ပေါ်တိုအသင်းက တောင်းတဲ့ ပေါင် ၁၇ သန်းကို မပေးချင်တဲ့ ယူနိုက်တက် အဲလက်စ်တဲလ်လက်စ်ကို ခေါ်ယူရန် ကြန့်ကြာနေ

ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလ်လက်စ်ကို ပေါင် ၁၇ သန်း မပေးချင်တဲ့အတွက် ဈေးဆစ်နေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်နောက်ခံလူရဲ့ စာချုပ်သက်တမ်းက နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်းကို ပေါ်တိုအသင်းက သတ်မှတ်ထားတဲ့ တန်ကြေးကို မပေးချင်နေတာဖြစ်ပါတယ်။အသင်းရဲ့ နောက်ခံလူ စမောလင်းကိုလည်း ရိုးမားအသင်းထံ ပြောင်းရွှေ့ခွင့်ပေးရန် ကမ်းလှမ်းမှုအတွက် ဆွေးနွေးနေပြီလို့လည်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ရိုးမားအသင်းဘက်ကနောက်ဆုံးကမ်းလှမ်းခဲ့တဲ့ ပေါင် ၁၂ သန်းကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖိုဒ့်ကလပ်အသင်းဟာ အသင်းက နောက်ခံလူ ဒါလော့တ်၊ ရိုမဲရိုး၊ ရိုဂျို ၊ ပါရဲရား နဲ့ ဖီးလ်ဂျုံးစ်တို့ကို ဝယ်မယ့်အသင်းတွေကိုလည်း ရှာဖွေရတာ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ လင်ဂတ်အတွက်လည်း အသင်းမှာ ဆက်ထားရမလား ၊ ဘာဆက်လုပ်ရမလဲဆိုတဲ့ အစီအစဉ်လည်း မရှိသေးဘူးဖြစ်နေပါတယ်။ တဲလ်လက်စ်ဟာ ပေါ်တိုအသင်းရဲ့ လိဂ်အဖွင့်ပွဲ ဘရာဂါ ကို(၃-၁) နဲ့ အနိုင်ရခဲ့ပွဲ၌ ဂိုးလည်းသွင်းပေးခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီက ပေါ်တိုအသင်းအတွက် (၁၃) ဂိုးသွင်းပေးခဲ့ပြီး (၁၂) ဂိုးဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဘရာဇီးကစားသမားဟာ ပေါ်တိုအသင်းဆီကို ၂၀၁၆ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပွဲပေါင်း ၂၀၀ နီးပါးကစားပေးထားပါတယ်။

ေပၚတိုအသင္းက ေတာင္းတဲ့ ေပါင္ ၁၇ သန္းကို မေပးခ်င္တဲ့ ယူႏိုက္တက္ အဲလက္စ္တဲလ္လက္စ္ကို ေခၚယူရန္ ၾကန္႔ၾကာေန

ယူႏိုက္တက္အသင္းဟာ ေပၚတိုအသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္တဲလ္လက္စ္ကို ေပါင္ ၁၇ သန္း မေပးခ်င္တဲ့အတြက္ ေစ်းဆစ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ေနာက္ခံလူရဲ႕ စာခ်ဳပ္သက္တမ္းက ေနာက္ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္တဲ့အတြက္ အသင္းကို ေပၚတိုအသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးကို မေပးခ်င္ေနတာျဖစ္ပါတယ္။အသင္းရဲ႕ ေနာက္ခံလူ စေမာလင္းကိုလည္း   ရိုးမားအသင္းထံ ေျပာင္းေရႊ႕ခြင့္ေပးရန္ ကမ္းလွမ္းမႈအတြက္ ေဆြးေႏြးေနျပီလို႔လည္း သိရပါတယ္။

ယူႏိုက္တက္အသင္းဟာ ရိုးမားအသင္းဘက္ကေနာက္ဆံုးကမ္းလွမ္းခဲ့တဲ့ ေပါင္ ၁၂ သန္းကို ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။ အိုးထရက္ဖုိဒ့္ကလပ္အသင္းဟာ အသင္းက ေနာက္ခံလူ ဒါေလာ့တ္၊ ရိုမဲရိုး၊ ရိုဂ်ိဳ ၊ ပါရဲရား နဲ႔ ဖီးလ္ဂ်ံဳးစ္တို႔ကို ၀ယ္မယ့္အသင္းေတြကိုလည္း ရွာေဖြရတာ ခက္ခဲေနတယ္လို႔လည္း သိရပါတယ္။

ယူႏိုက္တက္အသင္းဟာ ကြင္းလယ္လူ လင္ဂတ္အတြက္လည္း အသင္းမွာ ဆက္ထားရမလား ၊ ဘာဆက္လုပ္ရမလဲဆိုတဲ့ အစီအစဥ္လည္း မရွိေသးဘူးျဖစ္ေနပါတယ္။ တဲလ္လက္စ္ဟာ ေပၚတိုအသင္းရဲ႕ လိဂ္အဖြင့္ပြဲ ဘရာဂါ ကို(၃-၁) နဲ႔ အႏိုင္ရခဲ့ပြဲ၌ ဂိုးလည္းသြင္းေပးခဲ့ပါတယ္။ သူဟာ ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီက ေပၚတိုအသင္းအတြက္ (၁၃) ဂိုးသြင္းေပးခဲ့ျပီး (၁၂) ဂိုးဖန္တီးေပးခဲ့သူလည္း ျဖစ္ပါတယ္။ ဘရာဇီးကစားသမားဟာ ေပၚတိုအသင္းဆီကို ၂၀၁၆ ခုႏွစ္ကတည္းက ေရာက္ရွိလာခဲ့သူ ျဖစ္ျပီး ပြဲေပါင္း ၂၀၀ နီးပါးကစားေပးထားပါတယ္။