ဒီညမှာ ကစားမယ့် ကာရာဘောင်းဖလားပွဲမှာ မကစားဘဲ အနိုင်ရဖို့ မျှော်လင့်ချက်ရှိတဲ့ မော်ရင်ဟိုရဲ့ စပါးအသင်း

၂၂ ရက်အတွင်း ပြိုင်ပွဲစုံမှာ ပွဲစဉ် ၉ ပွဲအထိ ကစားရမှာဖြစ်တာကြောင့် ပွဲစဉ်ရေးဆွဲသူတွေကို ဝေဖန်ထားတဲ့ မော်ရင်ဟိုရဲ့ စပါးအသင်းကတော့ ဒီနေ့ညမှာ ကစားဖို့ ရှိနေတဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်ကိုတော့ မကစားဘဲ အနိုင်ရ ဖို့ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းနဲ့ ကစားရမယ့် လိဂ်-၂ ကလပ် လေတန်အိုရီးယန့်အသင်းမှာ ဗိုင်းရပ်စ်ပိုး ကူး စက်ခံထားရသူတွေကြောင့် ပြိုင်ပွဲကို လက်ခံကစားဖို့ အဆင်သင့်ရှိမနေဘူးလို့ သိရပါတယ်။


လိဂ်-၂ ကလပ် လေတန်အိုရီးယန့် အသင်းမှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်ဆိုပြီး သတင်းတွေက ဖော်ပြခဲ့သလို အသင်း မှာ စပါးနဲ့ ပွဲအတွက် ကစားသမား၁၀ ယောက်အထိရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ကလပ်နှစ်သင်းစလုံး မှာရှိတဲ့ ကစားသမားတွေဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေအရ ပွဲကို ရွှေ့ဆိုင်းဖို့ လက်ခံခဲ့ကြပေမယ့် ပွဲဆက်တွေ များနေတဲ့ စပါးအသင်းရဲ့ပွဲစဉ်တွေကြောင့် လေတန်အိုရီးယန်အနေနဲ့ မတတ်သာဘဲ စပါးအသင်းကို အနိုင်ပေးရဖို့ ရှိနေ တာဖြစ်ပါတယ်။


အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကတော့ ဒီပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုထားခြင်းမရှိဘူးလို့ သိရ ပါတယ်။ စပါးဟာ လာမယ့်ကြာသပတေးနေ့မှာလည်း မက်ဆီဒိုးနီးယားကလပ် စကန်ဒီဂျာနဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲ ကစားဖို့ ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ မန်ဖီးလ်နဲ့ပွဲအပြီးမှာ လေတန်အိုးရီးယန် အသင်းကစားသမားတွေကို ဆေးစစ်မှု ပြုလုပ်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။


