ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးပွဲမှာပဲ စံချိန်မှတ်တမ်းကောင်းတစ်ခု ရယူလိုက်နိုင်တဲ့ လီဗာပူးကစားသမားသစ် အဲလ်ကန်တာရာ

ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ အဲလ်ကန်တာရာအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ပွဲမှာပဲ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။ ချဲလ်ဆီးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ အဲလ်ကန်တာရာအနေနဲ့ ဒုတိယပိုင်းမှာမှ အသင်းခေါင်းဆောင်ဟန်ဒါဆန်အစား လူစားဝင်ရောက်ကစားခဲ့ပေမယ့် ဘောလုံးပေးပို့မှု အကြိမ် ၇၅ ကြိမ်အထိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။


ဒုတိယပိုင်းမှာမှ ဝင်ကစားခဲ့တဲ့ အဲလ်ကန်တာရာရဲ့ ဘောလုံးပေးပို့မှုဟာ ပြိုင်ဘက်ချဲလ်ဆီးအသင်းကစားသမား တစ် ယောက်ချင်းစီရဲ့ ဘောလုံးပေးပို့မှုထက် သာလွန်ခဲ့ပြီး အချက်အလက်မှတ်တမ်းတွေကို ကောက်ယူတဲ့ Opta ရဲ့ စတင် ခဲ့တဲ့ ၂၀၀၃-၀၄ ဘောလုံးရာသီနောက်ပိုင်းမှာလည်း ၄၅ မိနစ်အတွင်း ဘောလုံးပေးပို့မှုအများဆုံး ပြုလုပ်နိုင်တယ်ဆိုတဲ့ မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။


ချဲလ်ဆီးကို အနိုင်ရတဲ့ပွဲမှာ အဲလ်ကန်တာရာအနေနဲ့ တီမိုဝါနာကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပေမယ့် ဂိုးသမား အလစ်ဆန်က ကာကွယ်နိုင်ခဲ့လို့သာ လီဗာပူးတို့ ချေပဂိုးမပေးခဲ့ရတာဘဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအနေနဲ့ ရာသီအစအဖွင့်ပွဲစဉ် နှစ်ပွဲစလုံးကို အနိုင်ရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူး ဟာ လာမယ့်အင်္ဂါနေ့မှာတော့ အသင်းငယ်တစ်သင်းဖြစ်တဲ့ လင်ကွန်းစီးတီးနဲ့ လိဂ်ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ် ပါတယ်။


အဲလ်ကန်တာရာဟာ ပြီးခဲ့တဲ့သောကြာနေ့ကမှ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးကို ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ပြောင်းရွှေ့ ဖို့အတွက် သဘောတူညီမှု ရခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ အသင်းအတွက် ပါဝင်ကစားခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးအ တွက် ပထမဆုံးကစားခွင့်ရခဲ့တဲ့ပွဲမှာပဲ အဲလ်ကန်တာရာအနေနဲ့ ခြေစွမ်းပြပြီး အသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံးထိန်း ကျောင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ရဲ႕ ပထမဆံုးပြဲမွာပဲ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခု ရယူလိုက္ႏိုင္တဲ့ လီဗာပူးကစားသမားသစ္ အဲလ္ကန္တာရာ
ဘိုင္ယန္ျမဴးနစ္ကေန လီဗာပူးကို ေျပာင္းေရႊ႕လာခဲ့တဲ့ ကြင္းလယ္လူ အဲလ္ကန္တာရာအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ပထမဆံုး ပြဲမွာပဲ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို ရရွိခဲ့ပါတယ္။ ခ်ဲလ္ဆီးကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာ အဲလ္ကန္တာရာအေနနဲ႔ ဒုတိယပိုင္းမွာမွ အသင္းေခါင္းေဆာင္ဟန္ဒါဆန္အစား လူစားဝင္ေရာက္ကစားခဲ့ေပမယ့္ ေဘာလံုးေပးပို႔မႈ အၾကိမ္ ၇၅ ၾကိမ္အထိ ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။
ဒုတိယပိုင္းမွာမွ ဝင္ကစားခဲ့တဲ့ အဲလ္ကန္တာရာရဲ႕ ေဘာလံုးေပးပို႔မႈဟာ ၿပိဳင္ဘက္ခ်ဲလ္ဆီးအသင္းကစားသမား တစ္ ေယာက္ခ်င္းစီရဲ႕ ေဘာလံုးေပးပို႔မႈထက္ သာလြန္ခဲ့ၿပီး အခ်က္အလက္မွတ္တမ္းေတြကို ေကာက္ယူတဲ့ Opta ရဲ႕ စတင္ ခဲ့တဲ့ ၂၀၀၃-၀၄ ေဘာလံုးရာသီေနာက္ပိုင္းမွာလည္း ၄၅ မိနစ္အတြင္း ေဘာလံုးေပးပို႔မႈအမ်ားဆံုး ျပဳလုပ္ႏိုင္တယ္ဆိုတဲ့ မွတ္တမ္းဝင္ခဲ့တယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးကို အႏိုင္ရတဲ့ပြဲမွာ အဲလ္ကန္တာရာအေနနဲ႔ တီမိုဝါနာကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ပင္နယ္တီေပးခဲ့ရေပမယ့္ ဂိုးသမား အလစ္ဆန္က ကာကြယ္ႏိုင္ခဲ့လို႔သာ လီဗာပူးတို႔ ေခ်ပဂိုးမေပးခဲ့ရတာဘဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအေနနဲ႔ ရာသီအစအဖြင့္ပြဲစဥ္ ႏွစ္ပြဲစလံုးကို အႏိုင္ရဖို႔အတြက္ ရုန္းကန္ခဲ့ရပါတယ္။ လီဗာပူး ဟာ လာမယ့္အဂၤါေန႔မွာေတာ့ အသင္းငယ္တစ္သင္းျဖစ္တဲ့ လင္ကြန္းစီးတီးနဲ႔ လိဂ္ဖလားၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ ပါတယ္။
အဲလ္ကန္တာရာဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔ကမွ ဘိုင္ယန္ျမဴးနစ္ကေန လီဗာပူးကို ေပါင္သန္း ၂၀ နဲ႔ အၿပီးသတ္ေျပာင္းေရႊ႕ ဖို႔အတြက္ သေဘာတူညီမႈ ရခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔မွာ အသင္းအတြက္ ပါဝင္ကစားခဲ့တာပဲ ျဖစ္ပါတယ္။ လီဗာပူးအ တြက္ ပထမဆံုးကစားခြင့္ရခဲ့တဲ့ပြဲမွာပဲ အဲလ္ကန္တာရာအေနနဲ႔ ေျခစြမ္းျပၿပီး အသင္းရဲ႕ကြင္းလယ္ကို အေကာင္းဆံုးထိန္း ေက်ာင္းႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။