ဗန်ဒိုက်ရဲ့ ကစားဟန်က အေးဆေးတည်ငြိမ်ပြီး ဘဝင်မြင့်နေတာ မဟုတ်ဘူးလို့ ထောက်ခံပေးခဲ့တဲ့ နယ်သာလန်တိုက်စစ် မှူးဟောင်း ဝင်းမ်ကိတ်ချ်

လီဗာပူးအသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဗန်ဒိုက်ခ်ရဲ့ ကစားဟန်ကြောင့် ဝေဖန်တဲ့သတင်းတွေထွက်နေပြီး အသင်းရဲ့ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကာရေဂါက ဆိုရင် ဗန်ဒိုက်စ်အနေနဲ့ သူရဲ့စွမ်းဆောင်ရည်ကြောင့် ဘဝင်မြင့် နေတယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လိဒ်နဲ့ကစားခဲ့တဲ့ပွဲတုန်းက ခံစစ်က သုံးဂိုး အထိ ပေးခဲ့ရတာကြောင့် ကာရေဂါကို ဗန်ဒိုက်စ်ကို ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဝင်းမ်ကိတ်ချ်ကတော့ ဗန်ဒိုက်စ်ရဲ့ ကစားဟန်က တည်ငြိမ်အေးဆေးစွာ ကစားတတ်တာကြောင့် သူများတွေဝေဖန်နေသလိုမျိုး အောင်မြင်မှုတွေကြောင့် ဘဝင်မြင့်နေတာမဟုတ်ဘူးလို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဗန်ဒိုက်ခ်ဟာ လက်ရှိဘောလုံးလောကရဲ့ နောက်ခံလူတွေထဲမှာ ကမ္ဘာ့ အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ပါဝင်နေသူလည်း ဖြစ်ပါတယ်။

နယ်သာလန်အသင်းနဲ့အတူ ယူရို ၈၈ ပြိုင်ပွဲတုန်းက အောင်မြင်မှုရခဲ့တဲ့ ဝင်းမ်ကိတ်ချ်က “ ဗန်ဒိုက်က ကစားသမားကောင်း တစ်ယောက်ဆိုတာ အားလုံးသိပြီးသားပါ။ သူများတွေပြောသလို သူအနေနဲ့ ဘဝင်မြင့်နေတာမျိုးမဟုတ်ပါဘူး။ တစ်ခါ တလေ ဗန်ဒိုက်အနေနဲ့ ရှေ့တန်းကို ရောက်နေတဲ့ အချိန်မျိုးတွေမှာတော့ သူအနေနဲ့ ခံစစ်အတွက် အမှားတွေပြုလုပ်နိုင် ပါတယ်။” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဝင်းမ်ကိတ်ချ်က ဗန်ဒိုက်ခ် ဦးဆောင်တဲ့ လီဗာပူးဟာ တိုက်စစ်အားကောင်းတဲ့ ချဲလ်ဆီးနဲ့ပွဲမှာဆိုရင် ပေးဂိုး မရှိအောင် အကောင်းဆုံးကစားနိုင်ခဲ့တာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ လီဗာပူးအသင်းရဲ့နောက် ခံလူတွေဖြစ်တဲ့ ဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုက ဗန်ဒိုက်ခ် ရဲ့ တွဲပြီး ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့တာဖြစ်ပေမယ့် နှစ်ယောက်စလုံးခြေစွမ်းပြနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို ဂိုးမပေးခဲ့ ရတာ ဖြစ်ပါတယ်။

zawgyi version

ဗန္ဒိုက္ရဲ႕ ကစားဟန္က ေအးေဆးတည္ျငိမ္ၿပီး ဘဝင္ျမင့္ေနတာ မဟုတ္ဘူးလို႔ ေထာက္ခံေပးခဲ့တဲ့ နယ္သာလန္တိုက္စစ္ မွဴးေဟာင္း ဝင္းမ္ကိတ္ခ်္
လီဗာပူးအသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ ဗန္ဒိုက္ခ္ရဲ႕ ကစားဟန္ေၾကာင့္ ေဝဖန္တဲ့သတင္းေတြထြက္ေနၿပီး အသင္းရဲ႕ေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ကာေရဂါက ဆိုရင္ ဗန္ဒိုက္စ္အေနနဲ႔ သူရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ဘဝင္ျမင့္ ေနတယ္လို႔ သံုးသပ္ခဲ့ဖူးပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ လိဒ္နဲ႔ကစားခဲ့တဲ့ပြဲတုန္းက ခံစစ္က သံုးဂိုး အထိ ေပးခဲ့ရတာေၾကာင့္ ကာေရဂါကို ဗန္ဒိုက္စ္ကို ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။
နယ္သာလန္တိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ဝင္းမ္ကိတ္ခ်္ကေတာ့ ဗန္ဒိုက္စ္ရဲ႕ ကစားဟန္က တည္ျငိမ္ေအးေဆးစြာ ကစားတတ္တာေၾကာင့္ သူမ်ားေတြေဝဖန္ေနသလိုမ်ိဳး ေအာင္ျမင္မႈေတြေၾကာင့္ ဘဝင္ျမင့္ေနတာမဟုတ္ဘူးလို႔ ကာကြယ္ ေျပာဆိုခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဗန္ဒိုက္ခ္ဟာ လက္ရွိေဘာလံုးေလာကရဲ႕ ေနာက္ခံလူေတြထဲမွာ ကမၻာ့ အေကာင္းဆံုးေနာက္ခံလူတစ္ဦးအျဖစ္ ပါဝင္ေနသူလည္း ျဖစ္ပါတယ္။
နယ္သာလန္အသင္းနဲ႔အတူ ယူရို ၈၈ ၿပိဳင္ပြဲတုန္းက ေအာင္ျမင္မႈရခဲ့တဲ့ ဝင္းမ္ကိတ္ခ်္က “ ဗန္ဒိုက္က ကစားသမားေကာင္း တစ္ေယာက္ဆိုတာ အားလံုးသိၿပီးသားပါ။ သူမ်ားေတြေျပာသလို သူအေနနဲ႔ ဘဝင္ျမင့္ေနတာမ်ိဳးမဟုတ္ပါဘူး။ တစ္ခါ တေလ ဗန္ဒိုက္အေနနဲ႔ ေရွ႕တန္းကို ေရာက္ေနတဲ့ အခ်ိန္မ်ိဳးေတြမွာေတာ့ သူအေနနဲ႔ ခံစစ္အတြက္ အမွားေတြျပဳလုပ္ႏိုင္ ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဝင္းမ္ကိတ္ခ်္က ဗန္ဒိုက္ခ္ ဦးေဆာင္တဲ့ လီဗာပူးဟာ တိုက္စစ္အားေကာင္းတဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာဆိုရင္ ေပးဂိုး မရွိေအာင္ အေကာင္းဆံုးကစားႏိုင္ခဲ့တာကိုလည္း ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ လီဗာပူးအသင္းရဲ႕ေနာက္ ခံလူေတြျဖစ္တဲ့ ဂိုမက္ဇ္နဲ႔ မာတစ္တို႔ ဒဏ္ရာေၾကာင့္ မကစားႏုိင္ခ်ိန္မွာ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဖာဘင္ဟိုက ဗန္ဒိုက္ခ္ ရဲ႕ တြဲၿပီး ဗဟိုေနာက္ခံလူအျဖစ္ ကစားခဲ့တာျဖစ္ေပမယ့္ ႏွစ္ေယာက္စလံုးေျခစြမ္းျပႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို ဂိုးမေပးခဲ့ ရတာ ျဖစ္ပါတယ္။