အဲဗာတန်အသင်းရဲ့ တစ်ရာသီအကောင်းဆုံးကစားသမားဆု ရခဲ့တဲ့ ရစ်ချာလီဆင်ကို ဂုဏ်ပြုပေးခဲ့တဲ့ နေမာ


ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပြီးခဲ့တဲ့ဘောလုံးရာသီက အဲဗာတန်အသင်းအတွက် တစ်ရာသီလုံးအကောင်းဆုံးကစား သမားဆုရခဲ့တဲ့ ဘရာဇီးအသင်းဖော် ရစ်ချာလီဆင်အတွက် အဲဗာတန်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်မှာ ဂုဏ်ပြု ပေးခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ရစ်ချာလီဆင်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဲဗာတန်အသင်းရဲ့ တစ်ရာသီအကောင်းဆုံးဆု ရခဲ့တဲ့ ရစ်ချာလီဆင်အတွက် နေမာက အဲဗာတန်ရဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာကနေတဆင့် ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။ နေမာနဲ့ ရစ်ချာလီဆင်တို့ဟာ ဘရာဇီး လက်ရွေးစင်အသင်းမှာ အသင်းဖော်တွေဖြစ်ပြီး နေမာက သူရဲ့စံပြကစားသမားဖြစ်တယ်လို့ ရစ်ချာလီဆင်က ထုတ်ဖော် ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။


အဲဗာတန်ရဲ့ တရားဝင်တွစ်တာအကောင့်မှာ နေမာအနေနဲ့ ရစ်ချာလီဆင်ကို ဂုဏ်ပြုတဲ့ ဗီဒီယိုဖိုင်ကို လာရောက်တင်ခဲ့တာ ပဲ ဖြစ်ပါတယ်။ နေမာက “ အကောင်းဆုံးရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ မင်းရဲ့သွင်းဂိုးတွေနဲ့ မင်းရဲ့အသင်းကိုကူညီနိုင် မယ်လို့ မျှော်လင့်ပြီးသားပါ။ မင်းအနေနဲ့ အကောင်းဆုံးလုပ်နိုင်ဖို့လည်း အမြဲဆုတောင်းပေးနေပါတယ်။ အခု အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပြီ။ဒါက အရမ်းကို ကျွန်တော်အတွက် ကျေနပ်စေပါတယ်” လို့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။


တွစ်တာကနေတဆင့် ရစ်ချာလီဆင်ကလည်း “ ဒီနေ့က ကျွန်တော်အတွက် အထူးကံကောင်းတဲ့နေ့လို့ ဆိုရမှာပါ။ အသင်း ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ အသင်းမှာရှိတဲ့သူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နေမာဆီက အံသြဖွယ်ရာ ဂုဏ်ပြုမှုရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ အခုချိန်မှာ ပြောစရာစကားလုံးမရှိသေးပေမယ့် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြန်လည်ရေးသားခဲ့တာ ဖြစ်ပါတယ်။

zawgyi version

အဲဗာတန္အသင္းရဲ႕ တစ္ရာသီအေကာင္းဆံုးကစားသမားဆု ရခဲ့တဲ့ ရစ္ခ်ာလီဆင္ကို ဂုဏ္ျပဳေပးခဲ့တဲ့ ေနမာ
ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာက ၿပီးခဲ့တဲ့ေဘာလံုးရာသီက အဲဗာတန္အသင္းအတြက္ တစ္ရာသီလံုးအေကာင္းဆံုးကစား သမားဆုရခဲ့တဲ့ ဘရာဇီးအသင္းေဖာ္ ရစ္ခ်ာလီဆင္အတြက္ အဲဗာတန္အသင္းရဲ႕ တရားဝင္တြစ္တာအေကာင့္မွာ ဂုဏ္ျပဳ ေပးခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္ရွိၿပီျဖစ္တဲ့ ရစ္ခ်ာလီဆင္ဟာ ၿပီးခဲ့တဲ့ရာသီက အဲဗာတန္အတြက္ ၿပိဳင္ပြဲစံု ၄၁ ပြဲမွာ ၁၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အဲဗာတန္အသင္းရဲ႕ တစ္ရာသီအေကာင္းဆံုးဆု ရခဲ့တဲ့ ရစ္ခ်ာလီဆင္အတြက္ ေနမာက အဲဗာတန္ရဲ႕ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ တြစ္တာကေနတဆင့္ ဂုဏ္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ေနမာနဲ႔ ရစ္ခ်ာလီဆင္တို႔ဟာ ဘရာဇီး လက္ေရြးစင္အသင္းမွာ အသင္းေဖာ္ေတြျဖစ္ၿပီး ေနမာက သူရဲ႕စံျပကစားသမားျဖစ္တယ္လို႔ ရစ္ခ်ာလီဆင္က ထုတ္ေဖာ္ ေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။
အဲဗာတန္ရဲ႕ တရားဝင္တြစ္တာအေကာင့္မွာ ေနမာအေနနဲ႔ ရစ္ခ်ာလီဆင္ကို ဂုဏ္ျပဳတဲ့ ဗီဒီယိုဖိုင္ကို လာေရာက္တင္ခဲ့တာ ပဲ ျဖစ္ပါတယ္။ ေနမာက “ အေကာင္းဆံုးရတဲ့အတြက္ ေပ်ာ္ရႊင္မိပါတယ္။ မင္းရဲ႕သြင္းဂိုးေတြနဲ႔ မင္းရဲ႕အသင္းကိုကူညီႏိုင္ မယ္လို႔ ေမွ်ာ္လင့္ၿပီးသားပါ။ မင္းအေနနဲ႔ အေကာင္းဆံုးလုပ္ႏိုင္ဖို႔လည္း အျမဲဆုေတာင္းေပးေနပါတယ္။ အခု အသင္းရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ရယူႏိုင္ခဲ့ၿပီ။ဒါက အရမ္းကို ကြ်န္ေတာ္အတြက္ ေက်နပ္ေစပါတယ္” လို႔ ရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။
တြစ္တာကေနတဆင့္ ရစ္ခ်ာလီဆင္ကလည္း “ ဒီေန႔က ကြ်န္ေတာ္အတြက္ အထူးကံေကာင္းတဲ့ေန႔လို႔ ဆိုရမွာပါ။ အသင္း ရဲ႕ အေကာင္းဆံုးကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။ အသင္းမွာရွိတဲ့သူေတြနဲ႔ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ ေနမာဆီက အံၾသဖြယ္ရာ ဂုဏ္ျပဳမႈရတဲ့အတြက္လည္း ေပ်ာ္ရႊင္မိပါတယ္။ အခုခ်ိန္မွာ ေျပာစရာစကားလံုးမရွိေသးေပမယ့္ အားလံုးကို ေက်းဇူးတင္ပါတယ္” လို႔ ျပန္လည္ေရးသားခဲ့တာ ျဖစ္ပါတယ္။