ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဒယ်လီအလီ ကို အသင်းမှာ ဆက်ရှိဖို့ အလိုရှိနေတဲ့ စပါးနည်းပြ မော်ရင်ဟို


စပါးနည်းပြ မော်ရင်ဟိုက ပီအက်စ်ဂျီအသင်းရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီ ကို အသင်းမှာ ဆက်ရှိဖို့အတွက် အလိုရှိနေတယ်လို့ ပြောခဲ့ပြီး ဒီနေ့ညမှာ ကစားမယ့်ယူရိုပါလိဂ်ပွဲစဉ်မှာ ကစားစေမှာဖြစ် ကြောင်း ပြောခဲ့ပါတယ်။ ဒယ်လီအလီဟာ စပါးအသင်းရဲ့ နောက်ဆုံးပွဲစဉ် နှစ်ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်ကစားသ မားအဖြစ်တောင် ပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဒယ်လီအလီဟာ ပြီးခဲ့တဲ့ရာသီက စပါးအတွက် ပြိုင်ပွဲစုံမှာ ၃၈ ပွဲအထိပါဝင်ကစားပေးခဲ့ပြီး ခြေ စွမ်းပြနိုင်ခဲ့တာကြောင့် သူကို ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာတော့ ရီးရဲလ်နဲ့ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင် စားနေခဲ့ကြတာ ဖြစ်ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကတော့ ဒယ်လီအလီအနေနဲ့ ဒဏ်ရာပြဿနာကြောင့်ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရပေမယ့် ဒီနေ့ညမှာ ကစားမယ့် စကန်ဒီဂျာနဲ့ ယူရိုပါလိဂ်ပွဲမှာ ပါဝင်ကစားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။


စပါးနည်းပြ မော်ရင်ဟိုက “ အလီအနေနဲ့ ကျွန်တော်တို့အတူ မက်ဆီဒိုးနီးယားကို ပါလာခဲ့ပါတယ်။ ဒယ်လီအလီမှာ အခွင့် အရေးရှိတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ သူအနေနဲ့ အခွင့်အရေးရတဲ့အချိန်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ ကြိုးစားရ မှာပါ။ ကစားသမားတိုင်းအနေနဲ့ ခြေစွမ်းပြနိုင်မှာသာ ပွဲထွက်ခွင့်နေရာအတွက် သေချာမှာဖြစ်ပါတယ်။ တစ်မိနစ်ပဲ ဖြစ်စေ ၊ တစ်ပွဲလုံးဖြစ်စေ ကစားခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးကြိုးစားနေဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဒယ်လီအလီကို ပီအက်စ်ဂျီအသင်းကခေါ်ယူဖို့ ဆက်သွယ်နေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်ခဲ့ရာမှာ တော့ မော်ရင်ဟိုက “ ဒယ်လီအလီအနေနဲ့ MK ဒွန်းစ်အသင်းကနေ စပါးကို ရောက်လာတယ်ဆိုတာ လူတိုင်းသိပါတယ်။ သူအနေနဲ့ အသင်းမှာ ခြေစွမ်းပြနိုင်သလို ကစားသမားကောင်းတစ်ဦးဖြစ်တာကြောင့် အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင် စားနေတာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သူကိုအသင်းမှာ ဆက်နေစေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ပီအက္စ္ဂ်ီရဲ႕ စိတ္ဝင္စားျခင္းခံေနရတဲ့ ဒယ္လီအလီ ကို အသင္းမွာ ဆက္ရွိဖို႔ အလိုရွိေနတဲ့ စပါးနည္းျပ ေမာ္ရင္ဟို
စပါးနည္းျပ ေမာ္ရင္ဟိုက ပီအက္စ္ဂ်ီအသင္းရဲ႕ ေခၚယူဖို႔ စိတ္ဝင္စားျခင္းခံေနရတဲ့ ကြင္းလယ္ကစားသမား ဒယ္လီအလီ ကို အသင္းမွာ ဆက္ရွိဖို႔အတြက္ အလိုရွိေနတယ္လို႔ ေျပာခဲ့ၿပီး ဒီေန႔ညမွာ ကစားမယ့္ယူရိုပါလိဂ္ပြဲစဥ္မွာ ကစားေစမွာျဖစ္ ေၾကာင္း ေျပာခဲ့ပါတယ္။ ဒယ္လီအလီဟာ စပါးအသင္းရဲ႕ ေနာက္ဆံုးပြဲစဥ္ ႏွစ္ပြဲမွာ ပါဝင္ကစားခြင့္မရခဲ့ဘဲ အရန္ကစားသ မားအျဖစ္ေတာင္ ပါဝင္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။
အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ ဒယ္လီအလီဟာ ၿပီးခဲ့တဲ့ရာသီက စပါးအတြက္ ၿပိဳင္ပြဲစံုမွာ ၃၈ ပြဲအထိပါဝင္ကစားေပးခဲ့ၿပီး ေျခ စြမ္းျပႏိုင္ခဲ့တာေၾကာင့္ သူကို ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ ရီးရဲလ္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္ စားေနခဲ့ၾကတာ ျဖစ္ပါတယ္။ စပါးနည္းျပ ေမာ္ရင္ဟိုကေတာ့ ဒယ္လီအလီအေနနဲ႔ ဒဏ္ရာျပႆနာေၾကာင့္ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ရေပမယ့္ ဒီေန႔ညမွာ ကစားမယ့္ စကန္ဒီဂ်ာနဲ႔ ယူရိုပါလိဂ္ပြဲမွာ ပါဝင္ကစားမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။
စပါးနည္းျပ ေမာ္ရင္ဟိုက “ အလီအေနနဲ႔ ကြ်န္ေတာ္တို႔အတူ မက္ဆီဒိုးနီးယားကို ပါလာခဲ့ပါတယ္။ ဒယ္လီအလီမွာ အခြင့္ အေရးရွိတယ္လို႔ ကြ်န္ေတာ္ေျပာခဲ့ပါတယ္။ သူအေနနဲ႔ အခြင့္အေရးရတဲ့အခ်ိန္မွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ဖို႔ ၾကိဳးစားရ မွာပါ။ ကစားသမားတိုင္းအေနနဲ႔ ေျခစြမ္းျပႏိုင္မွာသာ ပြဲထြက္ခြင့္ေနရာအတြက္ ေသခ်ာမွာျဖစ္ပါတယ္။ တစ္မိနစ္ပဲ ျဖစ္ေစ ၊ တစ္ပြဲလံုးျဖစ္ေစ ကစားခြင့္ရတဲ့အခ်ိန္မွာ အေကာင္းဆံုးၾကိဳးစားေနဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒယ္လီအလီကို ပီအက္စ္ဂ်ီအသင္းကေခၚယူဖို႔ ဆက္သြယ္ေနတာနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြက ေမးျမန္ခဲ့ရာမွာ ေတာ့ ေမာ္ရင္ဟိုက “ ဒယ္လီအလီအေနနဲ႔ MK ဒြန္းစ္အသင္းကေန စပါးကို ေရာက္လာတယ္ဆိုတာ လူတိုင္းသိပါတယ္။ သူအေနနဲ႔ အသင္းမွာ ေျခစြမ္းျပႏိုင္သလို ကစားသမားေကာင္းတစ္ဦးျဖစ္တာေၾကာင့္ အသင္းၾကီးေတြက ေခၚယူဖို႔ စိတ္ဝင္ စားေနတာျဖစ္ပါတယ္။ ကြ်န္ေတာ္အေနနဲ႔ သူကိုအသင္းမွာ ဆက္ေနေစခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။