ချဲလ်ဆီးကစားသမား ခရစ္စတန်ဆန်ရဲ့အနီကတ်ပြခံရချိန်မှာ လက်ခုပ်တီးခဲ့တဲ့ အဖွဲ့ဝင်ကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ ကလော့ပ်

ပြန်လည်စတင်နေပြီဖြစ်တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲလည်း ပါဝင်တာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ချဲလ်ဆီး နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သလို ချဲလ်ဆီးကလည်း ရာသီသစ် အတွက် ကစားသမားသစ်တွေကို ခေါ်ယူထားတာကြောင့် ပွဲမစခင်တုန်းက ပရိသတ်တွေအနေနဲ့ ဒီပွဲအတွက် ရင်ခုန်ခဲ့ကြ တာဖြစ်ပါတယ်။


ပွဲကစားချိန်မှာလည်း နှစ်သင်းစလုံးဟာ အကောင်းဆုံးပုံစံနဲ့ ကစားနေကြတာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ ချဲလ်ဆီးနောက်ခံ လူ ခရစ္စတန်ဆန်ထုတ်ပယ်ခံရတာက ပွဲရဲ့ရလဒ်ကို အပြောင်းအလဲဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ခရစ္စတန်ဆန် ထုတ်ပယ် ခံရပြီးနောက်မှာ တစ်ယောက်အသာရသွားတဲ့ လီဗာပူးက အနိုင်ဂိုးတွေရသွားခဲ့ပြီး မာနေးတစ်ဦးတည်းက နှစ်ဂိုးသွင်းယူခဲ့ တာပဲ ဖြစ်ပါတယ်။


ဒီပွဲမှာ ကွင်းလယ်ဒိုင်အနေနဲ့ ခရစ္စတန်ဆန်ကို အစောပိုင်းတုန်းက အဝါကတ်သာ ပြခဲ့တာဖြစ်ပေမယ့် VAR ပြန်ကြည့်ပြီးချိန် မှာတော့ အဝါကတ်ကနေ အနီကတ်ကို ပြောင်းလဲ့ခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတန်ဆန်ရဲ့ အနီကတ်ပြခံရချိန်မှာ လီဗာပူးနည်း ပြအဖွဲ့ဝင်တစ်ဦးက လက်ခုပ်တီးပြီး အောင်ပွဲခံခဲ့တာကြောင့် နည်းပြချုပ် ကလော့ပ်အနေနဲ့ မပျော်မရွှင်ဖြစ်နေတယ်လို့ သိ ရပါတယ်။


ပွဲအပြီးမှာတော့ သတင်းထောက်တွေကို လီဗာပူးနည်းပြ ကလော့ပ်က “ နည်းပြအဖွဲ့ဝင်တွေ နေရာကနေ လက်ခုပ်တီးသံ ကြားရပြီးနောက်မှာ ဒီလို မလုပ်ဖို့အတွက် ကျွန်တော်အနေနဲ့ အော်ဟစ်ခဲ့ပါတယ်။ ကျွန်တော်လည်း ခရစ္စတန်ဆန်ရဲ့ အနီ ကတ်ကို မြင်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းပေါ်ကို လေးစားမှုရှိရပါမယ်။ ကစားသမားတစ်ယောက် အသာရ တာ နိုင်ပွဲရဖို့ အခွင့်အရေးသာသွားပေမယ့် အခုလိုမျိုး အောင်ပွဲခံတာမျိုးတွေ မလုပ်သင့်ပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးကစားသမား ခရစၥတန္ဆန္ရဲ႕အနီကတ္ျပခံရခ်ိန္မွာ လက္ခုပ္တီးခဲ့တဲ့ အဖြဲ႔ဝင္ေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ေနတဲ့ ကေလာ့ပ္
ျပန္လည္စတင္ေနၿပီျဖစ္တဲ့ ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ျပိဳင္ပြဲလည္း ပါဝင္တာျဖစ္ၿပီး ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီး နဲ႔ လီဗာပူးတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ လီဗာပူးက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္သလို ခ်ဲလ္ဆီးကလည္း ရာသီသစ္ အတြက္ ကစားသမားသစ္ေတြကို ေခၚယူထားတာေၾကာင့္ ပြဲမစခင္တုန္းက ပရိသတ္ေတြအေနနဲ႔ ဒီပြဲအတြက္ ရင္ခုန္ခဲ့ၾက တာျဖစ္ပါတယ္။
ပြဲကစားခ်ိန္မွာလည္း ႏွစ္သင္းစလံုးဟာ အေကာင္းဆံုးပံုစံနဲ႔ ကစားေနၾကတာျဖစ္ၿပီး ပထမပိုင္းၿပီးခါနီးမွာ ခ်ဲလ္ဆီးေနာက္ခံ လူ ခရစၥတန္ဆန္ထုတ္ပယ္ခံရတာက ပြဲရဲ႕ရလဒ္ကို အေျပာင္းအလဲျဖစ္ေစခဲ့တာပဲ ျဖစ္ပါတယ္။ ခရစၥတန္ဆန္ ထုတ္ပယ္ ခံရၿပီးေနာက္မွာ တစ္ေယာက္အသာရသြားတဲ့ လီဗာပူးက အႏိုင္ဂိုးေတြရသြားခဲ့ၿပီး မာေနးတစ္ဦးတည္းက ႏွစ္ဂိုးသြင္းယူခဲ့ တာပဲ ျဖစ္ပါတယ္။
ဒီပြဲမွာ ကြင္းလယ္ဒိုင္အေနနဲ႔ ခရစၥတန္ဆန္ကို အေစာပိုင္းတုန္းက အဝါကတ္သာ ျပခဲ့တာျဖစ္ေပမယ့္ VAR ျပန္ၾကည့္ၿပီးခ်ိန္ မွာေတာ့ အဝါကတ္ကေန အနီကတ္ကို ေျပာင္းလဲ့ခဲ့တာ ျဖစ္ပါတယ္။ ခရစၥတန္ဆန္ရဲ႕ အနီကတ္ျပခံရခ်ိန္မွာ လီဗာပူးနည္း ျပအဖြဲ႕ဝင္တစ္ဦးက လက္ခုပ္တီးၿပီး ေအာင္ပြဲခံခဲ့တာေၾကာင့္ နည္းျပခ်ဳပ္ ကေလာ့ပ္အေနနဲ႔ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သိ ရပါတယ္။
ပြဲအၿပီးမွာေတာ့ သတင္းေထာက္ေတြကို လီဗာပူးနည္းျပ ကေလာ့ပ္က “ နည္းျပအဖြဲ႔ဝင္ေတြ ေနရာကေန လက္ခုပ္တီးသံ ၾကားရၿပီးေနာက္မွာ ဒီလို မလုပ္ဖို႔အတြက္ ကြ်န္ေတာ္အေနနဲ႔ ေအာ္ဟစ္ခဲ့ပါတယ္။ ကြ်န္ေတာ္လည္း ခရစၥတန္ဆန္ရဲ႕ အနီ ကတ္ကို ျမင္ေတြ႕ခဲ့ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းေပၚကို ေလးစားမႈရွိရပါမယ္။ ကစားသမားတစ္ေယာက္ အသာရ တာ ႏိုင္ပြဲရဖို႔ အခြင့္အေရးသာသြားေပမယ့္ အခုလိုမ်ိဳး ေအာင္ပြဲခံတာမ်ိဳးေတြ မလုပ္သင့္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။