အာဆင်နယ်ကို ဖာဘရီဂတ်စ် နဲ့အတူ မက်ဆီလည်း ရောက်ရန် နီးစပ်ခဲ့တယ်လို့ ဘာစီလိုနာ အသင်းခေါင်းဆောင်ရဲ့ အေးဂျင့်ဟောင်းဖြစ်သူက ဖွင့်ဟပြောဆို

မက်ဆီရဲ့ အေးဂျင့်ဟောင်းဖြစ်သူက ဘာစီလိုနာ ဂန္တဝင်ကစားသမားဟာ ၂၀၀၃ ခုနှစ်တုန်းက ဖာဘရီဂတ်စ်နဲ့အတူ အာဆင်နယ်ကို ရောက်ရန် နီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဖေဘီယန်ဆိုလ်ဒီနီက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ အသင်းဆီကို လာမာစီယာအကယ်ဒမီက ဖာဘရီဂတ်စ်၊ မက်ဆီ နဲ့ ပီကေးတို့ကို ခေါ်ယူရန် သတ်မှတ်ခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ ဖာဘရီဂတ်စ်ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ပီကေးက ယူနိုက်တက် ကို ပြောင်းရွှေ့ခဲ့ပြီး မက်ဆီကတော့ ဘာစီလိုနာအသင်းမှာပဲ ဆက်နေရန် ရွေးချယ်ခဲ့ပါတယ်။ သို့သော်လည်း မက်ဆီဟာ ဖာဘရီဂတ်စ် နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းသံယောဇဉ်ကြောင့် အာဆင်နယ်ကို ရောက်ရန် နီးစပ်ခဲ့တယ်လို့ ဆိုလ်ဒီနီက ပြောခဲ့တာဖြစ်ပါတယ်။

“မက်ဆီ ကို အာဆင်နယ်အသင်းက ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် သူက မသွားခဲ့ပါဘူး။ ဖာဘရီဂတ်စ် ဘာစီလိုနာအသင်းကနေ ထွက်ခွာရန် တောင်းဆိုခဲ့တဲ့ နေ့ကို မှတ်မိပါသေး မက်ဆီကိုလည်း မေးခဲ့ပေမယ့် သူက ဘာစီလိုနာကနေ မထွက်ချင်ခဲ့ပါဘူး”လို့ ဆိုလ်ဒီနီက မာကာ သတင်းဌာနကို ပြောသွားခဲ့ပါတယ်။ အာစင်ဝင်းဂါး ကိုယ်တိုင်ကလည်း မနှစ်က မက်ဆီကို ခေါ်ယူရန် ကြိုးစားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ကစားသမားကို မဆွဲဆောင်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

အာဆင္နယ္ကို ဖာဘရီဂတ္စ္ နဲ႔အတူ မက္ဆီလည္း ေရာက္ရန္ နီးစပ္ခဲ့တယ္လို႔ ဘာစီလိုနာ အသင္းေခါင္းေဆာင္ရဲ႕ ေအးဂ်င့္ေဟာင္းျဖစ္သူက ဖြင့္ဟေျပာဆို

မက္ဆီရဲ႕ ေအးဂ်င့္ေဟာင္းျဖစ္သူက ဘာစီလိုနာ ဂႏၱ၀င္ကစားသမားဟာ ၂၀၀၃ ခုႏွစ္တုန္းက ဖာဘရီဂတ္စ္နဲ႔အတူ အာဆင္နယ္ကို ေရာက္ရန္ နီးစပ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေဖဘီယန္ဆိုလ္ဒီနီက အာဆင္နယ္နည္းျပ အာစင္၀င္းဂါးဟာ အသင္းဆီကို လာမာစီယာအကယ္ဒမီက ဖာဘရီဂတ္စ္၊ မက္ဆီ န႔ဲ ပီေကးတို႔ကို ေခၚယူရန္ သတ္မွတ္ခဲ့တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

အာစင္၀င္းဂါးဟာ ဖာဘရီဂတ္စ္ကို ေခၚယူႏိုင္ခဲ့ေပမယ့္ ပီေကးက ယူႏိုက္တက္ ကို ေျပာင္းေရႊ႕ခဲ့ျပီး မက္ဆီကေတာ့ ဘာစီလိုနာအသင္းမွာပဲ ဆက္ေနရန္ ေရြးခ်ယ္ခဲ့ပါတယ္။ သို႔ေသာ္လည္း မက္ဆီဟာ ဖာဘရီဂတ္စ္ နဲ႔ ရင္းႏွီးတဲ့ သူငယ္ခ်င္းသံေယာဇဥ္ေၾကာင့္ အာဆင္နယ္ကို ေရာက္ရန္ နီးစပ္ခဲ့တယ္လို႔ ဆိုလ္ဒီနီက ေျပာခဲ့တာျဖစ္ပါတယ္။

“မက္ဆီ ကို အာဆင္နယ္အသင္းက ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ သူက မသြားခဲ့ပါဘူး။ ဖာဘရီဂတ္စ္ ဘာစီလိုနာအသင္းကေန ထြက္ခြာရန္ ေတာင္းဆိုခဲ့တဲ့ ေန႔ကို မွတ္မိပါေသး မက္ဆီကိုလည္း ေမးခဲ့ေပမယ့္ သူက ဘာစီလိုနာကေန မထြက္ခ်င္ခဲ့ပါဘူး”လို႔ ဆိုလ္ဒီနီက မာကာ သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။ အာစင္၀င္းဂါး ကိုယ္တုိင္ကလည္း မႏွစ္က မက္ဆီကို ေခၚယူရန္ ၾကိဳးစားခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္ ကစားသမားကို မဆြဲေဆာင္ႏိုင္ခဲ့ဘူးလို႔ ၀န္ခံခဲ့တာျဖစ္ပါတယ္။