ဝုလ်ဗ်နဲ့ ကစားမယ့် ပွဲမတိုင်ခင် မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

တနလာၤနေ့ည (ဒီနေ့) ကစားမယ့်မန်စီးတီးအသင်း နဲ့ ဝုလ်ဗ်နဲ့ ပွဲမတိုင်မီ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်တွေတုန်းက မန်စီးတီးကစားသမား (၂) ယောက်ဖြစ်တဲ့ မာရက်ဇ် နဲ့ လာပေါ်တီ တို့ မှာလည်း ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဂန်ဒိုဂန် ရောဂါပိုးရှိပေမယ့်လည်း မန်စီးတီးအသင်းဟာ ဝုလ်ဗ်နဲ့ ပွဲကို ရွှေ့ဆိုင်းမှာ မဟုတ်ပဲ ကစားသွားမယ်လို့ သိရပါတယ်။ သူဟာ ကြာသပတေးနေ့ ဘုန်းမောက်အသင်းနဲ့ ကာရာဘောင်ဖလားပွဲနဲ့ နောက်တစ်ပတ် တနင်္ဂနွေနေ့ လက်စတာအသင်းနဲ့ ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။တနလာၤနေ့က သတင်းထုတ်ပြန်ချက်မှာ ဂန်ဒိုဂန်ဟာ အင်္ဂလန်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကွာရန်တင်း ဝင်ရောကသွားရမယ်လို့ သိရပါတယ်။

“မန်စီးတီအသင်းက ဂန်ဒိုဂန်မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂန်ဒိုဂန်ဟာ အခု သီးသန်း ၁၀ ရက်နေထိုင်ရမှာဖြစ်ပါတယ်။ အသင်းက လူတိုင်းကတော့ ဂန်ဒိုဂန် အမြန်ဆုံးသက်သာပျောက်ကင်းလာဖို့ကိုပဲ ဆန္ဒရှိနေပါတယ်” လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝုလ်ဗ်အသင်းနဲ့ ပွဲမှာ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို လက်လွှတ်ရတော့မှာဖြစ်ပြီး ဂန်ဒိုဂန်နေရာမှာ ဖိုဒန်အစားထိုးဝင်ရောက်ကစားဖွယ်ရှိနေပါတယ်။

၀ုလ္ဗ္နဲ႔ ကစားမယ့္ ပြဲမတိုင္ခင္ မန္စီးတီး ကြင္းလယ္လူ ဂန္ဒိုဂန္ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိ

တနလာၤေန႔ည (ဒီေန႔) ကစားမယ့္မန္စီးတီးအသင္း နဲ႔ ၀ုလ္ဗ္နဲ႔ ပြဲမတိုင္မီ မန္စီးတီးကြင္းလယ္လူ ဂန္ဒိုဂန္မွာ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိျပီလို႔ သိရပါတယ္။ ျပီးခဲ့တဲ့အပတ္ေတြတုန္းက မန္စီးတီးကစားသမား (၂) ေယာက္ျဖစ္တဲ့ မာရက္ဇ္ နဲ႔ လာေပၚတီ တို႔ မွာလည္း ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဂန္ဒိုဂန္ ေရာဂါပိုးရွိေပမယ့္လည္း မန္စီးတီးအသင္းဟာ ၀ုလ္ဗ္နဲ႔ ပြဲကို ေရႊ႕ဆိုင္းမွာ မဟုတ္ပဲ ကစားသြားမယ္လို႔ သိရပါတယ္။ သူဟာ ၾကာသပေတးေန႔ ဘုန္းေမာက္အသင္းနဲ႔ ကာရာေဘာင္ဖလားပြဲနဲ႔ ေနာက္တစ္ပတ္ တနဂၤေႏြေန႔ လက္စတာအသင္းနဲ႔ ပြဲကိုလည္း လြဲေခ်ာ္မွာ ျဖစ္ပါတယ္။တနလာၤေန႔က သတင္းထုတ္ျပန္ခ်က္မွာ ဂန္ဒိုဂန္ဟာ အဂၤလန္စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ကြာရန္တင္း ၀င္ေရာကသြားရမယ္လို႔ သိရပါတယ္။

“မန္စီးတီအသင္းက ဂန္ဒိုဂန္မွာ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဂန္ဒိုဂန္ဟာ အခု သီးသန္း ၁၀ ရက္ေနထိုင္ရမွာျဖစ္ပါတယ္။ အသင္းက လူတိုင္းကေတာ့ ဂန္ဒိုဂန္ အျမန္ဆံုးသက္သာေပ်ာက္ကင္းလာဖို႔ကိုပဲ ဆႏၵရွိေနပါတယ္” လို႔ သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ၀ုလ္ဗ္အသင္းနဲ႔ ပြဲမွာ အသင္းရဲ႕ အားထားရတဲ့ ကြင္းလယ္ကစားသမားတစ္ေယာက္ကို လက္လႊတ္ရေတာ့မွာျဖစ္ျပီး ဂန္ဒိုဂန္ေနရာမွာ ဖိုဒန္အစားထိုး၀င္ေရာက္ကစားဖြယ္ရွိေနပါတယ္။