ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ဆန်ချိုအသင်းကို ဒီရာသီမှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ဆိုလိုက်တဲ့ ဒေါ့မွန်အသင်းရဲ့ ဒါရိုက်တာ

ဂျာဒွန်ဆန်ချိုဟာ အနာဂတ်မှာ အသင်းက ထွက်ခွာမှာ ဖြစ်ပေမယ့် ဒီရာသီမှာတော့ ဒေါ့မွန်အသင်းက ရောင်းချသွားမှာ မဟုတ်ဘူးလို့ အသင်းရဲ့ ဒါရိုက်တာ ခါးလ်က ပြောသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းက အဓိက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ဂျာဒွန်ဆန်ချိုဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး အနာဂတ်မှာတော့ အသင်းကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။

“ဂျာဒွန်က လေ့ကျင့်ခန်းကောင်းကောင်းလုပ်နေပြီး ပရော်ဖက်ရှင်နယ်ပီသပါတယ်။ သူက ဘောလုံးကစားနေရတာကို ပျော်နေတာပါ။ တစ်ခါတစ်လေတော့ သူလည်း စိန်ခေါ်မှုအသစ်တွေ လိုချင်ပေမယ့် အခုသူဟာ ဒေါ့မွန်မှာ ရှိနေတာကို ပျော်နေပြီး ဒေါ့မွန်ကလည်း သူရှိနေလို့ ပျော်နေပါတယ်။သူဒီမှာ ဆက်နေမှာပါ။ ဒါဟာ အသင်းကနေ ထွက်ရှိလာတဲ့ အရေးကြီးတဲ့ ကြေညာချက်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ သေချာတဲ့ တာဝန်ယူမှုတွေ ရှိပါတယ်။ ဂျာဒွန်မရှိရင် အသင်းက ဆိုးရွားသွားနိုင်ပါတယ်” လို့ ခါးလ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဂျာဒွန်ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၂၀) သွင်းပြီး ဂိုး (၂၀) ဖန်တီးပေးကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒီနှစ်ဘောလုံရာသီအစမှာလည်း သူဟာ အသင်းနဲ့အတူ အကောင်းဆုံး စတင်ပြီး ဒေါ့မွန်အသင်းက မိုချန်ဂလာဘတ်အသင်းကို (၃-ဝ) နဲ့ ဂိုးပြတ်အနိုင်နဲ့ ရာသီသစ်ကို စတင်ထားနိုင်ပါတယ်။ ဒေါ့မွန်အသင်းက အင်္ဂလိပ်ကစားသမားရဲ့ ခြေစွမ်းတွေကြောင့် တန်ကြေး ပေါင် ၁၀၈ သန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ယူႏိုက္တက္က စိတ္၀င္စားေနတဲ့ ဆန္ခ်ိဳအသင္းကို ဒီရာသီမွာ ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ဆိုလိုက္တဲ့ ေဒါ့မြန္အသင္းရဲ႕ ဒါရိုက္တာ

ဂ်ာဒြန္ဆန္ခ်ိဳဟာ အနာဂတ္မွာ အသင္းက ထြက္ခြာမွာ ျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ ေဒါ့မြန္အသင္းက ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ အသင္းရဲ႕ ဒါရိုက္တာ ခါးလ္က ေျပာသြားခဲ့ပါတယ္။ အသက္ ၂၀ အရြယ္ အဂၤလန္လက္ေရြးစင္ကစားသမားကို ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္အသင္းက အဓိက စိတ္၀င္စားေနတာျဖစ္ပါတယ္။

ဂ်ာဒြန္ဆန္ခ်ိဳဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္ျပီး အနာဂတ္မွာေတာ့ အသင္းကေန ထြက္ခြာသြားမွာျဖစ္တယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

“ဂ်ာဒြန္က ေလ့က်င့္ခန္းေကာင္းေကာင္းလုပ္ေနျပီး ပေရာ္ဖက္ရွင္နယ္ပီသပါတယ္။ သူက ေဘာလံုးကစားေနရတာကို ေပ်ာ္ေနတာပါ။ တစ္ခါတစ္ေလေတာ့ သူလည္း စိန္ေခၚမႈအသစ္ေတြ လိုခ်င္ေပမယ့္ အခုသူဟာ ေဒါ့မြန္မွာ ရွိေနတာကို ေပ်ာ္ေနျပီး ေဒါ့မြန္ကလည္း သူရွိေနလို႔ ေပ်ာ္ေနပါတယ္။

သူဒီမွာ ဆက္ေနမွာပါ။ ဒါဟာ အသင္းကေန ထြက္ရွိလာတဲ့ အေရးၾကီးတဲ့ ေၾကညာခ်က္တစ္ခုပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔မွာ ေသခ်ာတဲ့ တာ၀န္ယူမႈေတြ ရွိပါတယ္။ ဂ်ာဒြန္မရွိရင္ အသင္းက ဆိုးရြားသြားႏိုင္ပါတယ္” လို႔  ခါးလ္က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ဂ်ာဒြန္ဆန္ခ်ိဳဟာ ျပီးခဲ့တဲ့ရာသီက ေဒါ့မြန္အသင္းအတြက္ ျပိဳင္ပြဲစံု ဂိုး (၂၀) သြင္းျပီး ဂိုး (၂၀) ဖန္တီးေပးကာ ေျခစြမ္းျပခဲ့ပါတယ္။ ဒီႏွစ္ေဘာလံုရာသီအစမွာလည္း သူဟာ အသင္းနဲ႔အတူ အေကာင္းဆံုး စတင္ျပီး ေဒါ့မြန္အသင္းက မိုခ်န္ဂလာဘတ္အသင္းကို (၃-၀) နဲ႔ ဂိုးျပတ္အႏိုင္နဲ႔ ရာသီသစ္ကို စတင္ထားႏိုင္ပါတယ္။ ေဒါ့မြန္အသင္းက အဂၤလိပ္ကစားသမားရဲ႕ ေျခစြမ္းေတြေၾကာင့္ တန္ေၾကး ေပါင္ ၁၀၈ သန္း သတ္မွတ္ထားတာ ျဖစ္ပါတယ္။