ထရန်မီရီရိုဗာက ပြောင်းလာတဲ့ လူငယ်ကစားသမားလေးကို လာလီဂါမှာ ကစားခွင့်ပေးခဲ့တဲ့ ရီးရဲလ်နည်းပြ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ်ကစားတဲ့ ဆိုစီဒက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ အင်္ဂလန်နိုင်ငံ ကလပ်အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ထရန်မီရီရိုဗာ အကယ်ဒမီကနေထွက်ပေါ်လာတဲ့ လူငယ်ကစားသမားလေး မာဗင်ပတ်ခ်ကို လူစားဝင်ကစားစေခဲ့တယ်လို့ သိရပါတယ်။ မာဗင်ပတ်ခ်ဟာ ပွဲချိန် ၇၀ မိနစ်မှာ ရိုဒရီဂိုရဲ့နေရာမှာ လူစား ဝင်ပြီး သူရဲ့ပထမဆုံးလာလီဂါပွဲစဉ်ကို ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၀ ရှိပြီဖြစ်တဲ့ လူငယ်ကစားသမား မာဗင်ပတ်ခ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ရီးရဲလ်လူငယ်အသင်းကို ရောက်ရှိ နေခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ရီးရဲလ်ဘီအသင်းမှာ ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်း ကြီးထံကို ခေါ်ယူခံခဲ့ရတာပဲ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားဖခင်နဲ့ ကိုရီးယားမိခင်တို့က စပိန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ မာဗင်ပတ်ခ်ဟာ စပိန်ယူ-၁၉ အသင်းအတွက် ကစားပေးထားသူလည်း ဖြစ်ပါတယ်။


အသက် ၉ နှစ်အရွယ်တုန်းက မာဗင်ပတ်ခ်ဟာ ထရန်မီရီရိုဗာအသင်းရဲ့ လူငယ်စီမံကိန်းကို ရောက်ရှိခဲ့ပြီး သုံးနှစ်ကြာလေ့ ကျင့်မှု ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ စပိန်နိုင်ငံမှာ အနေများတဲ့ မာဗင်ပတ်ခ်ရဲ့ကစားပုံကို ရီးရဲလ်နည်းပြ ဇီဒန်း အနေနဲ့ ကြိုက်နှစ်သက်မှု ရှိတာကြောင့် အသင်းကြီးအတွက် ကစားခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုစီဒက်နဲ့ ဂိုးမရှိသရေကျ တဲ့ပွဲမှာ ဆိုစီဒက်ကို အဌားချထားပြီးပြန်ခေါ်ထားတဲ့ အိုဒီဂတ်ကိုလည်း ဇီဒန်းအနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။


ရီးရဲလ်ဟာ လာလီဂါချန်ပီယံဆုကို ကာကွယ်ရမှာဖြစ်ပေမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ ကစားသမားသစ် ခေါ်ယူ ထားတာ မရှိသေးဘဲ အဌားချထားတဲ့ ကစားသမားအချို့ ပြန်ခေါ်ထားသလို အချို့ကိုလည်း အဌားချထားတယ်လို့ သိရပါ တယ်။ ဟာကီမီကို အင်တာမီလန်၊ ဂျိမ်းရိုဒရီဂွတ်ဇ်ကို အဲဗာတန်နဲ့ ရီဂူလွန်ကို စပါးအသင်းတွေထံ ရီးရဲလ်က ရောင်းချခဲ့ ထားခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ထရန္မီရီရိုဗာက ေျပာင္းလာတဲ့ လူငယ္ကစားသမားေလးကို လာလီဂါမွာ ကစားခြင့္ေပးခဲ့တဲ့ ရီးရဲလ္နည္းျပ ဇီဒန္း
ရီးရဲဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ လာလီဂါအဖြင့္ပြဲစဥ္အျဖစ္ကစားတဲ့ ဆိုစီဒက္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ အဂၤလန္ႏိုင္ငံ ကလပ္အသင္းငယ္ေလးတစ္သင္းျဖစ္တဲ့ ထရန္မီရီရိုဗာ အကယ္ဒမီကေနထြက္ေပၚလာတဲ့ လူငယ္ကစားသမားေလး မာဗင္ပတ္ခ္ကို လူစားဝင္ကစားေစခဲ့တယ္လို႔ သိရပါတယ္။ မာဗင္ပတ္ခ္ဟာ ပြဲခ်ိန္ ၇၀ မိနစ္မွာ ရိုဒရီဂိုရဲ႕ေနရာမွာ လူစား ဝင္ၿပီး သူရဲ႕ပထမဆံုးလာလီဂါပြဲစဥ္ကို ကစားခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၀ ရွိၿပီျဖစ္တဲ့ လူငယ္ကစားသမား မာဗင္ပတ္ခ္ဟာ ၂၀၁၆ ခုႏွစ္ကတည္းက ရီးရဲလ္လူငယ္အသင္းကို ေရာက္ရွိ ေနခဲ့သူျဖစ္ကာ ျပီးခဲ့တဲ့ေဘာလံုးရာသီမွာေတာ့ ရီးရဲလ္ဘီအသင္းမွာ ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသင္း ၾကီးထံကို ေခၚယူခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ႏိုင္ဂ်ီးရီးယားဖခင္နဲ႔ ကိုရီးယားမိခင္တို႔က စပိန္ႏိုင္ငံမွာ ေမြးဖြားခဲ့တဲ့ မာဗင္ပတ္ခ္ဟာ စပိန္ယူ-၁၉ အသင္းအတြက္ ကစားေပးထားသူလည္း ျဖစ္ပါတယ္။
အသက္ ၉ ႏွစ္အရြယ္တုန္းက မာဗင္ပတ္ခ္ဟာ ထရန္မီရီရိုဗာအသင္းရဲ႕ လူငယ္စီမံကိန္းကို ေရာက္ရွိခဲ့ၿပီး သံုးႏွစ္ၾကာေလ့ က်င့္မႈ ျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ စပိန္ႏိုင္ငံမွာ အေနမ်ားတဲ့ မာဗင္ပတ္ခ္ရဲ႕ကစားပံုကို ရီးရဲလ္နည္းျပ ဇီဒန္း အေနနဲ႔ ၾကိဳက္ႏွစ္သက္မႈ ရွိတာေၾကာင့္ အသင္းၾကီးအတြက္ ကစားခြင့္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဆိုစီဒက္နဲ႔ ဂိုးမရွိသေရက် တဲ့ပြဲမွာ ဆိုစီဒက္ကို အဌားခ်ထားၿပီးျပန္ေခၚထားတဲ့ အိုဒီဂတ္ကိုလည္း ဇီဒန္းအေနနဲ႔ အသံုးျပဳခဲ့တာ ျဖစ္ပါတယ္။
ရီးရဲလ္ဟာ လာလီဂါခ်န္ပီယံဆုကို ကာကြယ္ရမွာျဖစ္ေပမယ့္ ေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ ကစားသမားသစ္ ေခၚယူ ထားတာ မရွိေသးဘဲ အဌားခ်ထားတဲ့ ကစားသမားအခ်ိဳ႕ ျပန္ေခၚထားသလို အခ်ိဳ႕ကိုလည္း အဌားခ်ထားတယ္လို႔ သိရပါ တယ္။ ဟာကီမီကို အင္တာမီလန္၊ ဂ်ိမ္းရိုဒရီဂြတ္ဇ္ကို အဲဗာတန္နဲ႔ ရီဂူလြန္ကို စပါးအသင္းေတြထံ ရီးရဲလ္က ေရာင္းခ်ခဲ့ ထားခဲ့တာ ျဖစ္ပါတယ္။