လေးဂိုးသွင်းတဲ့ ဆွန်ဟောင်မင် ထက် လေးဂိုးဖန်တီးပြီး တစ်ဂိုးသွင်းတဲ့ ဟယ်ရီကိန်းက အကောင်းဆုံးရသင့်တယ်လို့ နောက်ပြောင်ခဲ့တဲ့ မော်ရင်ဟို

စပါးအနေနဲ့ ဆောက်သမ်တန်ကို ငါးဂိုးနှစ်ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီး အသင်းအတွက် လေးဂိုးသွင်းပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့ ဆွန်ဟောင်မင်ကို အင်တာဗျူးနေရာမှာတော့ နည်းပြ မော်ရင်ဟိုက ကြားဖြတ် ဝင်ရောက်ပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဟယ်ရီကိန်းရသင့်တယ်လို့ နောက်ပြောင်ခဲ့ကြောင်း သိရပါတယ်။ ဟယ်ရီကိန်းဟာ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးလေးဂိုးစလုံးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူခဲ့ပါတယ်။


ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ရှုံးခဲ့သလို ပြီးခဲ့တဲ့ကြားရက်မှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲရဖို့ ရုန်း ကန်ခဲ့ရတဲ့ စပါးဟာ ဆောက်သမ်တန်နဲ့ပွဲမှာလည်း ဒန်နီအင့်စ်ရဲ့ ဦးဆောင်ဂိုးကြောင်း နောက်ကနေလိုက်ကစားခဲ့ရပြီးမှာ ဂိုးပြတ်နိုင်ပွဲရခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲဆက်များနေမှုကြောင့် ဖိအားများနေတဲ့ နည်းပြမော်ရင်ဟိုအတွက် ဆောက်သမ်တန် ကို အနိုင်ရတဲ့ပွဲက ဖိအားနည်းစေခဲ့ပါတယ်။


ပွဲအပြီးမှာ အသင်းအတွက် လေးဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့ ဆွန်ဟောင်မင်ကို ဘီဘီစီ သတင်းဌာနက အင်တာဗျူးနေချိန်မှာတော့ မော်ရင်ဟိုက ကြားဖြတ်ဝင်ရောက်ပြီး ကျွန်တော်အတွက် ဒီပွဲရဲ့အကောင်း ဆုံးကစားသမားက ဟယ်ရီကိန်းပါလို့ နောက်ပြောင်ပြောဆိုခဲ့တာပါ။ ဒါကိုလည်း ဆွန်ဟောင်မင်ကလည်း မော်ရင်ဟိုနဲ့ အတူ ရယ်မောပြီး ဟယ်ရီကိန်းက အကောင်းဆုံးရသင့်တဲ့သူပါဆိုပြီး ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


ပွဲအပြီးမှာတော့ ဆွန်ဟောင်မင်က သူရဲ့တွစ်တာအကောင့်မှာ ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်တစ်ပွဲတည်းမှာ သွင်းဂိုးလေးဂိုးကို ပထမဆုံးအကြိမ်သွင်းယူနိုင်ခဲ့တာကြောင့် ပျော်ရွှ့င်မိကြောင်းနဲ့ သူကို ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေဖန်တီးပေးခဲ့တဲ့ ဟယ်ရီကိန်းကို ကျေးဇူးတင်ကြောင်း ရေးပြီးတင်ခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုက အသင်းခေါင်းဆောင်ဟယ်ရီကိန်း အနေနဲ့ ပွဲအဖြေကို ပြောင်းလဲအောင်ပြုလုပ်နိုင်တဲ့သူလို့ ချီးကျူးခဲ့ပါတယ်။

