နာပိုလီ တိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူရန် အေးဂျင့်ဖြစ်သူနဲ့ ဒီနေ့ လန်ဒန်မှာ တွေ့ဆုံဆွေးနွေးမယ့် စပါးအသင်း

စပါးအသင်းဟာ နာပိုလီ နဲ့ မီလစ်ခ် ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဒီနေ့မှာပဲ လန်ဒန်မှာ တိုက်စစ်ကစားသမားအတွက် ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စပါးနည်းပြမော်ရင်ဟိုဟာ အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် အရန်တိုက်စစ်မှူးတစ်ယောက်ကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူလိုနေတာဖြစ်ပါတယ်။

သတင်းများအရ စပါးအသင်း နဲ့ နာပိုလီ အပါအဝင် မီလစ်ခ်ရဲ့ အေးဂျင့်ဖြစ်သူတို့အားလုံးဟာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ ရိုးမားအသင်းဆီကိုလည်း ပြောင်းရွှေ့ရန် နီးစပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

သို့သော်လည်း အဆိုပါ ပြောင်းရွှေ့မှုဟာ သဘောတူညီမှု ရရန် ကြာမြင့်ခဲ့လို့ မဖြစ်ပေါ်ခဲ့ပါဘူး။ စပါးအသင်းဘက်က ပြောင်းရွှေ့ကြေး ပေါင် ၁၇.၅ သန်းအပါအဝင် အပိုဆုကြေး ပေါင် ၆ သန်း နဲ့ ကမ်းလှမ်းမယ်ဆိုပါက ဒီနွေရာသီမှာ သဘောတူညီမှု ရမှာ ဖြစ်တယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။မီလစ်ခါဟာ နာပိုလီအသင်းဆီကို ၂၀၁၆ ခုနှစ်က အေဂျက်ကနေ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် (၁၂၂) ပွဲကစားကာ (၄၈) ဂိုးသွင်းပြီး (၅) ဂိုးဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။

နာပိုလီ တိုက္စစ္မွဴး မီလစ္ခ္ကို ေခၚယူရန္ ေအးဂ်င့္ျဖစ္သူနဲ႔ ဒီေန႔ လန္ဒန္မွာ ေတြ႕ဆံုေဆြးေႏြးမယ့္ စပါးအသင္း

စပါးအသင္းဟာ နာပိုလီ နဲ႔ မီလစ္ခ္ ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ဒီေန႔မွာပဲ လန္ဒန္မွာ တိုက္စစ္ကစားသမားအတြက္ ေဆြးေႏြးညိွႏိႈင္းသြားမယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ စပါးနည္းျပေမာ္ရင္ဟိုဟာ အသင္းရဲ႕ အဂၤလန္တုိက္စစ္မွဴး ဟယ္ရီကိန္းအတြက္ အရန္တိုက္စစ္မွဴးတစ္ေယာက္ကို ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူလိုေနတာျဖစ္ပါတယ္။

သတင္းမ်ားအရ စပါးအသင္း နဲ႔ နာပိုလီ အပါအ၀င္ မီလစ္ခ္ရဲ႕ ေအးဂ်င့္ျဖစ္သူတို႔အားလံုးဟာ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႔ ၾကိဳးစားေနၾကတယ္လို႔ သိရပါတယ္။ ပိုလန္တုိက္စစ္မွဴးဟာ ဒီေႏြရာသီမွာ ရိုးမားအသင္းဆီကိုလည္း ေျပာင္းေရႊ႕ရန္ နီးစပ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ခဲ့ပါေသးတယ္။

သို႔ေသာ္လည္း အဆုိပါ ေျပာင္းေရႊ႕မႈဟာ သေဘာတူညီမႈ ရရန္ ၾကာျမင့္ခဲ့လို႔ မျဖစ္ေပၚခဲ့ပါဘူး။ စပါးအသင္းဘက္က ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၇.၅ သန္းအပါအ၀င္ အပိုဆုေၾကး ေပါင္ ၆ သန္း နဲ႔ ကမး္လွမး္မယ္ဆိုပါက ဒီေႏြရာသီမွာ သေဘာတူညီမႈ ရမွာ ျဖစ္တယ္လို႔ သတင္းမ်ားက ေဖာ္ျပေနၾကပါတယ္။မီလစ္ခါဟာ နာပိုလီအသင္းဆီကို ၂၀၁၆ ခုႏွစ္က ေအဂ်က္ကေန ျပန္လည္ေရာက္ရွိလာခဲ့ျပီး အသင္းအတြက္ (၁၂၂) ပြဲကစားကာ (၄၈) ဂိုးသြင္းျပီး (၅) ဂိုးဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။