ရီးရဲလ်နည်းပြ ဇီဒန်းက နေရာမရဖြစ်နေတဲ့ မာရက်ဇ်ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့တယ်ဆိုပေမယ့် မန်စီးတီးဘက်က ရောင်းချမှာ မဟုတ်ဘူးလို့ ဂျာနယ်လစ် ရိုမာနို ဖော်ပြခဲ့


ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ Foot Mercato က မန်စီးတီးမှာ ပုံမှန်ကစားခွင့်မရဖြစ်နေတဲ့ တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်နည်းပြ ဇီဒန်းအနေနဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ရီးရဲလ်ဘက်ကတာဝန်ရှိသူတွေအနေနဲ့ မာရက်ဇ်ရဲ့ပြောင်းရွှေ့ကြေး အတွက် ဘယ်လောက်နဲ့ ကမ်း လှမ်းခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။


ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရိုမာနိုကတော့ မန်စီးတီးအသင်းတာဝန်ရှိသူတွေကတော့ သူရဲ့တောင်ပံကစားသမားကို ရောင်း ချမှာ မဟုတ်ဘူးလို့ ရေးသားခဲ့သလို ရီးရဲလ်က မာရက်ဇ်ကို ခေါ်ယူဖို့သတင်းတွေကလည်း မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ပါ တယ်။ မာရက်ဇ်ဟာ ဝုလ်ဗာဟမ်တန်ကို အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအတွက် ပါဝင်ကစားခွင့်မရခဲ့ပေမယ့် ဒီနေ့ညမှာ ကစားမယ့် ဘုန်းမောက်နဲ့ လိဂ်ဖလားပွဲစဉ်မှာတော့ ပါဝင်ကစားရဖို့ ရှိနေတယ်လို့လည်း ရိုမာနိုက ရေးသားခဲ့ တာ ဖြစ်ပါတယ်။


ရိုမာနိုက ပြီးခဲ့တဲ့ရာသီတုန်းက မာရက်ဇ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတယ်ဆိုပေမယ့် ဖလားပွဲစဉ်တွေမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း မာရက်ဇ်အနေနဲ့ မန်စီးတီးမှာ ပျော်ရွှင်နေတာ ကြောင့် ပွဲထွက်ကစားသမားနေရာရဖို့ အတွက် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၅၀ အထိကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။


နွေရာသီအပြောင်းအရွှေ့ဈေးကွက် စဖွင့်တဲ့ အချိန်တုန်းက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ မာရက်ဇ်အပြင် ဘာနာဒိုဆေးလ်ဗားနဲ့ ဂျီးဆပ်စ်တို့ မန်စီးတီးကနေ ထွက်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးအသင်း တာဝန်ရှိသူတွေက ဒီကစားသမားတွေဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတွေဖြစ်တာကြောင့် ဆက်ထိန်းထားဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။

zawgyi version

ရီးရဲလ္နည္းျပ ဇီဒန္းက ေနရာမရျဖစ္ေနတဲ့ မာရက္ဇ္ကို ေခၚယူဖို႔ ဆက္သြယ္ခဲ့တယ္ေပမယ့္ မန္စီးတီးဘက္က ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ဂ်ာနယ္လစ္ ရိုမာႏို ေဖာ္ျပခဲ့
ျပင္သစ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Foot Mercato က မန္စီးတီးမွာ ပံုမွန္ကစားခြင့္မရျဖစ္ေနတဲ့ ေတာင္ပံကစားသမား မာရက္ဇ္ကို ေခၚယူဖို႔အတြက္ ရီးရဲလ္နည္းျပ ဇီဒန္းအေနနဲ႔ ဆက္သြယ္မႈျပဳလုပ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ သတင္းစာရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ရီးရဲလ္ဘက္ကတာဝန္ရွိသူေတြအေနနဲ႔ မာရက္ဇ္ရဲ႕ေျပာင္းေရႊ႕ေၾကး အတြက္ ဘယ္ေလာက္နဲ႔ ကမ္း လွမ္းခဲ့တယ္ဆိုတာကိုေတာ့ ေဖာ္ျပထားျခင္းမရွိဘူးလို႔ သိရပါတယ္။
ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ရိုမာႏိုကေတာ့ မန္စီးတီးအသင္းတာဝန္ရွိသူေတြကေတာ့ သူရဲ႕ေတာင္ပံကစားသမားကို ေရာင္း ခ်မွာ မဟုတ္ဘူးလို႔ ေရးသားခဲ့သလို ရီးရဲလ္က မာရက္ဇ္ကို ေခၚယူဖို႔သတင္းေတြကလည္း မဟုတ္မွန္ေၾကာင္း ေျပာဆိုခဲ့ပါ တယ္။ မာရက္ဇ္ဟာ ဝုလ္ဗာဟမ္တန္ကို အႏိုင္ရတဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္စီးတီးအတြက္ ပါဝင္ကစားခြင့္မရခဲ့ေပမယ့္ ဒီေန႔ညမွာ ကစားမယ့္ ဘုန္းေမာက္နဲ႔ လိဂ္ဖလားပြဲစဥ္မွာေတာ့ ပါဝင္ကစားရဖို႔ ရွိေနတယ္လို႕လည္း ရိုမာႏိုက ေရးသားခဲ့ တာ ျဖစ္ပါတယ္။
ရိုမာႏိုက ၿပီးခဲ့တဲ့ရာသီတုန္းက မာရက္ဇ္အေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ခဲ့ရတယ္ဆိုေပမယ့္ ဖလားပြဲစဥ္ေတြမွာ အဓိက ကစားသမားအျဖစ္ ပါဝင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ လက္ရွိမွာလည္း မာရက္ဇ္အေနနဲ႔ မန္စီးတီးမွာ ေပ်ာ္ရႊင္ေနတာ ေၾကာင့္ ပြဲထြက္ကစားသမားေနရာရဖို႔ အတြက္ ၾကိဳးစားသြားမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ မာရက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအတြက္ ၿပိဳင္ပြဲစံုမွာ ပြဲေပါင္း ၅၀ အထိကစားခြင့္ရခဲ့သူလည္း ျဖစ္ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ စဖြင့္တဲ့ အခ်ိန္တုန္းက အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရတဲ့ မာရက္ဇ္အျပင္ ဘာနာဒိုေဆးလ္ဗားနဲ႔ ဂ်ီးဆပ္စ္တို႔ မန္စီးတီးကေန ထြက္ဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ မန္စီးတီးအသင္း တာဝန္ရွိသူေတြက ဒီကစားသမားေတြဟာ အသင္းအတြက္ အေရးပါတဲ့ကစားသမားေတြျဖစ္တာေၾကာင့္ ဆက္ထိန္းထားဖို႔ ၾကိဳးစားသြားမွာ ျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။