စပါးကွင်းလယ်လူ ဒယ်လီအလီကို ၁၂ လ အငှားနဲ့ ခေါ်ယူရန် ယုံကြည်မှုရှိနေတဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ စပါးအသင်းရဲ့ ကွင်းလယ်လူ ဒယ်လီအလီကို ၁၂ လ အငှားနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။ ဒယ်လီအလီဟာ စပါးအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းကို (၁-ဝ) နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ရသော်လည်း ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပြီး နောက်ပိုင်း ပွဲစဉ်တွေမှာ လူစာရင်းကနေ ချန်ထားခြင်းခံခဲ့ရပါတယ်။

အသင်းကို ရီးရဲလ်မက်ဒရစ်ကနေ ဂါရတ်ဘေးလ်လည်း အငှားနဲ့ ရောက်လာတာဖြစ်တဲ့အတွက် ဒယ်လီအလီအတွက် ပွဲကစားခွင့်ဟာ ပိုပြီး ရုန်းကန်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ (၂) ရာသီစလုံး ပုံမှန်ကစားခွင့်ရရန် ရုန်းကန်ခဲ့ရတာဖြစ်ပေမယ့် ပိုချက်တီနို နေရာမှာ မော်ရင်ဟိုကို အစားထိုးခန့်အပ်ပြီးနောက်ပိုင်း ပုံမှန်ကစားခွင့်ရခဲ့ပါတယ်။

The Telegraph သတင်းဌာနက အဆိုအရ ပီအက်စ်ဂျီအသင်းဟာ သူ့ကို ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း (၂) သင်းစလုံးက အပြီးသတ်ခေါ်ယူရန်ထက် အငှားနဲ့ ခေါ်ယူရေးကိုသာ ဆွေးနွေးနေတာဖြစ်ပါတယ်။စပါးအသင်းဥက္ကဌ လီဗိုင်းကလည်း ဈေးကွက်အတွင်း အခြေအနေတွေကြောင့် ဈေးလျော့ပြီး ရောင်းတာထက် အငှားနဲ့ပဲ လက်လွှတ်ချင်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီနဲ့ စပါးအသင်းတို့ဟာ လူးကပ်စ်မော်ရာ နဲ့ အော်ရီရာတို့ကို ရောင်းချထားဖူးလို့ ဆက်ဆံရေး ကောင်းတွေရှိထားတာဖြစ်ပါတယ်။ ဒယ်လီအလီဟာ ၂၀၁၈ ခုနှစ်ကမှ စပါးအသင်းနဲ့ စာချုပ်သက်တမ်းတိုးထားတာဖြစ်လို့ အသင်းနဲ့ (၄) နှစ်လောက် စာချုပ်ကျန်နေသေးပါတယ်။ သူ့ကို အင်တာမီလန်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် စီးရီးအေ ကလပ်အသင်းဘက်က အသက် ၂၄ နှစ်အရွယ်ကစားသမားကို အငှားနဲ့ ခေါ်ယူရန် မတတ်နိုင်ဘူးဖြစ်နေပါတယ်။ ဒယ်လီအလီဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းအတွက် ပရီးမီးယားလိဂ် (၂၅) ပွဲကစားခဲ့ပြီး (၈) ဂိုးသွင်းပေးခဲ့ပါတယ်။

စပါးကြင္းလယ္လူ ဒယ္လီအလီကို ၁၂ လ အငွားနဲ႔ ေခၚယူရန္ ယံုၾကည္မႈရွိေနတဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းဟာ စပါးအသင္းရဲ႕ ကြင္းလယ္လူ ဒယ္လီအလီကို ၁၂ လ အငွားနဲ႔ ေခၚယူႏိုင္မယ္လို႔ ယံုၾကည္မႈ ရွိေနတာ ျဖစ္ပါတယ္။ ဒယ္လီအလီဟာ စပါးအသင္းရဲ႕ ရာသီအဖြင့္ပြဲစဥ္ျဖစ္တဲ့ အဲဗာတန္အသင္းကို (၁-၀) နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ပါ၀င္ကစားခဲ့ရေသာ္လည္း ဒုတိယပိုင္းမွာ လူစားလဲခံခဲ့ရျပီး ေနာက္ပိုင္း ပြဲစဥ္ေတြမွာ လူစာရင္းကေန ခ်န္ထားျခင္းခံခဲ့ရပါတယ္။

အသင္းကို ရီးရဲလ္မက္ဒရစ္ကေန ဂါရတ္ေဘးလ္လည္း အငွားနဲ႔ ေရာက္လာတာျဖစ္တဲ့အတြက္ ဒယ္လီအလီအတြက္ ပြဲကစားခြင့္ဟာ ပိုျပီး ရုန္းကန္ရဖြယ္ရွိေနတာ ျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ (၂) ရာသီစလံုး ပံုမွန္ကစားခြင့္ရရန္ ရုန္းကန္ခဲ့ရတာျဖစ္ေပမယ့္ ပိုခ်က္တီႏို ေနရာမွာ ေမာ္ရင္ဟိုကို အစားထိုးခန္႔အပ္ျပီးေနာက္ပိုင္း ပံုမွန္ကစားခြင့္ရခဲ့ပါတယ္။

The Telegraph သတင္းဌာနက အဆိုအရ ပီအက္စ္ဂ်ီအသင္းဟာ သူ႔ကို ေခၚယူရန္ ေရပန္းအစားဆံုးျဖစ္ေနေသာ္လည္း (၂) သင္းစလံုးက အျပီးသတ္ေခၚယူရန္ထက္ အငွားနဲ႔ ေခၚယူေရးကိုသာ ေဆြးေႏြးေနတာျဖစ္ပါတယ္။စပါးအသင္းဥကၠဌ လီဗိုင္းကလည္း ေစ်းကြက္အတြင္း အေျခအေနေတြေၾကာင့္ ေစ်းေလ်ာ့ျပီး ေရာင္းတာထက္ အငွားနဲ႔ပဲ လက္လႊတ္ခ်င္ေနတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီနဲ႔ စပါးအသင္းတို႔ဟာ လူးကပ္စ္ေမာ္ရာ နဲ႔ ေအာ္ရီရာတို႔ကို ေရာင္းခ်ထားဖူးလို႔ ဆက္ဆံေရး ေကာင္းေတြရွိထားတာျဖစ္ပါတယ္။ ဒယ္လီအလီဟာ ၂၀၁၈ ခုႏွစ္ကမွ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးထားတာျဖစ္လို႔ အသင္းနဲ႔ (၄) ႏွစ္ေလာက္ စာခ်ဳပ္က်န္ေနေသးပါတယ္။ သူ႔ကို အင္တာမီလန္အသင္းကလည္း စိတ္၀င္စားေနေပမယ့္ စီးရီးေအ ကလပ္အသင္းဘက္က အသက္ ၂၄ ႏွစ္အရြယ္ကစားသမားကို အငွားနဲ႔ ေခၚယူရန္ မတတ္ႏိုင္ဘူးျဖစ္ေနပါတယ္။ ဒယ္လီအလီဟာ ျပီးခဲ့တဲ့ရာသီက စပါးအသင္းအတြက္ ပရီးမီးယားလိဂ္ (၂၅) ပြဲကစားခဲ့ျပီး (၈) ဂိုးသြင္းေပးခဲ့ပါတယ္။