အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို အပြိုင်ခေါ်ယူချင်နေတဲ့ အက်သလက်တီကိုမက်ဒရစ် နဲ့ တိုရီနို အသင်း

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တိုရီနို အသင်းတို့ဟာ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို ခေါ်ယူရန် အပြိုင်အဆိုင်ဖြစ်နေတယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ တော်ရဲရားဟာ အာဆင်နယ်နည်းပြ အာတီတာ လက်အောက်မှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေပြီး ဒီနွေရာသီမှာပဲ အသင်းကနေ ရောင်းချခြင်းခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ အီတလီက သတင်းများအရ စီးရီးအေ ကလပ် တိုရီနို အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက စိတ်ဝင်စားနေတဲ့ ဥရုဂွေး လက်ရွေးစင်ကစားသမားကို အရမ်းကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တိုရီနို အသင်းရဲ့ အားကစားဒါရိုက်တာဟာ လက်ရှိလန်ဒန်မှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးညှိနှိုင်းနေတယ်လို့ သတင်းများက ဖော်ပြနေပါတယ်။ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပြီဖြစ်တဲ့ တော်ရဲရားကို အငှားနဲ့ အရင် ခေါ်ယူပြီးမှ အပြီးသတ်ဝယ်ယူသွားမယ်လို့လည်း သိရပါတယ်။ လက်ရှိတိုရီနို အသင်း နည်းပြဟာ တော်ရဲရား ဆမ့်ဒိုးရီးယားအသင်းမှာ ကစားတုန်းက နည်းပြ မာကိုဂီယမ်ပါအိုလို ဖြစ်တဲ့အတွက် ဆရာဟောင်းဖြစ်သူနဲ့ လည်း ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမား အာဆင်နယ်အသင်းကို ရောက်ခါစတုန်းက ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် လက်ရှိ နည်းပြ အာတီတာလက်အောက်မှာတော့ ကစားခွင့်ပျောက်ဆုံးနေပါတယ်။ တော်ရဲရားဟာ အာဆင်နယ်အသင်း ဒီရာသီအစ ဝက်စ်ဟမ်း နဲ့ ဖူလ်ဟမ်အသင်းတို့ (၂) သင်းစလုံးကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် (၂) ပွဲစလုံးမှာ အရန်လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိပါဘူး။ အာဆင်နယ်အသင်းဟာ တော်ရဲရားကို ရောင်းချပြီး ရလာတဲ့ ပြောင်းရွှေ့ကြေးတွေကို အခြားစိတ်ဝင်စားနေတဲ့ သောမတ်စ်ပါတေး နဲ့ ဟောက်ဆန်အဝါးတို့ကို ခေါ်ယူရာမှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို အျပိဳင္ေခၚယူခ်င္ေနတဲ့ အက္သလက္တီကိုမက္ဒရစ္ နဲ႔ တိုရီႏို အသင္း

အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ တိုရီႏို အသင္းတို႔ဟာ အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို ေခၚယူရန္ အျပိဳင္အဆိုင္ျဖစ္ေနတယ္လို႔ သတင္းမ်ားထြက္ေပၚလာပါတယ္။ ေတာ္ရဲရားဟာ အာဆင္နယ္နည္းျပ အာတီတာ လက္ေအာက္မွာ ပြဲထြက္ကစားခြင့္ ေပ်ာက္ဆံုးေနျပီး ဒီေႏြရာသီမွာပဲ အသင္းကေန ေရာင္းခ်ျခင္းခံရဖြယ္ရွိေနတာ ျဖစ္ပါတယ္။ အီတလီက သတင္းမ်ားအရ စီးရီးေအ ကလပ္ တိုရီႏို အသင္းဟာ အက္သလက္တီကိုမက္ဒရစ္အသင္းက စိတ္၀င္စားေနတဲ့ ဥရုေဂြး လက္ေရြးစင္ကစားသမားကို အရမ္းကိုစိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

တိုရီႏို အသင္းရဲ႕ အားကစားဒါရိုက္တာဟာ လက္ရွိလန္ဒန္မွာ အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေရႊ႕ ကိစၥအတြက္ ေဆြးေႏြးညိွႏိႈင္းေနတယ္လို႔ သတင္းမ်ားက ေဖာ္ျပေနပါတယ္။ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရထားျပီျဖစ္တဲ့ ေတာ္ရဲရားကို အငွားနဲ႔ အရင္ ေခၚယူျပီးမွ အျပီးသတ္၀ယ္ယူသြားမယ္လို႔လည္း သိရပါတယ္။ လက္ရွိတိုရီႏို အသင္း နည္းျပဟာ ေတာ္ရဲရား ဆမ့္ဒိုးရီးယားအသင္းမွာ ကစားတုန္းက နည္းျပ မာကိုဂီယမ္ပါအိုလို ျဖစ္တဲ့အတြက္ ဆရာေဟာင္းျဖစ္သူနဲ႔ လည္း ျပန္လည္လက္တြဲခ်င္ေနတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ကစားသမား အာဆင္နယ္အသင္းကို ေရာက္ခါစတုန္းက ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ လက္ရွိ နည္းျပ အာတီတာလက္ေအာက္မွာေတာ့ ကစားခြင့္ေပ်ာက္ဆံုးေနပါတယ္။ ေတာ္ရဲရားဟာ အာဆင္နယ္အသင္း ဒီရာသီအစ ၀က္စ္ဟမ္း နဲ႔ ဖူလ္ဟမ္အသင္းတို႔ (၂) သင္းစလံုးကို အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ (၂) ပြဲစလံုးမွာ အရန္လူစာရင္းမွာေတာင္ ပါ၀င္ခဲ့ျခင္းမရွိပါဘူး။ အာဆင္နယ္အသင္းဟာ ေတာ္ရဲရားကို ေရာင္းခ်ျပီး ရလာတဲ့ ေျပာင္းေရႊ႕ေၾကးေတြကို အျခားစိတ္၀င္စားေနတဲ့ ေသာမတ္စ္ပါေတး နဲ႔ ေဟာက္ဆန္အ၀ါးတို႔ကို ေခၚယူရာမွာ အသံုးျပဳသြားမယ္လို႔လည္း သိရပါတယ္။