အသင်းရဲ့ တိုက်စစ်မှူး ကဲလ်ဗက်လီဝင်ကို ယူနိုက်တက်က စိတ်ဝင်စားလာလို့ မရောင်းချင်တဲ့အတွက် ပေါင်သန်း ၈၀ တောင်းလိုက်တဲ့ အဲဗာတန်အသင်း

အဲဗာတန်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ကဲလ်ဗက်လီဝင်ကို ယူနိုက်တက်အသင်းက စိတ်ဝင်စားလာတဲ့အတွက် မရောင်းချင်ချင်လို့ ပေါင်သန်း ၈၀ တောင်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။The Sun က ဖော်ပြချက်အရ နည်းပြဆိုးလ်ရှားက ပစ်မှတ်ထားခဲ့ပေမယ့် တောင်းဆိုလိုက်တဲ့ တန်ကြေးကြောင့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကဲလ်ဗက်လီဝင်ကို အဲဗာတန်အသင်းဟာ လွန်ခဲ့တဲ့ (၄) နှစ်က ရှက်ဖီးယူနိုက်တက်အသင်းဆီကနေ ပေါင် ၁.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သူဟာ အဲဗာတန်အသင်းအတွက် (၁၃၆) ပွဲကစားပြီးချိန်မှာ (၃၆) ဂိုးသွင်းပေးထားပါတယ်။ စနေနေ့က ဝက်စ်ဘရွန်းအသင်းကို အဲဗာတန်အသင်းက (၅-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း သူဟာ ဟက်ထရစ်သွင်းပေးခဲ့သူဖြစ်ပါတယ်။အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးဟာ အဲဗာတန်အသင်းရဲ့ ဒီနှစ်ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ စပါးအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း တစ်လုံးတည်းသော အနိုင်ဂိုး ကို သွင်းပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ (၃-၁) နဲ့ အရှက်တကွဲ ရှုံးခဲ့ရလို့ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ အသင်းရဲ့ အထောင်တိုက်စစ်မှူးဖြစ်တဲ့ မာရှယ်လ်နဲ့အတူ တွဲကစားရန် နောက်ထပ် တိုက်စစ်မှူး အသစ်တစ်ယောက်ကို ရှာဖွေနေတယ်လို့ သိရပါတယ်။ သို့သော်လည်း ယခုအခါ အဲဗာတန်အသင်းက သတ်မှတ်ထားတဲ့ တန်ကြေးကြောင့် ယူနိုက်တက်အသင်းက ကဲလ်ဗက်လီဝင်ကို ခေါ်ယူရန် စိတ်မဝင်စားတော့ဘူး လို့ သိရပါတယ်။

အသင္းရဲ႕ တိုက္စစ္မွဴး ကဲလ္ဗက္လီ၀င္ကို ယူႏုိက္တက္က စိတ္၀င္စားလာလို႔ မေရာင္းခ်င္တဲ့အတြက္ ေပါင္သန္း ၈၀ ေတာင္းလိုက္တဲ့ အဲဗာတန္အသင္း

အဲဗာတန္အသင္းဟာ အသင္းရဲ႕တိုက္စစ္မွဴး ကဲလ္ဗက္လီ၀င္ကို ယူႏိုက္တက္အသင္းက စိတ္၀င္စားလာတဲ့အတြက္ မေရာင္းခ်င္ခ်င္လို႔ ေပါင္သန္း ၈၀ ေတာင္းခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါတယ္။The Sun က ေဖာ္ျပခ်က္အရ နည္းျပဆိုးလ္ရွားက ပစ္မွတ္ထားခဲ့ေပမယ့္ ေတာင္းဆိုလိုက္တဲ့ တန္ေၾကးေၾကာင့္ အဆင္မေျပျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ကဲလ္ဗက္လီ၀င္ကို အဲဗာတန္အသင္းဟာ လြန္ခဲ့တဲ့ (၄) ႏွစ္က ရွက္ဖီးယူႏိုက္တက္အသင္းဆီကေန ေပါင္ ၁.၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

သူဟာ အဲဗာတန္အသင္းအတြက္ (၁၃၆) ပြဲကစားျပီးခ်ိန္မွာ (၃၆) ဂိုးသြင္းေပးထားပါတယ္။ စေနေန႔က ၀က္စ္ဘရြန္းအသင္းကို အဲဗာတန္အသင္းက (၅-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း သူဟာ ဟက္ထရစ္သြင္းေပးခဲ့သူျဖစ္ပါတယ္။အသက္ ၂၃ ႏွစ္အရြယ္တိုက္စစ္မွဴးဟာ အဲဗာတန္အသင္းရဲ႕ ဒီႏွစ္ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ျဖစ္တဲ့ စပါးအသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း တစ္လံုးတည္းေသာ အႏိုင္ဂိုး ကို သြင္းေပးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ခရစၥတယ္ပဲေလ့စ္အသင္းကို အိမ္ကြင္းမွာ (၃-၁) နဲ႔ အရွက္တကြဲ ရႈံးခဲ့ရလို႔ ေ၀ဖန္မႈေတြ ခံေနရတာျဖစ္ပါတယ္။ အသင္းရဲ႕ အေထာင္တုိက္စစ္မွဴးျဖစ္တဲ့ မာရွယ္လ္နဲ႔အတူ တြဲကစားရန္ ေနာက္ထပ္ တိုက္စစ္မွဴး အသစ္တစ္ေယာက္ကို ရွာေဖြေနတယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း ယခုအခါ အဲဗာတန္အသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးေၾကာင့္ ယူႏိုက္တက္အသင္းက ကဲလ္ဗက္လီ၀င္ကို ေခၚယူရန္ စိတ္မ၀င္စားေတာ့ဘူး လို႔ သိရပါတယ္။