ဆလီဘာနဲ့ ဂါဘရီရယ်တို့လို လူငယ်ကစားသမားတွေအနေနဲ့ ဒေးဗစ်လုဇ်နဲ့ တွဲကစားခွင့်ရတာ ကံကောင်းတယ်လို့ ပြောခဲ့ တဲ့ အာဆင်နယ်နည်းပြ အာတီတာ


အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းရဲ့နောက်ခံလူတွေဖြစ်ပြီး လူငယ်ကစားသမားတွေလည်းဖြစ်တဲ့ ဆလီ ဘာနဲ့ ဂါဘရီရယ်တို့အနေနဲ့ ဝါရင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဒေးဗစ်လုဇ်နဲ့ အတူတွဲပြီး ဘောလုံးကစားခွင့်ရတာဟာ ကံကောင်းတယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆလီဘာကို စိန်အက်တီယန်ကို အဌားချထားနေရာကနေ ပြန်လည်း ခေါ်ယူထားတာဖြစ်ပြီး ဂါဘရီရယ်ကိုတော့ လိုင်လီကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။


ကစားသမားသစ်ဖြစ်တဲ့ ဂါဘရီရယ်ဟာ အာဆင်နယ်ရဲ့ ရာသီအစပွဲစဉ် ၂ပွဲစလုံးမှာကစားခွင့်ရခဲ့ပြီး ဖူလ်ဟမ်ကို သုံးဂိုးပြတ် အနိုင်ရတဲ့ပွဲမှာဆိုရင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆလီဘာကတော့ ကစားခဲ့တဲ့ နှစ်ပွဲမှာ ပါဝင်ကစားခွင့်မရသလို အရန်ကစားသမားစာရင်းမှာတောင် ပါဝင်လာခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ညမှာ ကစားမယ့် လက်စတာနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာတော့ ဆလီဘာအနေနဲ့ ပွဲထွက်ခွင့်ရနိုင်တယ်လို့သတင်း တွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။


အာဆင်နယ်နည်းပြ အာတီတာက အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ဂါဘရီရယ်နဲ့ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဆလီဘာတို့ အ နေနဲ့ သင်ယူမှုတွေ အများကြီးပြုလုပ်ရဦးမယ်လို့ ပြောထားပြီး အသင်းမှာဝါရင့်နောက်ခံလူဖြစ်တဲ့ ဒေးဗစ်လုဇ်က သူတို့ရဲ့ စွမ်းဆောင်ရည်တွေ တက်လာအောင်ကူညီလုပ်ဆောင်ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီး လက်ရွေးစင် ဒေးဗစ်လုဇ်ဟာ အတွေ့အကြုံများတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်ရဲ့ အဓိကနောက်ခံလူတစ်ဦး လည်း ဖြစ်ပါတယ်။


အာဆင်နယ်နည်းပြ အာတီတာက “ ဒေးဗစ်လုဇ်က ထူးချွန်တဲ့ကစားသမားကောင်းတစ်ဦးဖြစ်ပြီး အသင်းမှာရှိတဲ့ လူငယ် ကစားတွေအတွက် စံပြကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အသင်းရဲ့ဗဟိုနောက်ခံလူတွေထဲမှာ လူငယ်ကစားသမား တွေဖြစ်တဲ့ ဂါဘရီရယ်နဲ့ ဆလီဘာတို့ ဒေးဗစ်လုဇ်နဲ့ ဘောလုံးတွဲကစားခွင့်ရတာဟာ ကံကောင်းပါတယ်။ ဆလီဘာက ပွဲထွက်ခွင့် မရသေးဘူးဆိုပေမယ့် လက်စတာနဲ့ကစားမယ့် ကာရာဘောင်းပွဲစဉ်မှာတော့ ကစားခွင့်ရနိုင်ပါတယ်” လို့ ပြော ခဲ့ပါတယ်။

