လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားက မာနေးဆိုပြီး ချီးကျူးလိုက်တဲ့ ဖာဘရီဂတ်စ်

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မိုနာကိုကွင်းလယ်လူ ဖာဘရီဂတ်စ် က လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားက လီဗာပူးတိုက်စစ်မှူး မာနေးဖြစ်တယ်ဆိုပြီး ချီးကျူးမှု ပြု လုပ်ခဲ့ပါတယ်။ မာနေးဟာ လီဗာပူးက ချဲလ်ဆီးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။


အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မာနေးဟာ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ တိုက်စစ်သုံးယောက်ထားကစားတဲ့နည်းစနစ်မှာ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ မာနေးရဲ့ လက်ရှိ ခြေစွမ်းတွေကြောင့် အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ သူကိုခေါ်ယူဖို့အတွက် ရီးရဲလ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။


ချဲလ်ဆီးနဲ့ လီဗာပူးတို့ပွဲကို ကြည့်ရှုအပြီးမှာတော့ သူရဲ့တွစ်တာအကောင့်ကနေတဆင့် ဖာဘရီဂတ်စ်က “ ကျွန်တော်အနေ နဲ့ နောက်တစ်ခါထပ်ပြောရမလိုဖြစ်နေပါပြီ။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားက မာနေးပါ။ သူ သွင်းသွားတဲ့ သွင်းဂိုးနှစ်ဂိုးစလုံးဟာ သူရဲ့ စွမ်းဆောင်ရည်ကို ပေါ်လွင်စေပါတယ်။” လို့ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆု ဆန်ကာတင်စာရင်းမှာ မာနေးပါဝင်ခဲ့ပေမယ့် အကောင်းဆုံးဆုကိုတော့ မန်စီးတီး ကွင်းလယ်လူ ဒီဘရူနီက ရရှိသွားခဲ့ပါတယ်။


ဆက်လက်ပြီး ဖာဘရီဂတ်စ်က အသင်းဟောင်းကို ရောက်ရှိလာခဲ့တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့နဲ့ ပတ်သက်ပြီးတော့ လည်း ပြောခဲ့ပါတယ်။ ဖာဘရီဂတ်စ်က “ အခုချိန်မှာ သူတို့ရဲ့ခြေစွမ်းကို ဆုံးဖြတ်ဖို့အတွက် ခက်ပါသေးတယ်။ သူတို့နှစ် ယောက်စလုံးက လူငယ်ကစားသမားတွေဖြစ်ပြီး ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုပါ” လို့ ပြောခဲ့ပါ တယ်။ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ ဟာ ချဲလ်ဆီးအသင်းရဲ့ကစားခဲ့တဲ့ပွဲစဉ် နှစ်ပွဲစလုံးမှာ ပွဲထွက်ကစားခွင့်ရခဲ့ကြသူတွေ ဖြစ်ပါတယ်။

zawgyi version

လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကစားသမားက မာေနးဆိုၿပီး ခ်ီးက်ဴးလိုက္တဲ့ ဖာဘရီဂတ္စ္

ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ခ်ဲလ္ဆီးအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ မိုနာကိုကြင္းလယ္လူ ဖာဘရီဂတ္စ္ က လက္ရွိပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးကစားသမားက လီဗာပူးတိုက္စစ္မွဴး မာေနးျဖစ္တယ္ဆိုၿပီး ခ်ီးက်ဴးမႈ ျပဳ လုပ္ခဲ့ပါတယ္။ မာေနးဟာ လီဗာပူးက ခ်ဲလ္ဆီးကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲစဥ္မွာ အသင္းအတြက္ သြင္းဂိုးႏွစ္ဂိုးစလံုးကို သြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ မာေနးဟာ လီဗာပူးနည္းျပ ကေလာ့ပ္ရဲ႕ တိုက္စစ္သံုးေယာက္ထားကစားတဲ့နည္းစနစ္မွာ အဓိကတိုက္စစ္မွဴး တစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ၁၈ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ မာေနးရဲ႕ လက္ရွိ ေျခစြမ္းေတြေၾကာင့္ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ သူကိုေခၚယူဖို႔အတြက္ ရီးရဲလ္က စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးနဲ႔ လီဗာပူးတို႔ပြဲကို ၾကည့္ရႈအၿပီးမွာေတာ့ သူရဲ႕တြစ္တာအေကာင့္ကေနတဆင့္ ဖာဘရီဂတ္စ္က “ ကြ်န္ေတာ္အေန နဲ႔ ေနာက္တစ္ခါထပ္ေျပာရမလိုျဖစ္ေနပါၿပီ။ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးကစားသမားက မာေနးပါ။ သူ သြင္းသြားတဲ့ သြင္းဂိုးႏွစ္ဂိုးစလံုးဟာ သူရဲ႕ စြမ္းေဆာင္ရည္ကို ေပၚလြင္ေစပါတယ္။” လို႔ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကစားသမားဆု ဆန္ကာတင္စာရင္းမွာ မာေနးပါဝင္ခဲ့ေပမယ့္ အေကာင္းဆံုးဆုကိုေတာ့ မန္စီးတီး ကြင္းလယ္လူ ဒီဘရူနီက ရရွိသြားခဲ့ပါတယ္။
ဆက္လက္ၿပီး ဖာဘရီဂတ္စ္က အသင္းေဟာင္းကို ေရာက္ရွိလာခဲ့တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔နဲ႔ ပတ္သက္ၿပီးေတာ့ လည္း ေျပာခဲ့ပါတယ္။ ဖာဘရီဂတ္စ္က “ အခုခ်ိန္မွာ သူတို႔ရဲ႕ေျခစြမ္းကို ဆံုးျဖတ္ဖို႔အတြက္ ခက္ပါေသးတယ္။ သူတို႔ႏွစ္ ေယာက္စလံုးက လူငယ္ကစားသမားေတြျဖစ္ၿပီး ပရီးမီးယားလိဂ္က ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ၿပိဳင္ပြဲတစ္ခုပါ” လို႔ ေျပာခဲ့ပါ တယ္။ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ကစားခဲ့တဲ့ပြဲစဥ္ ႏွစ္ပြဲစလံုးမွာ ပြဲထြက္ကစားခြင့္ရခဲ့ၾကသူေတြ ျဖစ္ပါတယ္။