ပြိုင်ဘက်တွေက ကစားသမားကောင်းတွေခေါ်ယူနေတာကြောင့် ယူနိုက်တက်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကစား သမားသစ် ခေါ်ယူဖို့ လိုအပ်နေတယ်လို့ သတင်းတွေကဖော်ပြနေကြ

ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ကစားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ရှုံးပြီးနောက်မှာ မီဒီယာတွေက ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေက ရာသီသစ်အတွက် ကစားသမားကောင်းတွေကို ခေါ်ယူနေတာကြောင့် ယူနိုက်တက်အနေနဲ့လည်း ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်တယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အေဂျက်က ဗန်ဒီဘိတ်ခ် တစ်ယောက်တည်းကို ခေါ်ယူထားတာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးဟာ အဲလ်ကန်တာရာကို ခေါ်ယူအပြီး တစ်ရက်အတွင်းမှာပဲ ဝုလ်ဗာဟမ်တန် တောင်ပံကစားသမား ဒီယေဂိုဂျိုတာကို ခေါ်ယူနိုင်ခဲ့သလို စပါးကလည်း ဂါရတ်ဘေးလ်နဲ့ ရီဂူလွန်တို့ကို တစ်ပြိုင်တည်း ခေါ်ယူနိုင်ခဲ့တာကြောင့် မီဒီယာတွေက ယူနိုက်တက်အနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ဖော်ပြခဲ့ကြ တာပဲ ဖြစ်ပါတယ်။


ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ သုံးဂိုးတစ်ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက်က အသစ်ခေါ် ယူထားတဲ့ ဗန်ဒီဘိတ်ခ်က လူစားဝင်လာပြီးနောက်မှာ အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါ တယ်။


ယူနိုက်တက်အသင်းရဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ လုခ်ရှောက “ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့ ကစားသမားအင်အားစု ရှိပါတယ်။ ရာသီအစပွဲစဉ်မို့ ကစားသမားတွေအနေနဲ့ စုစည်းမှု အားနည်းနေခဲ့တာပါ။ အမှားတွေလုပ်ခဲ့မိတာကြောင့် ခရစ္စ တယ်ပဲလေ့စ်ကို ရှုံးခဲ့တယ်ဆိုပေမယ့် အကောင်းဆုံးပြန်လာနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရာသီအကုန်မှာ အဆင့်-၃ နေရာအထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi version

ၿပိဳင္ဘက္ေတြက ကစားသမားေကာင္းေတြေခၚယူေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစား သမားသစ္ ေခၚယူဖို႔ လိုအပ္ေနတယ္လို႔ သတင္းေတြကေဖာ္ျပေနၾက
ယူႏိုက္တက္ အေနနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ကစားတဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာ ရႈံးၿပီးေနာက္မွာ မီဒီယာေတြက ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြက ရာသီသစ္အတြက္ ကစားသမားေကာင္းေတြကို ေခၚယူေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔လည္း ကစားသမားသစ္ေခၚယူဖို႔ လိုအပ္တယ္လို႔ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္က ဗန္ဒီဘိတ္ခ္ တစ္ေယာက္တည္းကို ေခၚယူထားတာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးဟာ အဲလ္ကန္တာရာကို ေခၚယူအၿပီး တစ္ရက္အတြင္းမွာပဲ ဝုလ္ဗာဟမ္တန္ ေတာင္ပံကစားသမား ဒီေယဂိုဂ်ိဳတာကို ေခၚယူႏိုင္ခဲ့သလို စပါးကလည္း ဂါရတ္ေဘးလ္နဲ႔ ရီဂူလြန္တို႔ကို တစ္ျပိဳင္တည္း ေခၚယူႏိုင္ခဲ့တာေၾကာင့္ မီဒီယာေတြက ယူႏိုက္တက္အေနနဲ႔ ကစားသမားသစ္ေခၚယူဖို႔ လိုအပ္ေနတယ္လို႔ ေဖာ္ျပခဲ့ၾက တာပဲ ျဖစ္ပါတယ္။
ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာ ယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိဘဲ သံုးဂိုးတစ္ဂိုးနဲ႔ ရႈံးခဲ့တာေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲစဥ္မွာေတာ့ ယူႏိုက္တက္က အသစ္ေခၚ ယူထားတဲ့ ဗန္ဒီဘိတ္ခ္က လူစားဝင္လာၿပီးေနာက္မွာ အသင္းအတြက္ ေခ်ပဂိုးတစ္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါ တယ္။
ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ လုခ္ေရွာက “ ကြ်န္ေတာ္တို႔ဟာ ေတာင့္တင္းတဲ့ ကစားသမားအင္အားစု ရွိပါတယ္။ ရာသီအစပြဲစဥ္မို႔ ကစားသမားေတြအေနနဲ႔ စုစည္းမႈ အားနည္းေနခဲ့တာပါ။ အမွားေတြလုပ္ခဲ့မိတာေၾကာင့္ ခရစၥ တယ္ပဲေလ့စ္ကို ရႈံးခဲ့တယ္ဆိုေပမယ့္ အေကာင္းဆံုးျပန္လာႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ရာသီအကုန္မွာ အဆင့္-၃ ေနရာအထိ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။