လင်ဒီလော့ဖ် နေရာ အားနည်းနေသော်လည်း နောက်ခံလူအသစ်တစ်ယောက်ခေါ်ယူဖို့ မရှိတဲ့ ယူနိုက်တက်အသင်း

ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဗဟိုနောက်ခံလူနေရာ အားနည်းနေတာကို မြင်တွေ့ရသော်လည်း ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူအသစ်တစ်ယောက် ခေါ်ယူရန် အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံလူအတွဲဖြစ်တဲ့ မက်ဂွဲရား နဲ့ လင်ဒီလော့ဖ်တို့ (၂) ယောက်ဟာ စနေနေ့က အိုးထရက်ဖိုဒ့်မှာ ခရစ္စတယ်ပဲလေ့စ်ကို (၃-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဝေဖန်မှုတွေ ခံနေရခဲ့သူတွေ ဖြစ်ပါတယ်။

အသင်းမှာ နောက်ထပ်ရွေးချယ်စရာနောက်ခံလူတွေဖြစ်တဲ့ အဲရစ်ဘာယီ၊ စမောလင်း ၊ဖီးလ်ဂျုံးစ်၊ ရိုဂျို ၊ တွမ်ဇီဘီ နဲ့ မန်ဂီ တို့ ရှိနေလို့ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ နောက်ထပ် ဗဟိုနောက်ခံလူအသစ်တစ်ယောက်ခေါ်ယူရန် မလိုအပ်ဘူးလို့ သတ်မှတ်ထားပါတယ်။The Athletic က အဆိုအရ ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတုန်းက အားနည်းနေတဲ့ ဗဟိုနောက်ခံလူနေရာကို အပြောင်းအလဲလုပ်ရန် အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူတစ်ယောက် နဲ့ ညာခြမ်းတိုက်စစ်ကစားသမားတစ်ယောက်ကိုပဲ ခေါ်ယူရန် အာရုံစိုက်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အပြောင်းအရွှေ့မှာ အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက်ကိုသာ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူထားပါတယ်။

လင္ဒီေလာ့ဖ္ ေနရာ အားနည္းေနေသာ္လည္း ေနာက္ခံလူအသစ္တစ္ေယာက္ေခၚယူဖို႔ မရွိတဲ့ ယူႏိုက္တက္အသင္း

ခရစၥတယ္ပဲေလ့စ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ ဗဟိုေနာက္ခံလူေနရာ အားနည္းေနတာကို ျမင္ေတြ႕ရေသာ္လည္း ယူႏိုက္တက္အသင္းဟာ ဗဟိုေနာက္ခံလူအသစ္တစ္ေယာက္ ေခၚယူရန္ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ဗဟိုေနာက္ခံလူအတြဲျဖစ္တဲ့ မက္ဂြဲရား နဲ႔ လင္ဒီေလာ့ဖ္တို႔ (၂) ေယာက္ဟာ စေနေန႔က အိုးထရက္ဖိုဒ့္မွာ ခရစၥတယ္ပဲေလ့စ္ကို (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေ၀ဖန္မႈေတြ ခံေနရခဲ့သူေတြ ျဖစ္ပါတယ္။

အသင္းမွာ ေနာက္ထပ္ေရြးခ်ယ္စရာေနာက္ခံလူေတြျဖစ္တဲ့ အဲရစ္ဘာယီ၊ စေမာလင္း ၊ဖီးလ္ဂ်ံဳးစ္၊ ရိုဂ်ိဳ ၊ တြမ္ဇီဘီ နဲ႔ မန္ဂီ တို႔ ရွိေနလို႔ ယူႏိုက္တက္ဟာ ဒီေႏြရာသီမွာ ေနာက္ထပ္ ဗဟိုေနာက္ခံလူအသစ္တစ္ေယာက္ေခၚယူရန္ မလိုအပ္ဘူးလို႔ သတ္မွတ္ထားပါတယ္။The Athletic က အဆိုအရ ယူႏိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲတုနး္က အားနည္းေနတဲ့ ဗဟိုေနာက္ခံလူေနရာကို အေျပာင္းအလဲလုပ္ရန္ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။

ယူႏိုက္တက္အသင္းဟာ ကြင္းလယ္လူတစ္ေယာက္ န႔ဲ ညာျခမ္းတုိက္စစ္ကစားသမားတစ္ေယာက္ကိုပဲ ေခၚယူရန္ အာရံုစိုက္ေနတာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အေျပာင္းအေရႊ႕မွာ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ေယာက္ကိုသာ ေပါင္ ၃၅ သန္းနဲ႔ ေခၚယူထားပါတယ္။