zawgyi version

ဆလီဘာနဲ႔ ဂါဘရီရယ္တို႔လို လူငယ္ကစားသမားေတြအေနနဲ႔ ေဒးဗစ္လုဇ္နဲ႔ တြဲကစားခြင့္ရတာ ကံေကာင္းတယ္လို႔ ေျပာခဲ့ တဲ့ အာဆင္နယ္နည္းျပ အာတီတာ
အာဆင္နယ္အသင္းနည္းျပ အာတီတာက အသင္းရဲ႕ေနာက္ခံလူေတြျဖစ္ၿပီး လူငယ္ကစားသမားေတြလည္းျဖစ္တဲ့ ဆလီ ဘာနဲ႔ ဂါဘရီရယ္တို႔အေနနဲ႔ ဝါရင့္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေဒးဗစ္လုဇ္နဲ႔ အတူတြဲၿပီး ေဘာလံုးကစားခြင့္ရတာဟာ ကံေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္ဟာ ဆလီဘာကို စိန္အက္တီယန္ကို အဌားခ်ထားေနရာကေန ျပန္လည္း ေခၚယူထားတာျဖစ္ၿပီး ဂါဘရီရယ္ကိုေတာ့ လိုင္လီကေန ေပါင္ ၂၅ သန္းနဲ႔ ေခၚယူထားတာပဲ ျဖစ္ပါတယ္။
ကစားသမားသစ္ျဖစ္တဲ့ ဂါဘရီရယ္ဟာ အာဆင္နယ္ရဲ႕ ရာသီအစပြဲစဥ္ ၂ပြဲစလံုးမွာကစားခြင့္ရခဲ့ၿပီး ဖူလ္ဟမ္ကို သံုးဂိုးျပတ္ အႏိုင္ရတဲ့ပြဲမွာဆိုရင္ အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကိုလည္း သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဆလီဘာကေတာ့ ကစားခဲ့တဲ့ ႏွစ္ပြဲမွာ ပါဝင္ကစားခြင့္မရသလို အရန္ကစားသမားစာရင္းမွာေတာင္ ပါဝင္လာခဲ့ျခင္းမရွိတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ ဒီေန႔ညမွာ ကစားမယ့္ လက္စတာနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာေတာ့ ဆလီဘာအေနနဲ႔ ပြဲထြက္ခြင့္ရႏိုင္တယ္လို႔သတင္း ေတြထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာက အသက္ ၂၂ ႏွစ္ပဲရွိေသးတဲ့ ဂါဘရီရယ္နဲ႔ အသက္ ၁၉ ႏွစ္ပဲရွိေသးတဲ့ ဆလီဘာတို႔ အ ေနနဲ႔ သင္ယူမႈေတြ အမ်ားၾကီးျပဳလုပ္ရဦးမယ္လို႔ ေျပာထားၿပီး အသင္းမွာဝါရင့္ေနာက္ခံလူျဖစ္တဲ့ ေဒးဗစ္လုဇ္က သူတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြ တက္လာေအာင္ကူညီလုပ္ေဆာင္ေပးႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဘရာဇီး လက္ေရြးစင္ ေဒးဗစ္လုဇ္ဟာ အေတြ႕အၾကံဳမ်ားတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အာဆင္နယ္ရဲ႕ အဓိကေနာက္ခံလူတစ္ဦး လည္း ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာက “ ေဒးဗစ္လုဇ္က ထူးခြ်န္တဲ့ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး အသင္းမွာရွိတဲ့ လူငယ္ ကစားေတြအတြက္ စံျပကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ အသင္းရဲ႕ဗဟိုေနာက္ခံလူေတြထဲမွာ လူငယ္ကစားသမား ေတြျဖစ္တဲ့ ဂါဘရီရယ္နဲ႔ ဆလီဘာတို႔ ေဒးဗစ္လုဇ္နဲ႔ ေဘာလံုးတြဲကစားခြင့္ရတာဟာ ကံေကာင္းပါတယ္။ ဆလီဘာက ပြဲထြက္ခြင့္ မရေသးဘူးဆိုေပမယ့္ လက္စတာနဲ႔ကစားမယ့္ ကာရာေဘာင္းပြဲစဥ္မွာေတာ့ ကစားခြင့္ရႏိုင္ပါတယ္” လို႔ ေျပာ ခဲ့ပါတယ္။