ဆွာရက်ဇ်ကို လာလီဂါ ပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အပါအဝင် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး နဲ့ ပီအက်စ်ဂျီအသင်းတွေထံ မပြောင်းစေချင်နေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ အသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဆွာရက်ဇ်ကို ခေါ်ယူချင်နေတဲ့ လာလီဂါပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းအသင်းထံ မပြောင်းစေချင်ဘူးလို့ သိရပါတယ်။ ဥရုဂွေးတိုက်စစ်ကစားသမားဟာ ဘာစီလိုနာအသင်းရဲ့ အနာဂတ်မှာ မပါဝင်တော့လို့ အသင်းကလည်း သူ့ရဲ့ လစာကို ထပ်မပေးချင်တော့တဲ့အတွက ်လမ်းခွဲရန် ကြိုးစားခဲ့တာဖြစ်ပါတယ်။ သို့သေ်ာလည်း နူးကမ့်က အကြီးအကဲတွေဟာ သူ့ကို အဓိက ပြိုင်ဘက်အသင်းတွေထံ ကိုလည်း မရောက်စေချင်ဘူးလို့ သိရပါတယ်။

သတင်းများရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်း ဆွာရက်ဇ်ကို မပြောင်းစေချင်တဲ့ ပြိုင်ဘက်အသင်းတွေရဲ့ စာရင်းထဲမှာ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး နဲ့ ပီအက်စ်ဂျီအသင်းတို့ ပါဝင်နေပြီး ယခုအခါ အက်သလက်တီကိုမက်ဒရစ်အသင်းကိုလည်း ထပ်မံ ပေါင်းထည့်ချင်နေတာဖြစ်ပါတယ်။

ဘာစီလိုအသင်းဟာ သူ့ကို မလိုချင်တော့သော်လည်း ပြိုင်ဘက်အသင်းတွေကို ပြောင်းပြီးမှာ သူ့အသင်းဘက်ကို ဂိုးသွင်းမှာကို စိုးရိမ်နေတာပါ။ ဒါ့ကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဆွာရက်ဇ်ကို မခေါ်ယူနိုင်ခဲ့ပါက ကာဗာနီကိုပဲ ဒီနွေရာသီမှာ ခေါ်ယူရန် ကြိုးစားတော့မယ်လို့ သိရပါတယ်။ ကာဗာနီကို အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေကတည်းလည်း ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

ဆြာရက္ဇ္ကို လာလီဂါ ျပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္အပါအ၀င္ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီး နဲ႔ ပီအက္စ္ဂ်ီအသင္းေတြထံ မေျပာင္းေစခ်င္ေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ အသင္းနဲ႔ လမ္းခြဲလိုက္တဲ့ ဆြာရက္ဇ္ကို ေခၚယူခ်င္ေနတဲ့ လာလီဂါျပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္အသင္းအသင္းထံ မေျပာင္းေစခ်င္ဘူးလို႔ သိရပါတယ္။ ဥရုေဂြးတိုက္စစ္ကစားသမားဟာ ဘာစီလိုနာအသင္းရဲ႕ အနာဂတ္မွာ မပါ၀င္ေတာ့လို႔ အသင္းကလည္း သူ႔ရဲ႕ လစာကို ထပ္မေပးခ်င္ေတာ့တဲ့အတြက ္လမ္းခြဲရန္ ၾကိဳးစားခဲ့တာျဖစ္ပါတယ္။ သို႔ေသ္ာလည္း ႏူးကမ့္က အၾကီးအကဲေတြဟာ သူ႔ကို အဓိက ျပိဳင္ဘက္အသင္းေတြထံ ကိုလည္း မေရာက္ေစခ်င္ဘူးလို႔ သိရပါတယ္။

သတင္းမ်ားရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္း ဆြာရက္ဇ္ကို မေျပာင္းေစခ်င္တဲ့ ျပိဳင္ဘက္အသင္းေတြရဲ႕ စာရင္းထဲမွာ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီး နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ ပါ၀င္ေနျပီး ယခုအခါ အက္သလက္တီကိုမက္ဒရစ္အသင္းကိုလည္း ထပ္မံ ေပါင္းထည့္ခ်င္ေနတာျဖစ္ပါတယ္။

ဘာစီလိုအသင္းဟာ သူ႔ကို မလုိခ်င္ေတာ့ေသာ္လည္း ျပိဳင္ဘက္အသင္းေတြကို ေျပာင္းျပီးမွာ သူ႔အသင္းဘက္ကို ဂိုးသြင္းမွာကို စိုးရိမ္ေနတာပါ။ ဒါ့ေၾကာင့္ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ဆြာရက္ဇ္ကို မေခၚယူႏိုင္ခဲ့ပါက ကာဗာနီကိုပဲ ဒီေႏြရာသီမွာ ေခၚယူရန္ ၾကိဳးစားေတာ့မယ္လို႔ သိရပါတယ္။ ကာဗာနီကို အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ျပီးခဲ့တဲ့ ရာသီေတြကတည္းလည္း ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္။