တနင်္လာနေ့နေ့လယ်ပိုင်းမှာ လေတန်အိုရီးယန်အသင်းတာဝန်ရှိသူတွေက အသင်းမှာ နည်းပြ ရော့ဘ်အန်ဘယ်တန်နဲ့အတူ ကစားသမားအချို့မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရကြောင်း အတည်ပြုပြောခဲ့ပါတယ်။ ရောဂါပိုးရှိသူတွေကို ဗြိတိန်အစိုးရက သီးခြား ၁၄ ရက်စီ နေထိုင်ဖို့ ညွှန်ကြားထားသလို လေတန်အိုရီးယန်အသင်းကလည်း အင်္ဂလန်နိုင်ငံရဲ့ကျန်းမာရေးဌာန ကို သတင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ဒီညမွာ ကစားမယ့္ ကာရာေဘာင္းဖလားပြဲမွာ မကစားဘဲ အႏုိင္ရဖို႔ ေမွ်ာ္လင့္ခ်က္ရွိတဲ့ ေမာ္ရင္ဟိုရဲ႕ စပါးအသင္း
၂၂ ရက္အတြင္း ၿပိဳင္ပြဲစံုမွာ ပြဲစဥ္ ၉ ပြဲအထိ ကစားရမွာျဖစ္တာေၾကာင့္ ပြဲစဥ္ေရးဆြဲသူေတြကို ေဝဖန္ထားတဲ့ ေမာ္ရင္ဟိုရဲ႕ စပါးအသင္းကေတာ့ ဒီေန႔ညမွာ ကစားဖို႔ ရွိေနတဲ့ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္ကိုေတာ့ မကစားဘဲ အႏိုင္ရ ဖို႔ရွိေနတယ္လို႔ သိရပါတယ္။ စပါးအသင္းနဲ႔ ကစားရမယ့္ လိဂ္-၂ ကလပ္ ေလတန္အိုရီးယန္႔အသင္းမွာ ဗိုင္းရပ္စ္ပိုး ကူး စက္ခံထားရသူေတြေၾကာင့္ ၿပိဳင္ပြဲကို လက္ခံကစားဖို႔ အဆင္သင့္ရွိမေနဘူးလို႔ သိရပါတယ္။
လိဂ္-၂ ကလပ္ ေလတန္အိုရီးယန္႔ အသင္းမွာ ကိုဗစ္ပိုးကူးစက္ခံထားရတယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပခဲ့သလို အသင္း မွာ စပါးနဲ႔ ပြဲအတြက္ ကစားသမား၁၀ ေယာက္အထိေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သိရပါတယ္။ ကလပ္ႏွစ္သင္းစလံုး မွာရွိတဲ့ ကစားသမားေတြဟာ အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ စည္းမ်ဥ္းေတြအရ ပြဲကို ေရႊ႕ဆိုင္းဖို႔ လက္ခံခဲ့ၾကေပမယ့္ ပြဲဆက္ေတြ မ်ားေနတဲ့ စပါးအသင္းရဲ႕ပြဲစဥ္ေတြေၾကာင့္ ေလတန္အိုရီးယန္အေနနဲ႔ မတတ္သာဘဲ စပါးအသင္းကို အႏိုင္ေပးရဖို႔ ရွိေန တာျဖစ္ပါတယ္။
အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြကေတာ့ ဒီပြဲနဲ႔ ပတ္သက္ၿပီး တစ္စံုတစ္ရာမွတ္ခ်က္ျပဳထားျခင္းမရွိဘူးလို႔ သိရ ပါတယ္။ စပါးဟာ လာမယ့္ၾကာသပေတးေန႔မွာလည္း မက္ဆီဒိုးနီးယားကလပ္ စကန္ဒီဂ်ာနဲ႔ ယူရိုပါလိဂ္ ေျခစစ္ပြဲ ကစားဖို႔ ရွိေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ မန္ဖီးလ္နဲ႔ပြဲအၿပီးမွာ ေလတန္အိုးရီးယန္ အသင္းကစားသမားေတြကို ေဆးစစ္မႈ ျပဳလုပ္ခဲ့ရာမွာ ေရာဂါပိုးေတြ႕ရွိခဲ့တာပဲ ျဖစ္ပါတယ္။
တနလၤာေန႔ေန႔လယ္ပိုင္းမွာ ေလတန္အိုရီးယန္အသင္းတာဝန္ရွိသူေတြက အသင္းမွာ နည္းျပ ေရာ့ဘ္အန္ဘယ္တန္နဲ႔အတူ ကစားသမားအခ်ိဳ႕မွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံေနရေၾကာင္း အတည္ျပဳေျပာခဲ့ပါတယ္။ ေရာဂါပိုးရွိသူေတြကို ျဗိတိန္အစိုးရက သီးျခား ၁၄ ရက္စီ ေနထိုင္ဖို႔ ညႊန္ၾကားထားသလို ေလတန္အိုရီးယန္အသင္းကလည္း အဂၤလန္ႏိုင္ငံရဲ႕က်န္းမာေရးဌာန ကို သတင္းေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။