လိဂ်ဖလားပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကိုင်ဟာဗက်ဇ်နဲ့ သီယာဂိုဆေးလ်ဗား တို့ကို ချီးကျူးခဲ့တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်


ပြီးခဲ့နေ့က ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ချဲလ်ဆီးဟာ ဘန်စလေကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကိုင်ဟာဗက်ဇ်က ဟက်ထရစ်သွင်းနိုင်ခဲ့သလို ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကလည်း အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက်ဂိုးတွေကိုတော့ ကိုင်ဟာဗက်ဇ်က ဟက်ထရစ်၊ အေဘရာဟမ်၊ဘာကလေနဲ့ ဂီ ရော့ဒ် တို့က တစ်ဂိုးစီသွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။


လေဗာကူဆင်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကိုင်ဟာဗက်ဇ်ဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲထွက် ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကြောင့် ကိုင်ဟာဗက်ဇ်အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အကောင်းဆုံးခြေစွမ်းရဖို့အတွက် ကြိုးစားနေခဲ့ရတယ်လို့လည်း လမ်းပတ်က ပြောခဲ့ပါတယ်။


ဘန်စလေကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကို ရောက်ရှိလာတဲ့ သီယာဂိုဆေးလ်ဗားနဲ့ ဘင် ချီဝဲလ်တို့လည်း ပါဝင်ကစားသွားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘန်စလေနဲ့ ပွဲမှာ သီယာဂို ဆေးလ်ဗားက ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ဘင်ချီဝဲလ်ကတော့ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါ တယ်။


ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြလမ်းပတ်က “ ဒီနေ့ပွဲမှာတော့ ကိုင်ဟာဗက်ဇ်က သူရဲ့ အကောင်းဆုံးပုံစံကို ပြန်ရခဲ့ပါ တယ်။ ကိုယ်တိုင် သုံးဂိုးသွင်းယူနိုင်သလို ဘာကလေရဲ့ဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။သီယာဂိုဆေးလ်ဗား ကလည်း အသင်းအတွက် ပထမဆုံးပွဲမှာပဲ သူရဲ့အတွေ့အကြုံကောင်းတွေကို ပြနိုင်ခဲ့ပါတယ်။ ဘင်ချီဝဲလ်ကတော့ အကောင်းဆုံးဘယ်နောက်ခံလူတစ်ဦးပါ” လို့ ချီးကျူးခဲ့ပါတယ်။

zawgyi version

လိဂ္ဖလားပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ကိုင္ဟာဗက္ဇ္နဲ႔ သီယာဂိုေဆးလ္ဗား တို႔ကို ခ်ီးက်ဴးခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္
ၿပီးခဲ့ေန႔က ကစားခဲ့တဲ့ လိဂ္ဖလားပြဲမွာ ခ်ဲလ္ဆီးဟာ ဘန္စေလကို ေျခာက္ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး ဒီပြဲမွာ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ေနရတဲ့ ကိုင္ဟာဗက္ဇ္က ဟက္ထရစ္သြင္းႏိုင္ခဲ့သလို ဝါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားကလည္း အေကာင္း ဆံုးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအတြက္ဂိုးေတြကိုေတာ့ ကိုင္ဟာဗက္ဇ္က ဟက္ထရစ္၊ ေအဘရာဟမ္၊ဘာကေလနဲ႔ ဂီ ေရာ့ဒ္ တို႔က တစ္ဂိုးစီသြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။
ေလဗာကူဆင္ကေန ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ကိုင္ဟာဗက္ဇ္ဟာ ခ်ဲလ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပြဲထြက္ ကစားခြင့္ရခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္တာေၾကာင့္ ေဝဖန္ခံေနရသူလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးေၾကာင့္ ကိုင္ဟာဗက္ဇ္အေနနဲ႔ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး အေကာင္းဆံုးေျခစြမ္းရဖို႔အတြက္ ၾကိဳးစားေနခဲ့ရတယ္လို႔လည္း လမ္းပတ္က ေျပာခဲ့ပါတယ္။
ဘန္စေလကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးကို ေရာက္ရွိလာတဲ့ သီယာဂိုေဆးလ္ဗားနဲ႔ ဘင္ ခ်ီဝဲလ္တို႔လည္း ပါဝင္ကစားသြားခဲ့ၿပီး အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဘန္စေလနဲ႔ ပြဲမွာ သီယာဂို ေဆးလ္ဗားက ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ၿပီး ဘင္ခ်ီဝဲလ္ကေတာ့ ဒုတိယပိုင္းေရာက္မွ လူစားဝင္ကစားခြင့္ရခဲ့တာပဲ ျဖစ္ပါ တယ္။
ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က “ ဒီေန႔ပြဲမွာေတာ့ ကိုင္ဟာဗက္ဇ္က သူရဲ႕ အေကာင္းဆံုးပံုစံကို ျပန္ရခဲ့ပါ တယ္။ ကိုယ္တိုင္ သံုးဂိုးသြင္းယူႏိုင္သလို ဘာကေလရဲ႕ဂိုးအတြက္လည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။သီယာဂိုေဆးလ္ဗား ကလည္း အသင္းအတြက္ ပထမဆံုးပြဲမွာပဲ သူရဲ႕အေတြ႕အၾကံဳေကာင္းေတြကို ျပႏိုင္ခဲ့ပါတယ္။ ဘင္ခ်ီဝဲလ္ကေတာ့ အေကာင္းဆံုးဘယ္ေနာက္ခံလူတစ္ဦးပါ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။