟာ ဗယ်လီကာနို နဲ့ မာလာကာ အသင်းတွေထံ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ဆိုစီဒက်အသင်းကို ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် (၈၈) ပွဲကစားပေးကာ (၈) ဂိုးသွင်းပေးထားသူလည်း ဖြစ်ပါတယ်။

ဆုိစီဒက္ေနာက္ခံလူ ေလာ္ရန္တီ ကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူလိုက္ႏိုင္တဲ့ လိဒ္ယူႏိုက္တက္

လိဒ္ယူႏိုက္တက္အသင္းဟာ ဆိုစီဒက္ေနာက္ခံလူ ေလာ္ရန္တီကို ေခၚယူလိုက္ႏိုင္ျပီလို႔ ေၾကညာခ်က္ထုတ္ျပန္လိုက္ျပီျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ေနာက္ခံလူကို ေပါင္သန္း ၂၀ နဲ႔ (၄) ႏွစ္စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ေက်ာနံပါတ္ (၁၄) ၀တ္ဆင္မယ့္ ေလာ္ရန္တီဟာ လိဒ္ယူႏိုက္တက္အသင္းကို ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေရာက္ရွိလာတဲ့ ဒုတိယေျမာက္ စပိန္လက္ေရြးစင္ကစားသမားျဖစ္ျပီး သူ႔ထက္အရင္ ဗလင္စီယာက ရိုဒရီဂို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

လိဒ္ယူႏိုက္တက္အသင္းဆီကို ေရာက္ရွိလာရတာနဲ႔ ပတ္သက္ျပီး ေလာ္ရန္တီက “ဒီမွာ ရွိေနရတာ ဂုဏ္ယူျပီး ကၽြန္ေတာ့္အတြက္ ေကာင္းတဲ့ စိန္ေခၚမႈ တစ္ခုျဖစ္ပါတယ္။ ဆံုးျဖတ္ခ်က္ခ်ရတာလည္း အရမး္ကို လြယ္ကူျပီး အသင္းေဖာ္အသစ္ေတြကို ကူညီသြားမွာလည္းျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

ေနာက္ခံလူဟာ ကစားသမားဘ၀ အေစာပိုင္းတုန္းက ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားခဲ့ေပမယ့္ ပထမအသင္းၾကီးမွာ (၃) ပြဲသာ ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။ေနာက္ပိုင္းမွာ သူဟာ ဗယ္လီကာႏို နဲ႔ မာလာကာ အသင္းေတြထံ အငွားနဲ႔ သြားေရာက္ကစားခဲ့ရပါတယ္။ ဆိုစီဒက္အသင္းကို ၂၀၁၇ ခုႏွစ္က ေျပာင္းေရႊ႕ခဲ့ျပီး အသင္းအတြက္ (၈၈) ပြဲကစားေပးကာ (၈) ဂိုးသြင္းေပးထားသူလည္း ျဖစ္ပါတယ္။