လမ်းပတ်ရဲ့ အသင်းမှာ ပွဲထွက်ကစားခွင့် တဖြည်းဖြည်း ပျောက်ဆုံးနေတဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေတဲ့ ဗဟိုနောက်ခံလူ ရူဒီဂါကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားဟာ မနေ့ညက ဘန်စ်လေအသင်းကို (၆-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြင် လမ်းပတ်ရဲ့ နောက်ဆုံး (၂) ပွဲစလုံးကနေ ချန်လှပ်ထားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ရူဒီဂါရဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနေမှုအပေါ် ဥရောပက ထိပ်သီးအသင်းတော်တော်များများကလည်း စိတ်ဝင်စားနေပြီး ဂျာမန်သတင်းစာ Kicker က ဖော်ပြချက်အရ ဘာစီလိုနာ နဲ့ အသင်းဟောင်း ရိုးမားတို့ကို လာမယ့်အပတ်အတွင်း ရူဒီဂါကို ကမ်းလှမ်းရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ချဲလ်ဆီးအသင်းဘက်ကတော့ စာချုပ်သက်တမ်းတိုးလိုနေတာ ဖြစ်ပါတယ်။

လီဂူး ၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းကလည်း တစ်နှစ်အငှားနဲ့ ခေါ်ယူလိုနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါသေးတယ်။ အသက် ၂၇ နှစ်အရွယ် ရူဒီဂါဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းအတွက် (၂၆) ပွဲကစားထားပေမယ့် စတန်းဖိုဒ့်ဘရစ်ချ် မှာ ဇူးမား၊ ခရစ္စတန်ဆန်၊ တိုမိုရီ နဲ့ အသစ်ခေါ်ယူထားတဲ့ သီယာဂိုဆေးလ်ဗား တို့ နောက်မှသာ ပွဲထွက်ခွင့် ရရှိဖွယ်ရှိနေတာဖြစ်ပါတယ်။

လမ္းပတ္ရဲ႕ အသင္းမွာ ပြဲထြက္ကစားခြင့္ တျဖည္းျဖည္း ေပ်ာက္ဆံုးေနတဲ့ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ခ်ဲလ္ဆီးအသင္းမွာ ပြဲထြက္ကစားခြင့္ ေပ်ာက္ဆံုးေနတဲ့ ဗဟိုေနာက္ခံလူ ရူဒီဂါကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဂ်ာမနီလက္ေရြးစင္ကစားသမားဟာ မေန႔ညက ဘန္စ္ေလအသင္းကို (၆-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအျပင္ လမ္းပတ္ရဲ႕ ေနာက္ဆံုး (၂) ပြဲစလံုးကေန ခ်န္လွပ္ထားျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။

ရူဒီဂါရဲ႕ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနမႈအေပၚ ဥေရာပက ထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ားကလည္း စိတ္၀င္စားေနျပီး ဂ်ာမန္သတင္းစာ Kicker က ေဖာ္ျပခ်က္အရ ဘာစီလိုနာ နဲ႔ အသင္းေဟာင္း ရိုးမားတို႔ကို လာမယ့္အပတ္အတြင္း ရူဒီဂါကို ကမ္းလွမ္းရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ရူဒီဂါဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးျပီး ခ်ဲလ္ဆီးအသင္းဘက္ကေတာ့ စာခ်ဳပ္သက္တမ္းတုိးလိုေနတာ ျဖစ္ပါတယ္။

လီဂူး ၁ ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းကလည္း တစ္ႏွစ္အငွားနဲ႔ ေခၚယူလိုေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚလာပါေသးတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ရူဒီဂါဟာ ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းအတြက္ (၂၆) ပြဲကစားထားေပမယ့္ စတန္းဖိုဒ့္ဘရစ္ခ်္ မွာ ဇူးမား၊ ခရစၥတန္ဆန္၊ တိုမိုရီ နဲ႔ အသစ္ေခၚယူထားတဲ့ သီယာဂိုေဆးလ္ဗား တို႔ ေနာက္မွသာ ပြဲထြက္ခြင့္ ရရွိဖြယ္ရွိေနတာျဖစ္ပါတယ္။