zawgyi version

ေလးဂိုးသြင္းတဲ့ ဆြန္ေဟာင္မင္ ထက္ ေလးဂိုးဖန္တီးၿပီး တစ္ဂိုးသြင္းတဲ့ ဟယ္ရီကိန္းက အေကာင္းဆံုးရသင့္တယ္လို႔ ေနာက္ေျပာင္ခဲ့တဲ့ ေမာ္ရင္ဟို
စပါးအေနနဲ႔ ေဆာက္သမ္တန္ကို ငါးဂိုးႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲအၿပီး အသင္းအတြက္ ေလးဂိုးသြင္းၿပီး ဒီပြဲရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရခဲ့တဲ့ ဆြန္ေဟာင္မင္ကို အင္တာဗ်ဴးေနရာမွာေတာ့ နည္းျပ ေမာ္ရင္ဟိုက ၾကားျဖတ္ ဝင္ေရာက္ၿပီး ဒီပြဲရဲ႕ အေကာင္းဆံုးကစားသမားဆုကို ဟယ္ရီကိန္းရသင့္တယ္လို႔ ေနာက္ေျပာင္ခဲ့ေၾကာင္း သိရပါတယ္။ ဟယ္ရီကိန္းဟာ ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးေလးဂိုးစလံုးကို ဖန္တီးေပးခဲ့ၿပီး ကိုယ္တိုင္လည္း တစ္ဂိုးသြင္းယူခဲ့ပါတယ္။
ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ အဲဗာတန္အသင္းကို ရႈံးခဲ့သလို ၿပီးခဲ့တဲ့ၾကားရက္မွာလည္း ယူရိုပါလိဂ္ၿပိဳင္ပြဲမွာ ႏိုင္ပြဲရဖို႔ ရုန္း ကန္ခဲ့ရတဲ့ စပါးဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း ဒန္နီအင့္စ္ရဲ႕ ဦးေဆာင္ဂိုးေၾကာင္း ေနာက္ကေနလိုက္ကစားခဲ့ရၿပီးမွာ ဂိုးျပတ္ႏိုင္ပြဲရခဲ့တာပဲ ျဖစ္ပါတယ္။ ပြဲဆက္မ်ားေနမႈေၾကာင့္ ဖိအားမ်ားေနတဲ့ နည္းျပေမာ္ရင္ဟိုအတြက္ ေဆာက္သမ္တန္ ကို အႏိုင္ရတဲ့ပြဲက ဖိအားနည္းေစခဲ့ပါတယ္။
ပြဲအၿပီးမွာ အသင္းအတြက္ ေလးဂိုးသြင္းယူေပးႏုိင္ခဲ့ၿပီး အေကာင္းဆံုးကစားသမားဆုကို ရခဲ့တဲ့ ဆြန္ေဟာင္မင္ကို ဘီဘီစီ သတင္းဌာနက အင္တာဗ်ဴးေနခ်ိန္မွာေတာ့ ေမာ္ရင္ဟိုက ၾကားျဖတ္ဝင္ေရာက္ၿပီး ကြ်န္ေတာ္အတြက္ ဒီပြဲရဲ႕အေကာင္း ဆံုးကစားသမားက ဟယ္ရီကိန္းပါလို႔ ေနာက္ေျပာင္ေျပာဆိုခဲ့တာပါ။ ဒါကိုလည္း ဆြန္ေဟာင္မင္ကလည္း ေမာ္ရင္ဟိုနဲ႔ အတူ ရယ္ေမာၿပီး ဟယ္ရီကိန္းက အေကာင္းဆံုးရသင့္တဲ့သူပါဆိုၿပီး ျပန္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
ပြဲအၿပီးမွာေတာ့ ဆြန္ေဟာင္မင္က သူရဲ႕တြစ္တာအေကာင့္မွာ ပရီးမီးယားလိဂ္ရဲ႕ပြဲစဥ္တစ္ပြဲတည္းမွာ သြင္းဂိုးေလးဂိုးကို ပထမဆံုးအၾကိမ္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ေပ်ာ္ရႊ႔င္မိေၾကာင္းနဲ႔ သူကို ဂိုးသြင္းယူႏိုင္ဖို႔ အခြင့္အေရးေတြဖန္တီးေပးခဲ့တဲ့ ဟယ္ရီကိန္းကို ေက်းဇူးတင္ေၾကာင္း ေရးၿပီးတင္ခဲ့တယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုက အသင္းေခါင္းေဆာင္ဟယ္ရီကိန္း အေနနဲ႔ ပြဲအေျဖကို ေျပာင္းလဲေအာင္ျပဳလုပ္ႏိုင္တဲ့သူလို႔ ခ်ီးက်ဴးခဲ့ပါတယ္။