ဂျာဒွန်ဆန်ချိုလို ကစားသမားကို ခေါ်မယ်ဆိုရင် ပေါင် ၇၃ သန်းက မလောက်ဘူးလို့ ဆိုလိုက်တဲ့ ဒေါ့မွန်အသင်း

ဂျာဒွန်ဆန်ချိုဟာ အနာဂတ်မှာ ဒေါ့မွန်က ထွက်ခွာမှာဖြစ်ပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်အသင်းဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းဆီကို ဈေးလျော့ပြီး ရောင်းချသွားမှာ မဟုတ်ဘူးလို့ အသင်းဒါရိုက်တာ ခါးလ်က ပြောသွားခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်ကစားသမားကို နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းက အဓိက ပစ်မှတ်အဖြစ်သတ်မှတ်ထားပေမယ့် ဒေါ့မွန်အသင်းကနောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့တုန်းက ပေါင် ၁၀၈ သန်းနဲ့ မခေါ်ယူနိုင်ခဲ့ဘူး ဖြစ်ပါတယ်။

ခါးလ်က ဆန်ချိုက တစ်ချိန်မှာ စိန်ခေါ်မှုအသစ်တွေကြောင့် အသင်းက ထွက်ခွာမှာဖြစ်သော်လည်း အသင်းဘက်ကတော့ ဈေးပေါပေါနဲ့ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ဝန်ခံပြောသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ မန်စီးတီး ကစားသမားဟောင်းအတွက် ပေါင် ၇၃ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့လို့ ခါးလ်က “ကျွန်တော်တို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ပြီးတော့ ယူရို သန်း ၈၀ က ဒီလို ကစားသမားတစ်ယောက်အတွက် မလောက်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းနဲ့ ပရိသတ်တွေပေါ်ကို အကြွေးတွေရှိပါတယ်။ သူ့ကိုလည်း လက်မလျော့ချင်ပါဘူး။ ဂျာဒွန်မရှိရင် အသင်းက ဆိုးရွားနိုင်ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။



