ဂိုးတွေပေးနေရတာဟာ ဂိုးသမားကီပါတစ်ယောက်တည်းကို အပြစ်တင်လို့ မရဘူးလို့ ချဲလ်ဆီးနောက်ခံလူသစ် သီယာဂို ဆေးလ်ဗား ပြောဆို


နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာတဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက လက်ရှိချဲလ်ဆီးအသင်းအနေနဲ့ ပြိုင်ဘက်အသင်းတွေကို ဂိုးတွေ ခွင့်ပြုပေးနေရတာဟာ ဂိုးသမားကီပါတစ်ယောက်တည်း ရဲ့ လက်စွမ်းကျဆင်းမှုကြောင့် မဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ သီယာဂို ဆေးလ်ဗားကို ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။


သီယာဂိုဆေးလ်ဗားက လက်ရှိအသင်းရဲ့ပေးဂိုးတွေများနေတဲ့အချက်ကြောင့် ဂိုးသမားဖြစ်တဲ့ ကီပါတစ်ယောက်တည်းမှာ တာဝန်ရှိတာ မဟုတ်ဘဲ ခံစစ်မှာကစားတဲ့သူအားလုံးနဲ့ တစ်သင်းလုံးမှာ တာဝန်ရှိကြောင်းပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကီ ပါကို ဂိုးသမားတွေထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာဖြစ်ပေမယ့် ဒီနှစ်နွေရာသီမှာတော့ ရန်းနက်စ်ဂိုး သမား မန်ဒီကို ကီပါရဲ့နေရာမှာအစားထိုးဖို့ ခေါ်ယူထားတယ်လို့လည်း သိရပါတယ်။


ကီပါက ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဗာပူးကို ငါးဂိုးသုံးဂိုးနဲ့ ရှုံးတဲ့ပွဲမှာလည်း အမှားတွေကျူးလွန်ခဲ့သလို ပြီးခဲ့တဲ့ အပတ်က လီဗာပူးနဲ့ ကစားခဲ့ရတဲ့ပွဲမှာလည်း သူရဲ့အမှားကြောင့်ပဲ လီဗာပူးကို ဒုတိယဂိုးပေးလိုက်ရတာကြောင့် ချဲလ်ဆီး ဟာ အိမ်ကွင်းမှာ ရှုံးခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၄ ဂိုးအထိရှိခဲ့တာ ကြောင့် ခံစစ်ပိုင်းအားနည်းမှုတွေရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။


ချဲလ်ဆီးကစားသမားသစ်ဖြစ်တဲ့ သီယာဂိုဆေးလ်ဗားက “ အသင်းကြီးတစ်သင်းမှာ ကစားရတဲ့ကစားသမားတစ်ယောက် အတွက် အခက်အခဲဆိုတာ အမြဲတမ်းရှိပါတယ်။ အခု အသင်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲအတွက် ချဲလ်ဆီးအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ထားတဲ့သူတိုင်းက တာဝန်ယူရမှာပါ။ ဂိုးသမားကီပါ တစ်ယောက်တည်းကို အပြစ်တွေပုံချနေလို့ မရပါ ဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ဂိုးေတြေပးေနရတာဟာ ဂိုးသမားကီပါတစ္ေယာက္တည္းကို အျပစ္တင္လို႔ မရဘူးလို႔ ခ်ဲလ္ဆီးေနာက္ခံလူသစ္ သီယာဂို ေဆးလ္ဗား ေျပာဆို
ေႏြရာသီအေျပာင္းအေရႊ႕မွာ ပီအက္စ္ဂ်ီကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာတဲ့ ဝါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားက လက္ရွိခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပိဳင္ဘက္အသင္းေတြကို ဂိုးေတြ ခြင့္ျပဳေပးေနရတာဟာ ဂိုးသမားကီပါတစ္ေယာက္တည္း ရဲ႕ လက္စြမ္းက်ဆင္းမႈေၾကာင့္ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ သီယာဂို ေဆးလ္ဗားကို ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။
သီယာဂိုေဆးလ္ဗားက လက္ရွိအသင္းရဲ႕ေပးဂိုးေတြမ်ားေနတဲ့အခ်က္ေၾကာင့္ ဂိုးသမားျဖစ္တဲ့ ကီပါတစ္ေယာက္တည္းမွာ တာဝန္ရွိတာ မဟုတ္ဘဲ ခံစစ္မွာကစားတဲ့သူအားလံုးနဲ႔ တစ္သင္းလံုးမွာ တာဝန္ရွိေၾကာင္းေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ကီ ပါကို ဂိုးသမားေတြထဲမွာ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတာျဖစ္ေပမယ့္ ဒီႏွစ္ေႏြရာသီမွာေတာ့ ရန္းနက္စ္ဂိုး သမား မန္ဒီကို ကီပါရဲ႕ေနရာမွာအစားထိုးဖို႔ ေခၚယူထားတယ္လို႔လည္း သိရပါတယ္။
ကီပါက ၿပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက လီဗာပူးကို ငါးဂိုးသံုးဂိုးနဲ႔ ရႈံးတဲ့ပြဲမွာလည္း အမွားေတြက်ဴးလြန္ခဲ့သလို ၿပီးခဲ့တဲ့ အပတ္က လီဗာပူးနဲ႔ ကစားခဲ့ရတဲ့ပြဲမွာလည္း သူရဲ႕အမွားေၾကာင့္ပဲ လီဗာပူးကို ဒုတိယဂိုးေပးလိုက္ရတာေၾကာင့္ ခ်ဲလ္ဆီး ဟာ အိမ္ကြင္းမွာ ရႈံးခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္မွာ ေပးဂိုး ၅၄ ဂိုးအထိရွိခဲ့တာ ေၾကာင့္ ခံစစ္ပိုင္းအားနည္းမႈေတြရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးကစားသမားသစ္ျဖစ္တဲ့ သီယာဂိုေဆးလ္ဗားက “ အသင္းၾကီးတစ္သင္းမွာ ကစားရတဲ့ကစားသမားတစ္ေယာက္ အတြက္ အခက္အခဲဆိုတာ အျမဲတမ္းရွိပါတယ္။ အခု အသင္းမွာ ရင္ဆိုင္ေနရတဲ့ အခက္အခဲအတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ ဂ်ာစီကို ဝတ္ဆင္ထားတဲ့သူတိုင္းက တာဝန္ယူရမွာပါ။ ဂိုးသမားကီပါ တစ္ေယာက္တည္းကို အျပစ္ေတြပံုခ်ေနလို႔ မရပါ ဘူး” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။