အသင်းအတွက် ပထမဆုံးကစားခွင့်ရတဲ့ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဟန်ဒါဆန်ကို ချီးကျူးလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား


ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အသင်းငယ်လေး လူတန်တောင်းနဲ့ ကစား ရတာကြောင့် အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် အတွက် ဂိုးတွေကိုတော့ ပင်နယ်တီကနေတဆင့် မာတာနဲ့ လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ က သွင်းယူပေးခဲ့ တာပဲ ဖြစ်ပါတယ်။


အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တယ်ဆိုပေမယ့် ယူနိုက်တက်ဟာ လူတန်တောင်းကို တဖက်သတ်ကစားနိုင်ခဲ့ ပေမယ့် ဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ နောက်ခံလူ ဝီလီယံကို လူတန်တောင်းနောက်ခံလူ ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းခဲ့တာကြောင့် ပင်နယ်တီရခဲ့ပြီး မာတာက ကန်သွင်းယူခဲ့တာကြောင့် ပထမပိုင်း မှာ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့တာဖြစ်ပါတယ်။


ဒုတိယပိုင်းမှာလည်း လူတန်တောင်းရဲ့ ကစားပုံကြောင့် ယူနိုက်တက်တို့ ဂိုးထပ်ရဖို့ ရုန်းကန်ခဲ့ရပြီး လူတန်တောင်းနောက်ခံ လူ တွမ်လော့ရာရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို ဟန်ဒါဆန်ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲပြီးဖို့ ၁၀ မိနစ် အလိုလောက်မှ အဓိက,ကစားသမားတွေဖြစ်တဲ့ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို ထည့်ခဲ့တာကြောင့် ပွဲချိန် ၈၈ မိနစ်မှာ ရက်ရှ်ဖို့ဒ်နဲ့ ၉၀+၂ မိနစ်မှာ ဂရင်းဝုဒ်တို့က ယူနိုက်တက်အတွက် ဂိုးတွေကို ထပ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ယူနိုက်တက်ရဲ့ ကိုယ်ပိုင်ရုပ်သံဖြစ်တဲ့ MUTV ကနေ အသင်းနည်းပြ ဆိုးလ်ရှားက “ အားလုံးတွေ့ခဲ့ရတဲ့ အတိုင်းပါပဲ ။ ဒီနေ့ပွဲရဲ့ အနိုင်က ဒိန်း(ဟန်ဒါဆန်)ရဲ့ လက်စွမ်းပြနိုင်မှုကြောင့်လို့ ဆိုရမှာပါ။ ပထမဆုံးပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ပြနိုင်ခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဟန်ဒါဆန်ကလည်း သူရဲ့တွစ် တာ အကောင့်မှာ ယူနိုက်တက်အတွက် ပထမဆုံးကစားခွင့်ရတဲ့အတွက် ကျေနပ်ကြောင်းကို ပို့စ်တင်ခဲ့ပါတယ်။

zawgyi version

အသင္းအတြက္ ပထမဆံုးကစားခြင့္ရတဲ့ပြဲမွာ လက္စြမ္းျပခဲ့တဲ့ ဟန္ဒါဆန္ကို ခ်ီးက်ဴးလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား
ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာေတာ့ ယူႏိုက္တက္ဟာ အသင္းငယ္ေလး လူတန္ေတာင္းနဲ႔ ကစား ရတာေၾကာင့္ အရန္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ သံုးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ အတြက္ ဂိုးေတြကိုေတာ့ ပင္နယ္တီကေနတဆင့္ မာတာနဲ႔ လူစားဝင္လာတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ က သြင္းယူေပးခဲ့ တာပဲ ျဖစ္ပါတယ္။
အရန္ကစားသမား အမ်ားစုနဲ႔ ပြဲထြက္လာခဲ့တယ္ဆိုေပမယ့္ ယူႏိုက္တက္ဟာ လူတန္ေတာင္းကို တဖက္သတ္ကစားႏိုင္ခဲ့ ေပမယ့္ ဂိုးရဖို႔အတြက္ ရုန္းကန္ခဲ့ရပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ ေနာက္ခံလူ ဝီလီယံကို လူတန္ေတာင္းေနာက္ခံလူ ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပံုၾကမ္းခဲ့တာေၾကာင့္ ပင္နယ္တီရခဲ့ၿပီး မာတာက ကန္သြင္းယူခဲ့တာေၾကာင့္ ပထမပိုင္း မွာ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုးရခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္းမွာလည္း လူတန္ေတာင္းရဲ႕ ကစားပံုေၾကာင့္ ယူႏိုက္တက္တို႔ ဂိုးထပ္ရဖို႔ ရုန္းကန္ခဲ့ရၿပီး လူတန္ေတာင္းေနာက္ခံ လူ တြမ္ေလာ့ရာရဲ႕ အနီးကပ္ေခါင္းတိုက္ခ်က္ကို ဟန္ဒါဆန္ကာကြယ္ႏိုင္ခဲ့လို႔သာ ဂိုးမေပးခဲ့ရတာ ျဖစ္ပါတယ္။ ပြဲၿပီးဖို႔ ၁၀ မိနစ္ အလိုေလာက္မွ အဓိက,ကစားသမားေတြျဖစ္တဲ့ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ကို ထည့္ခဲ့တာေၾကာင့္ ပြဲခ်ိန္ ၈၈ မိနစ္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ ၉၀+၂ မိနစ္မွာ ဂရင္းဝုဒ္တို႔က ယူႏုိက္တက္အတြက္ ဂိုးေတြကို ထပ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ယူႏိုက္တက္ရဲ႕ ကိုယ္ပိုင္ရုပ္သံျဖစ္တဲ့ MUTV ကေန အသင္းနည္းျပ ဆိုးလ္ရွားက “ အားလံုးေတြ႕ခဲ့ရတဲ့ အတိုင္းပါပဲ ။ ဒီေန႔ပြဲရဲ႕ အႏုိင္က ဒိန္း(ဟန္ဒါဆန္)ရဲ႕ လက္စြမ္းျပႏိုင္မႈေၾကာင့္လို႔ ဆိုရမွာပါ။ ပထမဆံုးပြဲမွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ျပႏိုင္ခဲ့တဲ့အတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။ ဟန္ဒါဆန္ကလည္း သူရဲ႕တြစ္ တာ အေကာင့္မွာ ယူႏိုက္တက္အတြက္ ပထမဆံုးကစားခြင့္ရတဲ့အတြက္ ေက်နပ္ေၾကာင္းကို ပို႔စ္တင္ခဲ့ပါတယ္။