၂ ကိုက်အကွာက ဘောလုံးကို ထိအောင်မကန်နိုင်ခဲ့တာကြောင့် ဟက်ထရစ်မရခဲ့တဲ့ နယူးကာဆယ်တိုက်စစ်မှူး ဂျိုလင်တန်


ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလား တတိယအဆင့်ပွဲစဉ်မှာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ဟာ လိဂ်-၂ ကလပ် မိုကမ်ဘီကို ခုနှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် တိုက်စစ်မှူး ဂျိုလင်တန်ကတော့ အဲ့ဒီပွဲမှာ ဟက်ထရစ်သွင်း ယူနိုင်မယ့် အခွင့်အရေးကို အံအားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။ ဂျိုလင်တန်ဟာ မိုကမ်ဘီနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်ကို ပေါင်သန်း ၄၀ နဲ့ ဟော့ဖန်ဟိမ်းကနေ ရောက်ရှိလာတဲ့ ဂျိုလင်တန်ဟာ ခြေစွမ်းမပြနိုင်မှု ကြောင့် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။ မိုကမ်ဘီနဲ့ပွဲမှာ ဂျိုလင်တန်အနေနဲ့ ပွဲအစ ၅ မိနစ်မှာပဲ နယူးကာဆယ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့နိုင်တာဖြစ်ပါတယ်။ မိုကမ်ဘီနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဟက်ထရစ်ရမယ့်အခွင့်အရေးကို လွဲချော် ခဲ့တာကြောင့် ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။


ဂျိုလင်တန်ဟာ အသင်းဖော်ဖြစ်တဲ့ မာဖီရဲ့ကန်သွင်းချက်ကနေ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးသမားမရှိတဲ့ ဂိုး ပေါက်ထဲ နှစ်ကိုက်အကွာကနေ ပိတ်သွင်းယူဖို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်တာကြောင့် ဟက်ထရစ်ရမယ့် အခွင့် အရေးကို လွဲချော်ခဲ့တာပဲ ဖြစ်ပါတယ်။ နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်ကတော့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျိုလင်တန်ကို ဝယ်ယူထားပေမယ့် သူက ဂိုးသွင်းကောင်းသူတစ်ယောက်မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။


ဂျိုလင်တန်ဟာ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ သွင်းဂိုး ၆ ဂိုးသာ သွင်းယူနိုင်ထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လေးဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဂျိုလင်တန်ဟာ နယူးကာဆယ်အတွက် တစ်ပွဲတည်းမှာ နှစ်ဂိုးသွင်းယူနိုင်တာ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

zawgyi version

၂ ကိုက္အကြာက ေဘာလံုးကို ထိေအာင္မကန္ႏိုင္ခဲ့တာေၾကာင့္ ဟက္ထရစ္မရခဲ့တဲ့ နယူးကာဆယ္တိုက္စစ္မွဴး ဂ်ိဳလင္ တန္
ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ အဂၤလန္လိဂ္ဖလား တတိယအဆင့္ပြဲစဥ္မွာ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္ဟာ လိဂ္-၂ ကလပ္ မိုကမ္ဘီကုိ ခုႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တယ္ဆိုေပမယ့္ တိုက္စစ္မွဴး ဂ်ိဳလင္တန္ကေတာ့ အဲ့ဒီပြဲမွာ ဟက္ထရစ္သြင္း ယူႏိုင္မယ့္ အခြင့္အေရးကို အံအားသင့္ဖြယ္ လြဲေခ်ာ္ခဲ့ပါတယ္။ ဂ်ိဳလင္တန္ဟာ မိုကမ္ဘီနဲ႔ပြဲမွာ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက နယူးကာဆယ္ကို ေပါင္သန္း ၄၀ နဲ႔ ေဟာ့ဖန္ဟိမ္းကေန ေရာက္ရွိလာတဲ့ ဂ်ိဳလင္တန္ဟာ ေျခစြမ္းမျပႏိုင္မႈ ေၾကာင့္ ေဝဖန္ခံေနရသူလည္း ျဖစ္ပါတယ္။ မိုကမ္ဘီနဲ႔ပြဲမွာ ဂ်ိဳလင္တန္အေနနဲ႔ ပြဲအစ ၅ မိနစ္မွာပဲ နယူးကာဆယ္အတြက္ အဖြင့္ဂိုးသြင္းယူခဲ့ႏိုင္တာျဖစ္ပါတယ္။ မိုကမ္ဘီနဲ႔ပြဲမွာ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဟက္ထရစ္ရမယ့္အခြင့္အေရးကို လြဲေခ်ာ္ ခဲ့တာေၾကာင့္ ေဝဖန္ခံေနရတာလည္းျဖစ္ပါတယ္။
ဂ်ိဳလင္တန္ဟာ အသင္းေဖာ္ျဖစ္တဲ့ မာဖီရဲ႕ကန္သြင္းခ်က္ကေန တိုင္ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလံုးကို ဂိုးသမားမရွိတဲ့ ဂိုး ေပါက္ထဲ ႏွစ္ကိုက္အကြာကေန ပိတ္သြင္းယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္ အသံုးမခ်ႏိုင္တာေၾကာင့္ ဟက္ထရစ္ရမယ့္ အခြင့္ အေရးကို လြဲေခ်ာ္ခဲ့တာပဲ ျဖစ္ပါတယ္။ နယူးကာဆယ္နည္းျပ စတိဗ္ဘရုစ္ကေတာ့ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ိဳလင္တန္ကို ဝယ္ယူထားေပမယ့္ သူက ဂိုးသြင္းေကာင္းသူတစ္ေယာက္မဟုတ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
ဂ်ိဳလင္တန္ဟာ နယူးကာဆယ္အတြက္ ၿပိဳင္ပြဲစံု ၄၈ ပြဲမွာ သြင္းဂိုး ၆ ဂိုးသာ သြင္းယူႏိုင္ထားသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ေလးဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ ဂ်ိဳလင္တန္ဟာ နယူးကာဆယ္အတြက္ တစ္ပြဲတည္းမွာ ႏွစ္ဂိုးသြင္းယူႏိုင္တာ ပထမဆံုးပြဲလည္း ျဖစ္ခဲ့ပါတယ္။