ဘာစီလိုနာ နောက်ခံလူ ဆီမီဒိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ခေါ်ယူလိုက်တဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ ဘာစီလိုနာ ညာနောက်ခံလူ ဆီမီဒိုကို ပေါင် ၃၇ သန်းအထိ မြင့်တက်ဖွယ်ရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ စပိန်ကလပ်အသင်းဟာ ဗုဒ္ဓဟူးနေ့ မနက်က နောက်ခံလူဟာ ပရီးမီးယားလိဂ်ကလပ်အတွက် နူးကမ့်ကနေ ထွက်ခွာသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဆီမီဒိုဟာ နူးနိုဆန်းတိုစ့်ရဲ့ အသင်းမှာ ၁၀ ယောက်မြောက် ပေါ်တူဂီ ကစားသမား အဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။

ညာနောက်ခံလူဟာ ဝုလ်ဗ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အသင်းဘက်က ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ နူးကမ့်ကို လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် နဲ့ စပိန်လာလီဂါမှာ ပုံစံကောင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ဆီမီဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ဝုလ်ဗ်အသင်းဖော်တွေနဲ့အတူ (၁၃) ပွဲကစားထားပါတယ်။

ဘာစီလိုနာ ေနာက္ခံလူ ဆီမီဒိုကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၇ သန္းနဲ႔ ေခၚယူလိုက္တဲ့ ၀ုလ္ဗ္အသင္း

၀ုလ္ဗ္အသင္းဟာ ဘာစီလိုနာ ညာေနာက္ခံလူ ဆီမီဒိုကို ေပါင္ ၃၇ သန္းအထိ ျမင့္တက္ဖြယ္ရွိတဲ့ ေျပာင္းေရႊ႕ေၾကး တစ္ရပ္နဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္ပါတယ္။ စပိန္ကလပ္အသင္းဟာ ဗုဒၶဟူးေန႔ မနက္က ေနာက္ခံလူဟာ ပရီးမီးယားလိဂ္ကလပ္အတြက္ ႏူးကမ့္ကေန ထြက္ခြာသြားျပီလို႔ ေၾကညာခဲ့ပါတယ္။ ဆီမီဒိုဟာ ႏူးႏိုဆန္းတိုစ့္ရဲ႕ အသင္းမွာ ၁၀ ေယာက္ေျမာက္ ေပၚတူဂီ ကစားသမား အျဖစ္ မွတ္တမ္း၀င္မွာလည္း ျဖစ္ပါတယ္။

ညာေနာက္ခံလူဟာ ၀ုလ္ဗ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ျပီး အသင္းဘက္က ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ႏူးကမ့္ကို လြန္ခဲ့တဲ့ (၃) ႏွစ္ကတည္းက ေရာက္ရွိခဲ့တာျဖစ္ျပီး ခ်န္ပီယံလိဂ္ နဲ႔ စပိန္လာလီဂါမွာ ပံုစံေကာင္းျပသႏိုင္ခဲ့သူျဖစ္ပါတယ္။ ဆီမီဒိုဟာ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္လည္း ၀ုလ္ဗ္အသင္းေဖာ္ေတြနဲ႔အတူ (၁၃) ပြဲကစားထားပါတယ္။