သောမတ်စ်ပါတေး နဲ့ ဟောက်ဆန်အဝါး တို့အစား ရိုးမားကွင်းလယ်လူ ဒီယာဝါရာ ကို စိတ်ဝင်စားလာတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ သောမတ်စ်ပါတေး နဲ့ ဟောက်ဆန်အဝါးတို့အစား ရိုးမားကွင်းလယ်လူ ဒီယာဝါရာကို ခေါ်ယူရန် သတ်မှတ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေး နဲ့ လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အဝါးတို့ကို ပြီးခဲ့တဲ့ အပတ်တွေကတည်းက ကြိမ်ဖန်များစွာ ဆက်တိုက် ဆက်သွယ်ခဲ့ပေမယ့် (၂) သင်းစလုံး နဲ့ အခုအချိန်အထိ သဘောတူညီမှု မရသေးတာဖြစ်ပါတယ်။

Football London သတင်းဌာနက အဆိုအရ အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ အကြံပြုချက်အရ ယခုအခါ သူတို့ (၂) အစား ရိုးမားကွင်းလယ်လူ ဒီယာဝါရာကို စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ ပီရိန်နိုကလည်း အာဆင်နယ်အသင်းဟာ သူ့ကစားသမားကို ခေါ်ယူချင်နေတယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီယာဝါရာဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ရိုးမားအသင်းထံ (၅) နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

ဒီယာဝါရာဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ရိုးမားအသင်းအတွက် (၃၁) ပွဲကစားထားပြီး (၁) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးထားပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ရာသီအစ (၂) ပွဲစလုံးမှာ ဖူလ်ဟမ် အသင်းနဲ့ ဝက်စ်ဟမ်အသင်းတို့ကို ဆက်တိုက် အနိုင်ရထားတာဖြစ်ပြီး အင်အားဖြည့်တင်းမှုတွေနဲ့ ပြောင်းလဲများကို လုပ်နေဆဲ ဖြစ်ပါတယ်။

ေသာမတ္စ္ပါေတး နဲ႔ ေဟာက္ဆန္အ၀ါး တို႔အစား ရိုးမားကြင္းလယ္လူ ဒီယာ၀ါရာ ကို စိတ္၀င္စားလာတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ေသာမတ္စ္ပါေတး နဲ႔ ေဟာက္ဆန္အ၀ါးတို႔အစား ရိုးမားကြင္းလယ္လူ ဒီယာ၀ါရာကို ေခၚယူရန္ သတ္မွတ္ထားတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ပါေတး နဲ႔ လိုင္ယြန္ကြင္းလယ္လူ ေဟာက္ဆန္အ၀ါးတို႔ကို ျပီးခဲ့တဲ့ အပတ္ေတြကတည္းက ၾကိမ္ဖန္မ်ားစြာ ဆက္တိုက္ ဆက္သြယ္ခဲ့ေပမယ့္ (၂) သင္းစလံုး နဲ႔ အခုအခ်ိန္အထိ သေဘာတူညီမႈ မရေသးတာျဖစ္ပါတယ္။

Football London သတင္းဌာနက အဆိုအရ အာဆင္နယ္နည္းျပ အာတီတာဟာ အသင္းရဲ႕ နည္းစနစ္ဒါရိုက္တာ အီဒူးရဲ႕ အၾကံျပဳခ်က္အရ ယခုအခါ သူတို႔ (၂) အစား ရိုးမားကြင္းလယ္လူ ဒီယာ၀ါရာကို စိတ္၀င္စားလာတယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ပီရိန္ႏိုကလည္း အာဆင္နယ္အသင္းဟာ သူ႔ကစားသမားကို ေခၚယူခ်င္ေနတယ္လို႔ မၾကာေသးခင္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒီယာ၀ါရာဟာ ျပီးခဲ့တဲ့ ေႏြရာသီကမွ ရိုးမားအသင္းထံ (၅) ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။

ဒီယာ၀ါရာဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ရိုးမားအသင္းအတြက္ (၃၁) ပြဲကစားထားျပီး (၁) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးထားပါတယ္။ အာဆင္နယ္အသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ ရာသီအစ (၂) ပြဲစလံုးမွာ ဖူလ္ဟမ္ အသင္းနဲ႔ ၀က္စ္ဟမ္အသင္းတို႔ကို ဆက္တိုက္ အႏိုင္ရထားတာျဖစ္ျပီး အင္အားျဖည့္တင္းမႈေတြနဲ႔ ေျပာင္းလဲမ်ားကို လုပ္ေနဆဲ ျဖစ္ပါတယ္။