နောက်ထပ် ပေါ်တူဂီသား တစ်ယောက်ဖြစ်တဲ့ ဆီမီဒိုကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ဝုဗ် အသင်း

အသင်းမှာ ပေါ်တူဂီနိုင်ငံ ကိုယ်စားပြုသူတွေများနေတာကြောင့် ပရီးမီးယားလိဂ်ရဲ့ ပေါ်တူဂီအသင်းလို့ ခေါ်ခံနေရတဲ့ ဝုလ် ဗာဟမ်တန်အသင်းဟာ နောက်ထပ်ပေါ်တူဂီကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဝုလ်ဗာဟမ် တန်အသင်းက ခေါ်ယူမယ့် ကစားသမားကတော့ ဘာစီလိုနာညာနောက်ခံလူဖြစ်တဲ့ ဆီမီဒို ဖြစ်ပြီး ပေါင် ၃၅ သန်းနဲ့ ခေါ် ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။


စပါးအသင်းကို ပြောင်းရွှေ့သွားတဲ့ ညာနောက်ခံလူနေရာအတွက် ဝုလ်ဗာဟမ်တန်ဟာ ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပြီး ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့ ဆီမီဒိုကို ခေါ်ယူဖို့အတွက် စီစဉ်ခဲ့တာပဲ ဖြစ်တယ်လို့ Guardian သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုကတော့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ ဆီမီဒိုအနေနဲ့ ပုံမှန်ကစားခွင့်ရဖို့ မလွယ်တာကြောင့် အသင်းပြောင်းရွှေ့မယ့်သတင်းတွေလည်း ထွက် ပေါ်နေခဲ့တာ ဖြစ်ပါတယ်။


ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ဘာစီလိုနာညာနောက်ခံလူဟာ ဝုလ်ဗာဟမ်တန်အသင်းကို ပြောင်းရွှေ့ဖို့အ တွ့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ပါဝင်ခဲ့ပါတယ်။ လာမယ့်အပတ်မှာ ဆီမီဒို အနေနဲ့ အင်္ဂလန်ကိုလာပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုပြုလုပ်မယ်လို့လည်း သိရပါတယ်။


၂၀၁၇ ခုနှစ်ကတည်းက ဘာစီလိုနာကို ရောက်ရှိနေခဲ့တဲ့ ဆီမီဒိုဟာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၄ ပွဲအထိ ကစားပေးခဲ့သူုဖြစ်ပြီး အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးလို့ ဆိုရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ရာသီဖြစ်ခဲ့သလို ဘိုင်ယန်မြူး နစ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရှက်တကွဲ ရှုံးခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေသူလည်းဖြစ်ပါတယ်။ ဆီမီဒို အနေနဲ့ ဝုလ်ဗာဟမ်တန်ကို ပြောင်းရွှေ့လာပါက နွေရာသီအပြောင်းအရွှေ့မှာ ဝုဗ်အနေနဲ့ ကစားသမား ၅ဦးမြောက် အဖြစ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ေနာက္ထပ္ ေပၚတူဂီသား တစ္ေယာက္ျဖစ္တဲ့ ဆီမီဒိုကို ေပါင္ ၃၅ သန္းနဲ႔ ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ဝုဗ္ အသင္း
အသင္းမွာ ေပၚတူဂီႏိုင္ငံ ကိုယ္စားျပဳသူေတြမ်ားေနတာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ ေပၚတူဂီအသင္းလို႔ ေခၚခံေနရတဲ့ ဝုလ္ ဗာဟမ္တန္အသင္းဟာ ေနာက္ထပ္ေပၚတူဂီကစားသမားသစ္တစ္ဦးကို ေခၚယူဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ ဝုလ္ဗာဟမ္ တန္အသင္းက ေခၚယူမယ့္ ကစားသမားကေတာ့ ဘာစီလိုနာညာေနာက္ခံလူျဖစ္တဲ့ ဆီမီဒို ျဖစ္ၿပီး ေပါင္ ၃၅ သန္းနဲ႔ ေခၚ ယူဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။
စပါးအသင္းကို ေျပာင္းေရႊ႕သြားတဲ့ ညာေနာက္ခံလူေနရာအတြက္ ဝုလ္ဗာဟမ္တန္ဟာ ကစားသမားသစ္ ရွာေဖြေနတာ ျဖစ္ၿပီး ဘာစီလိုနာမွာ ရုန္းကန္ေနရတဲ့ ဆီမီဒိုကို ေခၚယူဖို႔အတြက္ စီစဥ္ခဲ့တာပဲ ျဖစ္တယ္လို႔ Guardian သတင္းဌာနရဲ႕ သတင္းေထာက္တစ္ဦးျဖစ္တဲ့ ဖာဘရီဇီယို ရိုမာႏိုကေတာ့ ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းရဲ႕ လက္ေအာက္မွာ ဆီမီဒိုအေနနဲ႔ ပံုမွန္ကစားခြင့္ရဖို႔ မလြယ္တာေၾကာင့္ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြလည္း ထြက္ ေပၚေနခဲ့တာ ျဖစ္ပါတယ္။
ဖာဘရီဇီယို ရိုမာႏိုရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ဘာစီလိုနာညာေနာက္ခံလူဟာ ဝုလ္ဗာဟမ္တန္အသင္းကို ေျပာင္းေရႊ႕ဖို႔အ တြ႕္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၆ သန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ုပ္ဆိုခဲ့တာျဖစ္တယ္လို႔ ပါဝင္ခဲ့ပါတယ္။ လာမယ့္အပတ္မွာ ဆီမီဒို အေနနဲ႔ အဂၤလန္ကိုလာၿပီး အေျပာင္းအေရႊ႕အတြက္ ေဆးစစ္မႈျပဳလုပ္မယ္လို႔လည္း သိရပါ တယ္။
၂၀၁၇ ခုႏွစ္ကတည္းက ဘာစီလိုနာကို ေရာက္ရွိေနခဲ့တဲ့ ဆီမီဒိုဟာ ၿပိဳင္ပြဲစံု ပြဲေပါင္း ၁၂၄ ပြဲအထိ ကစားေပးခဲ့သူုျဖစ္ၿပီး အသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးလို႔ ဆိုရမွာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ဖလားလက္မဲ့ရာသီျဖစ္ခဲ့သလို ဘိုင္ယန္ျမဴး နစ္ကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အရွက္တကြဲ ရႈံးခဲ့ရတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ စဥ္းစားေနသူလည္းျဖစ္ပါတယ္။ ဆီမီဒို အေနနဲ႔ ဝုလ္ဗာဟမ္တန္ကို ေျပာင္းေရႊ႕လာပါက ေႏြရာသီအေျပာင္းအေရႊ႕မွာ ဝုဗ္အေနနဲ႔ ကစားသမား ၅ဦးေျမာက္ အျဖစ္ ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။